Wednesday, October 1, 2014

သွေးရောင်လွှမ်းမယ့် သီတင်းကျွတ်လပြည့် လမင်းကြီး

လာမယ့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပြီး အဲ့ဒီ့နေမှာ လကြတ်ခြင်း ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ ဒါဟာ လမင်းကြီးက ကမ္ဘာရဲ့ အရိပ် ကျရောက်နေတဲ့နေရာကို ဖြတ်သန်းသွားခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။

ဒီလိုဖြစ်ပေါ်ချိန်မှာ.. လမင်းကြီးဟာ ပထမ လင်းလက်နေရာကနေ မည်းမှောင်သွားပါလိမ့်မယ်..။ ခဏအကြာမှာတော့ မှောင်ရာကနေ တဖြည်းဖြည်း သွေးနီရောင်လွှမ်းသွားပြီး နီရဲ့နေတဲ့ လမင်းကြီးကို မြင်ကြရမှာပါ။

ဒီမြင်ကွင်းကို မြောက်အမေရိက၊ တောင်အမေရိ၊ အရှေ့အာရှ နဲ့ ၾသစေတ်းလ် ဒေသတို့မှာ ထင်ရှားစွာမြင်တွေ့နိုင်ပါလိမ့်မယ်။ ကြည့်ရှုရမယ့်အချိန်ကတော့ နေ၀င်ပြီး လထွက်ခါစ အချိန် (ည ၆ နာရီ မှ ၈ နာရီအတွင်း) ဖြစ်ပါတယ်။

Admin (အာကာသနှင့် စကြ၀ဠာ)
အာကာသ နှင့် စကြာဝဠာ

No comments:

Post a Comment