Friday, October 3, 2014

Fair Lady ပြိုင်ကားတစီး လိုင်စင်မရှိလို့ ပြည်မြို့မှာ အဖမ်းခံရ

 ပြည်မြို့အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားသည့် Fair Lady ပြိုင်ကား 
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့တွင် လိုင်စင်မဲ့ Fair Lady အဖြူရောင်ပြိုင်ကားတစ်စီးကို  အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်မြို့အမှတ်(၁၀) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။ 

 ရွာဘဲရပ်ကွက်၊ အောင်သုခလမ်းရှိ နွေးထွေးရိပ်တည်းခိုခန်းအရှေ့တွင် ရပ်တန့်ထားသည့် 9C/ 5781 နံပတ်ပြားတပ်ဆင်ထားသည့် Nissan Fair Lady အဖြူရောင်ပြိုင်ကားပိုင်ရှင် ကိုဟိန်းထက်စိုးအား သွားရောက် စစ်ဆေးမေးမြန်းရာ သက်သေအထောက်ထား တစုံတရာ ပြသနိုင်ခြင်းမရှိ၍ ဖမ်းဆီးအရေးယူ အမှုဖွင့်ထားကြောင်း သိရသည်။

ယာဉ်ပိုင်ရှင်အား သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈/၁၀ ဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲမှ ဒုရဲမှူး ဦးဝင်းနိုင်ဦးကတရားလိုပြုလုပ်၍ အမှုဖွှင့်ထားကြောင်းအဆိုပါယာဉ်အား ထိန်းသိမ်းထားသည့် ပြည်မြို့ အမှတ်(၁) ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောသည်။

“တိုင်ကြားမှုအရ သွားရောက်စစ်ဆေးပြီး သက်သေ အထောက်အထား တစုံတရာ ပြသနိုင်ခြင်းမရှိလို့ ကျွန်တော်ကိုယ်တိုင် တရားလို လုပ်ပြီး အမှုဖွင့်ထားပါတယ်။
ပုဒ်မကတော့ ထုံးစံအတိုင်း သွင်းကုန်ထုတ်ကုန် ၈/၁၀ ပါပဲ”  ဟု ပြည်မြို့အမှတ်(၁၀) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး ဒုရဲမှူး ဦးဝင်းနိုင်ဦးက ပြောသည်။

 

အဆိုပါကားတွင် တပ်ဆင်ထားသည့်နံပါတ်ပြားမှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က
တရားဝင် ထုတ်ပေးထားသည့် နံပါတ်ပြား မဟုတ်သည့်အတွက် မြင်သာ ထင်သာ ရှိ၍
ဖမ်းဆီး ခံရခြင်းဖြစ်နိုင်ကြောင်းနှင့် ပြည်မြို့ပေါ်တွင် လိုင်စင်မဲ့ကား ဆယ်စီးမက ရှိကြောင်း၊
အဆိုပါကားများမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ကားများဖြစ်ကြောင်း  ပြည်မြို့ ကားပွဲစားများနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

“အဲဒီကားက နယ်စပ်မှာဆို သိန်း ၇၀ လောက် ပေါက်တယ်။ ဒီအရောက်ဆိုရင် လမ်းကြေး၊ ဒရိုင်ဘာကြေးနဲ့ဆို သိန်း ၈၀ လောက်ရှိမယ်၊ ပြည်မှာ without (လိုင်စင်မဲ့) ကား တင်သွင်းလုပ်နေတဲ့ လူတွေရှိတယ်။
ကျနော် သိထားတာတင် ၁၄ စီးလောက်ရှိတယ်။
YGN နံပတ်ပြား တပ်ထားတာ များတယ်။ သေချာ အနီးကပ်ကြည့်မှ ခဲသီးက အတု၊ နံပတ်ပြားကို နတ် (Nut) စွဲတဲ့အနားက ကညန ဆိုတဲ့ ဖေါင်းကြွ မပါဘူး။
အမှတ်တမဲ့ကြည့်ရင် မသိသာဘူး” ဟု သူက ပြောသည်။

မှောင်ခိုဈေးမှာ ဒီပြိုင်ကား ဘယ်ဈေး ပေါက်ပါသလဲ။

“အဲဒီကားက နယ်စပ်မှာဆို သိန်း ၇၀ လောက် ပေါက်တယ်။ ဒီအရောက်ဆိုရင် လမ်းကြေး၊ ဒရိုင်ဘာကြေးနဲ့ဆို သိန်း ၈၀ လောက် ရှိမယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါကားမှာ ပြည်မြို့တွင် တတိယမြောက် ဖမ်းဆီးခံရသည့် လိုင်စင်မဲ့ကားဖြစ်ပြီး၊
ယခင်က KNU/KNLA-PC တံဆိပ်ပါ MARK 2 ခဲမဲရောင် ကားတစီးနှင့် DKBA ကလိုထူးဘော စစ်ဌာနချုပ်တံဆိပ်ပါ MARK 2 ခဲဖြူရောင်တစီးတို့ကိုလည်း
 ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment