Friday, October 10, 2014

ယီမင်ကို မနိုင်သော်လည်း ထိုင်းနှင့်ပွဲအတွက် ယုံကြည်မှု အပြည့်ရှိဟုဆို

၂၀၁၄ အာရှယူ-၁၉ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်းသည် ယီမင်အသင်းကို သရေကျခဲ့ပြီး ရမှတ် ဆုံးရှုံးခဲ့သော်လည်း ထိုင်းအသင်းနှင့် ဒုတိယပွဲစဉ်အတွက် ယုံကြည် မှုအပြည့်ရှိကြောင်း မြန်မာယူ- ၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်း ဒရစ်ကပြောသည်။

‘‘မြန်မာအသင်းအနေနဲ့ ယီမင်အသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အတွက်
သရေကျခဲ့ခြင်း ဖြစ်ပါတယ်။ ပွဲဦးထွက် ပွဲစဉ်မှာ ရမှတ်နှစ်မှတ်ဆုံးရှုံးခဲ့ပေမယ့် နောက်ပွဲတွေမှာ ရလဒ်ကောင်းအောင် ကြိုးစားသွားမှာဖြစ်ပါ တယ်။ ထိုင်းအသင်းရဲ့ ကစားပုံ၊ နည်းစနစ်နဲ့ ပတ်သက်ပြီး လေ့ လာထားပြီး ဖြစ်တဲ့အတွက် ထိုင်းနဲ့ ရင်ဆိုင်မယ့်ပွဲစဉ်အတွက် ယုံ ကြည်ချက်ရှိပါတယ်’’ဟု အောက်တိုဘာ ၉ ရက်က ယီမင်အသင်း နှင့် ဂိုးမရှိသရေကျသည့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် မစ္စ တာ ဂတ်ကပြောသည်။ ဒေသတွင်း ပြိုင်ဆိုင်မှုပြင်းထန်သော မြန်မာနှင့် ထိုင်းအသင်းတို့ပွဲမှာ အောက်တိုဘာ ၁၁ ရက် ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment