Saturday, October 25, 2014

မော်ရင်ဟိုမှာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး နည်းပြဟု နည်းပြ လူးဝစ္စဗန်ဂါးလ် ချီးကျူး

Photo: မော်ရင်ဟိုမှာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး နည်းပြဟု နည်းပြ လူးဝစ္စဗန်ဂါးလ် ချီးကျူး
Saturday, October 25, 2014

မန်ယူနှင့် ချဲလ်ဆီး ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီတွင် နည်းပြဗန်ဂါးလ်က ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ချီကျူးမှုများ ပြုလုပ် လိုက် သည်။ မော်ရင်ဟို နည်းပြမဖြစ်မီ ဘာစီလိုနာတွင် မိမိလက်ထောက် အဖြစ် ရှိစဉ်ကတည်းက မော်ရင်ဟို၏ အရည်အသွေးများကို သတိ ထားမိခဲ့ကြောင်း နည်းပြ လူးဝစ္စဗန်ဂါးလ်ကဆိုသည်။
 
ဘာစီလိုနာတွင် နည်းပြဗန်ဂါးလ်နှင့် လက်ထောက်အဖြစ် ရှိခဲ့ရသည့် အချိန်များကို မိမိ၏ လက်ရှိဘဝ အတွက် အောင်မြင်မှု များစွာပေးသည့် အတွက် ကျေးဇူး တင်မိကြောင်း မော်ရင်ဟိုက ပြောကြား ထားဖူးသည်။ မော်ရင်ဟို၏ အရည်အသွေးကို အသိအမှတ်ပြုသောကြောင့်ပင် ကက်တလန်ညာဖလား(ကက်တလန်ဒေသတွင်း ဖလား)ပွဲစဉ်အချို့တွင် ကြီးကြပ်ခွင့်ပေးခဲ့ကြောင်း နည်းပြ ဗန်ဂါးလ်က ပြန်လည်ပြောပြခဲ့သည်။ ‘‘ အခုပြောတာက ကြီးကျယ်တဲ့ နည်းစနစ်တွေအကြောင်းတော့မဟုတ်ပါဘူး။ အခုမော်ရင်ဟို သူ့အသင်းကို ချထားတဲ့ ကစားကွက်ပုံစံအတိုင်း ကျွန်တော့် အသင်းကိုလည်း ဖြစ်စေချင်တယ်။ ကျွန်တော်တို့ကြား ထဲမှာ လျှို့ဝှက်ချက်တွေလည်း မရှိပါဘူး’’ နည်းပြ ဗန်ဂါးလ်ကဆိုသည်။
 
‘‘ ဘာစီလိုနာမှာ သူ(မောရင်ဟို)ပညာတွေ အများကြီး လေ့လာစရာ ရခဲ့တယ်ဆိုတာ ကိုပြောတယ်။ ဒါမေပယ့် လူးဝစ္စဗန်ဂါးလ် တစ်ယောက်တည်းဆီ ကလို့ ပြောတာ မဟုတ်ပါဘူး။ ဘော်ဘီရော့ဆင်လည်း ပါတာပေါ့။ ဒါကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက သူ့လမ်း သူဖောက်ခဲ့တာပါ’’ ဟုနည်းပြဗန်ဂါးလ်က ချီးခဲ့သည်။ မော်ရင်ဟိုသည် ယခုအခါ အောင်မြင်သောနည်းပြတစ်ဦးဖြစ်ရုံသာမက မတူညီသော နိုင်ငံများတွင် ဖလားများစွာ ရယူထားသူဖြစ်ကြောင်း ဆရာဟောင်း ဗန်ဂါးလ်က ပြောသည်။
 
လက်ရှိနည်းပြလောကထဲတွင် မော်ရင်ဟိုမှာ သိက္ခာအရှိဆုံးနည်းပြ တစ်လည်းဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် အတော်ဆုံးနည်းပြဟု လူးဝစ္စဗန်ဂါးလ်က ချီးကျူးခဲ့သည်။

Soccer Myanmar
မန်ယူနှင့် ချဲလ်ဆီး ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီတွင် နည်းပြဗန်ဂါးလ်က ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက ချီကျူးမှုများ ပြုလုပ် လိုက် သည်။ မော်ရင်ဟို နည်းပြမဖြစ်မီ ဘာစီလိုနာတွင် မိမိလက်ထောက် အဖြစ် ရှိစဉ်ကတည်းက မော်ရင်ဟို၏ အရည်အသွေးများကို သတိ ထားမိခဲ့ကြောင်း နည်းပြ လူးဝစ္စဗန်ဂါးလ်ကဆိုသည်။
ဘာစီလိုနာတွင် နည်းပြဗန်ဂါးလ်နှင့် လက်ထောက်အဖြစ် ရှိခဲ့ရသည့် အချိန်များကို မိမိ၏ လက်ရှိဘဝ အတွက် အောင်မြင်မှု များစွာပေးသည့် အတွက် ကျေးဇူး တင်မိကြောင်း မော်ရင်ဟိုက ပြောကြား ထားဖူးသည်။ မော်ရင်ဟို၏ အရည်အသွေးကို အသိအမှတ်ပြုသောကြောင့်ပင် ကက်တလန်ညာဖလား(ကက်တလန်ဒေသတွင်း ဖလား)ပွဲစဉ်အချို့တွင် ကြီးကြပ်ခွင့်ပေးခဲ့ကြောင်း နည်းပြ ဗန်ဂါးလ်က ပြန်လည်ပြောပြခဲ့သည်။ ‘‘ အခုပြောတာက ကြီးကျယ်တဲ့ နည်းစနစ်တွေအကြောင်းတော့မဟုတ်ပါဘူး။ အခုမော်ရင်ဟို သူ့အသင်းကို ချထားတဲ့ ကစားကွက်ပုံစံအတိုင်း ကျွန်တော့် အသင်းကိုလည်း ဖြစ်စေချင်တယ်။ ကျွန်တော်တို့ကြား ထဲမှာ လျှို့ဝှက်ချက်တွေလည်း မရှိပါဘူး’’ နည်းပြ ဗန်ဂါးလ်ကဆိုသည်။

‘‘ ဘာစီလိုနာမှာ သူ(မောရင်ဟို)ပညာတွေ အများကြီး လေ့လာစရာ ရခဲ့တယ်ဆိုတာ ကိုပြောတယ်။ ဒါမေပယ့် လူးဝစ္စဗန်ဂါးလ် တစ်ယောက် တည်းဆီ ကလို့ ပြောတာ မဟုတ်ပါဘူး။ ဘော်ဘီရော့ဆင်လည်း ပါတာပေါ့။ ဒါကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက သူ့လမ်း သူဖောက်ခဲ့တာပါ’’ ဟုနည်းပြဗန်ဂါးလ်က ချီးခဲ့သည်။ မော်ရင်ဟိုသည် ယခုအခါ အောင်မြင်သော နည်းပြတစ်ဦးဖြစ်ရုံသာမက မတူညီသော နိုင်ငံများတွင် ဖလားများစွာ ရယူထားသူဖြစ်ကြောင်း ဆရာဟောင်း ဗန်ဂါးလ်က ပြောသည်။

လက်ရှိနည်းပြလောကထဲတွင် မော်ရင်ဟိုမှာ သိက္ခာအရှိဆုံးနည်းပြ တစ်လည်းဖြစ်သည့်အပြင် ကမ္ဘာပေါ်တွင် အတော်ဆုံးနည်းပြဟု လူးဝစ္စဗန်ဂါးလ်က ချီးကျူးခဲ့သည်။

Soccer Myanmar

No comments:

Post a Comment