Saturday, October 25, 2014

ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်ရေး သောင်တူးစက် များဖြင့် ပြုပြင်ဆောင် ရွက် သွားမည်

Photo: ချင်းတွင်းမြစ်ရေလမ်းကြောင်းကောင်းမွန်ရေး သောင်တူးစက် များဖြင့် ပြုပြင်ဆောင် ရွက် သွားမည်
Saturday, October 25, 2014  

ချင်း တွင်းမြစ်ရေသည် ယခုနှစ် မိုးကုန် ရာသီတွင် ယခင်နှစ်များ ထက် မြစ် ရေကျဆင်းမှု ကြီးမားလျက်ရှိရာ မုံ ရွာ-ကလေးဝ-ဟုမ္မလင်းချင်းတွင်း ရေကြောင်းခရီးစဉ်တွင် မင်းကင်း ဆိပ်ကမ်းသည် သဲသောင်ပြင်များ စောစီးစွာ ပေါ်ထွန်းလာနေခြင်း ကြောင့် ရေယာဉ်များ ဆိုက်ကပ်ရန် ခက်ခဲမှုများ ရှိလာသည့်အတွက် ရေလမ်းကြောင်း ကောင်းမွန်စေ ရန် သောင်တူး စက်ယန္တရားကြီး များဖြင့် ရေလမ်းကြောင်းကို ပြု ပြင်သွားမည်ဖြစ်ကြောင်း မုံရွာမြို့ ရေယာဉ်များစနစ်တကျ ပြေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

ချင်းတွင်းမြစ်ရေကျဆင်းချိန် နွေရာသီကာလတွင် မုံရွာမှ ဟုမ္မ လင်းမြို့အကြား ရေကြောင်းကျပ် သည့် နေရာပေါင်း ၄ဝကျော်ရှိရာ မင်းကင်း၊ မော်လိုက်ဆိပ်ကမ်းများ လည်း ပါဝင်သည်ဟု သိရသည်။ 

ယခုအခါ မင်းကင်းမြို့အဝင် ချင်း တွင်းမြစ်ဆိပ်ကမ်းရေကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အောက်တိုဘာ ၁၈ရက်မှစတင်၍ ရေကြောင်းရှင်း လင်းရေး သောင်တူးဖော်မှုလုပ် ငန်းများဆောင်ရွက်နေပြီဖြစ်သည်။
''မြစ်ရေကျချိန် ဆောင်းကုန် ရာသီကစလို့ မင်းကင်းမြို့နဲ့ တစ် မိုင်လောက်ဝေးတဲ့ မင်းကင်းအထက် ဘက် တောင်ယာတောရွာဆိပ်ကမ်း မှာ ရေယာဉ်တွေ ဆိုက်ကပ်နေရပါ တယ်''ဟု မင်းကင်းမြို့ ဒေသခံတစ် ဦးကပြောသည်။

ဆောင်းအဝင်ရာသီဖြစ်သည့် အောက်တိုဘာလကုန်ရက်ပိုင်းတွင် မုံရွာမြို့နှင့် ကလေးဝမြို့အကြား ရေ ကြောင်းကျပ်သည့်နေရာ လေးနေ ရာရှိနေပြီး မင်းကင်းမြို့အဝင်နေရာ သည် ရေယာဉ်သွားလာရေးအခက် ခဲဆုံးနေရာဖြစ်ကြောင်း မုံရွာ-ဟုမ္မ လင်းရေယာဉ်မောင်းတစ်ဦးကပြော သည်။

MOS
Yangon Media Group
ချင်းတွင်းမြစ်ရေသည် ယခုနှစ်မိုးကုန်ရာသီတွင် ယခင်နှစ်များထက် မြစ် ရေကျဆင်းမှု ကြီးမားလျက်ရှိရာ မုံ ရွာ-ကလေးဝ-ဟုမ္မလင်းချင်း တွင်း ရေကြောင်းခရီးစဉ်တွင် မင်းကင်း ဆိပ်ကမ်းသည် သဲသောင်ပြင်များ စောစီးစွာ ပေါ်ထွန်းလာနေခြင်း ကြောင့် ရေယာဉ်များ ဆိုက်ကပ်ရန် ခက်ခဲမှုများ ရှိလာသည့်အတွက် ရေလမ်းကြောင်း ကောင်းမွန်စေ ရန် သောင်တူး စက်ယန္တရားကြီး များဖြင့် ရေလမ်းကြောင်း ကို ပြု ပြင် သွားမည်ဖြစ်ကြောင်း မုံရွာမြို့ ရေယာဉ်များစနစ်တကျ ပြေးဆွဲရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
ချင်းတွင်းမြစ်ရေကျဆင်းချိန် နွေရာသီကာလတွင် မုံရွာမှ ဟုမ္မ လင်းမြို့အကြား ရေကြောင်းကျပ် သည့် နေရာပေါင်း ၄ဝကျော်ရှိရာ မင်းကင်း၊ မော်လိုက်ဆိပ်ကမ်းများ လည်း ပါဝင်သည်ဟု သိရသည်။

ယခုအခါ မင်းကင်းမြို့အဝင် ချင်း တွင်းမြစ်ဆိပ်ကမ်းရေကြောင်းကို စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အောက်တိုဘာ ၁၈ရက်မှစတင်၍ ရေကြောင်းရှင်း လင်းရေး သောင်တူးဖော်မှုလုပ် ငန်းများဆောင်ရွက်နေပြီဖြစ်သည်။
''မြစ်ရေကျချိန် ဆောင်းကုန် ရာသီကစလို့ မင်းကင်းမြို့နဲ့ တစ် မိုင်လောက်ဝေးတဲ့ မင်းကင်းအထက် ဘက် တောင်ယာတောရွာဆိပ်ကမ်း မှာ ရေယာဉ်တွေ ဆိုက်ကပ်နေရပါ တယ်''ဟု မင်းကင်းမြို့ ဒေသခံတစ် ဦးကပြောသည်။

ဆောင်းအဝင်ရာသီဖြစ်သည့် အောက်တိုဘာလကုန်ရက်ပိုင်းတွင် မုံရွာမြို့နှင့် ကလေးဝမြို့အကြား ရေ ကြောင်းကျပ်သည့်နေရာ လေးနေ ရာရှိနေပြီး မင်းကင်းမြို့အဝင်နေရာ သည် ရေယာဉ်သွားလာရေးအခက် ခဲဆုံးနေရာဖြစ်ကြောင်း မုံရွာ-ဟုမ္မ လင်းရေယာဉ်မောင်းတစ်ဦးကပြော သည်။

MOS
Yangon Media Group

No comments:

Post a Comment