Tuesday, October 28, 2014

တိုင်းရင်းသားများ အခွင့်အရေးအပြည့်အ၀ရရှိရေး ကူညီမည်ဟု မြစ်ကြီးနားမြို့ရောက် ကန်သံအမတ်ပြောကြား

ကချင်ပြည်နယ် အခြေအနေများကို လေ့လာနိုင်ရန် တတိယ အကြိမ်အဖြစ် လာရောက်သော အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် မစ္စတာ ဒဲရစ်မစ်ချယ်က အမေရိကန် အစိုးရအနေဖြင့် ဖိအားပေးသည့် သဘောဖြင့်ပါဝင်သွားမည်မဟုတ်ဘဲ ဒီမိုကရေစီနည်းလမ်းတကျဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေး အပြည့်အ၀ရရန် ကူညီသွားမည်ဟု ကတိပြုခဲ့ကြောင်း မြစ်ကြီးနားမြို့တွင် သံအမတ်နှင့် တွေ့ဆုံခဲ့သော အသင်းအဖွဲ့များထံမှ သိရသည်။

အမေရိကန်သံရုံးမှ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်၌ဖားကန့်တွင် အစိုးရတပ်များနှင့်ကေအိုင်အေ တပ်များအကြားတင်းမာနေမှုများကို အလွန်စိုးရိမ်ပူပန်မိကြောင်း ပြောကြားထားသည်။

အမေရိကန်သံအမတ်သည် မြစ်ကြီးနားမြို့သို့အောက်တိုဘာ ၂၄ ရက်မှ ၂၇ရက်အထိ လာ ရောက်ခဲ့ပြီး ကချင်ပြည်နယ်အစိုး ရအပါအ၀င် မြစ်ကြီးနားရှိကချင် လွတ်မြောက်ရေးအဖွဲ့(ကေအိုင် အိုအလုပ်အဖွဲ့)၊ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ ဘာ သာရေးခေါင်းဆောင်များ၊ ကချင် ပြည်နယ်တွင်းရှိ နိုင်ငံရေးပါတီ များ၊ ကချင်အတိုင်ပင်ခံအဖွဲ့၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် များနှင့်တွေ့ဆုံခဲ့ပြီး စစ်ဘေးဒုက္ခ သည် စခန်းများသို့လည်း သွား ရောက်ခဲ့သည်။

‘‘မြစ်ကြီးနားကို လာတဲ့အ ချိန်မှာ IDP Campတွေရဲ့အခြေ အနေနဲ့ သူရောက်ခဲ့တဲ့အကြောင်း၊လိုအပ်တဲ့ ကျန်းမာရေး၊ ပညာ ရေးကို ကူညီဆောင်ရွက်သွားမယ့် အကြောင်းနဲ့ သူတွေ့သင့်၊ တွေ့ ထိုက်တယ်ဆိုတဲ့လူတွေကို တွေ့ ဆုံတဲ့ကိစ္စတွေပါပဲ’’ ဟု ကချင် ပြည်နယ်ဝန်ကြီးချုပ်က အမေရိ ကန် သံအမတ်နှင့် တွေ့ဆုံပြီး နောက်ပြောကြားခဲ့သည်။

အမေရိကန် သံအမတ်နှင့် တွေ့ဆုံစဉ် ဖားကန့်တွင်တင်းမာ နေသည့်အနေအထားကို ပြောပြ ပြီး တပ်မတော်ကဖားကန့်ရှိ ကေ အိုင်အေတပ်ရင်းကို နောက်ဆုတ် ခိုင်းခြင်းသည် ငြိမ်းချမ်းရေးကိုမလိုလားသည့် အဓိပ္ပာယ်ဖြစ်နေ ကြောင်း ဆွေးနွေးပြောကြားခဲ့ သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC)မှ အတွင်း ရေးမှူးဒေါက်တာခလမ်ဆပ်ဆွန် ကပြောကြားသည်။

ဖားကန့်တွင် တင်းမာနေ သည့် ကိစ္စ ပြဿနာဖြစ်ပါက နှစ်ဖက် သဘောတူ ဖွင့်လှစ်ထား သည့် ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့မှတစ်ဆင့် ဖြေရှင်းသင့်ကြောင်း ကေအိုင်အေအလုပ်အဖွဲ့က အ မေရိကန် သံအမတ်အားပြောကြား ခဲ့ကြောင်း အလုပ်အဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြော ကြားသည်။

7 Day Daily

No comments:

Post a Comment