Friday, October 3, 2014

ပြည်တွင်း၌ တစ်ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၁၃၀ ကျော်မှ ပြစ်မှုကျူးလွန်သူ ၁၈၄ ဦးအား ဖမ်းဆီးရမိ

Photo: ပြည်တွင်း၌ တစ်ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၁၃၀ ကျော်မှ ပြစ်မှုကျူးလွန်သူ ၁၈၄ ဦးအား ဖမ်းဆီးရမိ 
Friday, October 3, 2014

ပြည်တွင်း၌ တစ်ပတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အမှုပေါင်း ၁၃ဝ ကျော်မှ ပြစ်မှုကျူးလွန်သူ ၁၈၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂ ရက်တွင် စုံစမ်းသိရသည်။   ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ ၂၈ ရက်အထိ အမှုပေါင်း ၁၃၉ မှု ဖမ်းဆီးခဲ့ရာတွင် အမျိုးသား ၁၅၈ ဦး၊ အမျိုးသမီး ၂၆ ဦးနှင့် စုစုပေါင်း ကျူးလွန်သူ ၁၈၄ ဦးအား ဥပဒေအရ အရေးယူခဲ့ကြောင်း သိရသည်။ 

  အဆိုပါ တစ်ပတ်အတွင်း ဘိန်း ၁ဝ မှု အလေးချိန် ၂၈ ဒသမ ၁၇၂၇ ကီလို၊ ဘိန်းဖြူ  ၅၄ မှု အလေးချိန် ၈ ဒသမ ၄၁၉၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ မှု ဆေးပြား အရေအတွက် ၅၄၇၈၃၁ ပြား၊ အဆင့်နိမ့် ဘိန်း ခုနစ်မှု အလေးချိန် ဝ ဒသမ ၃၇၄၈ ကီလို၊ ဘိန်းဆီခဲ ငါးမှု အလေးချိန် ၂ ဒသမ ၈၂၃၆ ကီလို၊ ဆေးခြောက် နှစ်မှု အလေးချိန် ဝ ဒသမ ၈၄၄၅ ကီလို စသည့် အမှုပေါင်း ၁၃၉ မှုအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။   စက်တင်ဘာ ၂၈ ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည့် မူးယစ်ဆေးဝါးဖြစ်စဉ်တစ်ခုမှာ ပင်လောင်းမြို့နယ်၊ မိုးဦးကျေးရွာနှင့် နမ့်ဖာမူကျေးရွာသွား ကားလမ်းမပေါ်တွင် မူးယစ်တပ်ဖွဲ့စုက ရှာဖွေရေးဆောင်ရွက်နေစဉ် မိုးဦးကျေးရွာဘက်မှ မောင်းနှင်လာသော ၅ဃ/ ၃......... နံပါတ်ပါ SURF အမျိုးအစား မော်တော်ယာဉ်တစ်စီးသည် ရှာဖွေရေးဆောင်ရွက်နေသည့်နေရာနှင့် ကိုက် ၅ဝ အကွာတွင် မော်တော်ယာဉ်အားရပ်၍ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။   အဆိုပါယာဉ်ပေါ်မှ ဆာလာအိတ် ငါးအိတ်အတွင်းမှ ဘိန်းစိမ်း အလေးချိန် ၈၈ ဒသမ ၂၈ ကီလို သိမ်းဆည်းခဲ့သဖြင့် ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment