နိုင်ငံတကာ အဆိုတော်အဖွဲ့ “MYANMAR Girls” ဖြစ်ပြီး ဘန်ကောက် ကိုယ်စားပြုအဆိုတော်တွေကတော့ ဘန်ကောက်မြို့ရဲ့ လူကြိုက် အများဆုံးအဆိုတော် “UNICORN” အဖွဲ့ ဖြစ်ကြပါတယ်။
ဧည့်သည်အဆိုတော်တွေအဖြစ် Break the Chain, Calendar, Mongoloit and Revenge Culture တို့ ပါဝင် အားဖြည့် ဖျော်ဖြေမယ်လို့ သိရပါတယ်။
အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံရဲ့ မြို့တော်က မိန်းကလေးအဆိုတော်တွေရဲ့ တက်ညီလက်ညီ ယှဉ်ပြိုင်သီဆို ဖျော်ဖြေမှုတွေဟာ ရန်ကုန်မြို့မှာ ပထမဦးဆုံး ပြုလုပ်တာပါ။
အဆိုပါ ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းကတော့ အခြေခံလက်မှတ် ၁ စောင် ၅၀၀၀ ကျပ်နဲ့ Jazz ၀ိုင် ၁ ပုလင်း၊ ဗွီအိုင်ပီသီးသန့်နေရာအတွက် ဗွီအိုင်ပီလက်မှတ် ၁ စောင် ၁ သောင်း ကျပ်နဲ့ Jazz ၀ိုင် စိတ်ကြိုက် သောက်ခွင့်အတွက် ရောင်းချပေးမယ်လို့ ဆိုပါတယ်။
လက်မှတ်ကြိုတင်မှာ ယူလိုသူတွေအနေနဲ့ Bryan – 09 505 0965 | John – 09 256 430 432 | Sean – 09 4500 600 57 တို့ကို မှာယူနိုင်ပါတယ်။
လက်မှတ်တွေကို Yangon Life ရုံးမှာ ၀ယ်ယူရမှာဖြစ်ပြီး လိပ်စာက Unit B9၊ ၅ လွှာ၊ DKM ကွန်ဒို၊ တိုက် ၁၈၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ် ဖြစ်ပါတယ်။
DVB TV NEWS
No comments:
Post a Comment