Monday, October 13, 2014

ဆုပ်လည်းဆူး စားလည်းရူး ဘ၀ရောက်နေရသော SSA(၀မ်ဟိုင်း)အဖွဲ့


အစိုးရတပ်များနှင့် SSA(၀မ်ဟိုင်း)အဖွဲ့တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နှစ်ဖက်စလုံး၌ သေကြေဒဏ်ရာ ရရှိမှုအနည်းနှင့်အများ ရှိခဲ့ကြသည်။ သို့သော် ထိခိုက်နစ်နာမှုခြင်းကတော့ ကွာခြားသည်ဟုဆိုလိုရပါမည်။ အစိုးရတပ်များမှ အရာရှိ၊ စစ်သည်များ ကျဆုံးသည့်တိုင်ခံယူချက်၊ ယုံကြည်ချက်ဖြင့် တာဝန်ထမ်းဆောင်နေသူ များဖြစ်၍ ကျစ်ရစ်သူ မိဘမောင်ဘွားများက လေးစားဂုဏ်ယူကျေနပ်ခဲ့ကြသည်။ သို့သော် SSA(၀မ်ဟိုင်း)အဖွဲ့ ကတော့ ရှမ်းလူငယ်၊ ရှမ်းတိုင်းရင်းသားများကို လူမျိုးစွဲပါဒဖြင့် စည်းရုံးကာ တိုက်ပွဲများကို ဆင်နွှဲခိုင်းခြင်း ကြောင့်သေဆုံး သွားမှု အပေါ် ကျန်ရစ်သူမိသားစုများက ဖြေမဆည်နိုင်ဖြစ်ရသည်။
တိုက်ပွဲများတွင် သေဆုံးသွားသော တပ်ဖွဲ့ဝင်များကို ကြည့်ရင်း SSA(၀မ်ဟိုင်း) အဖွဲ့မှ ကျန်ရစ်နေသော တပ်ဖွဲ့ ၀င်များ သွေးပျက်နေကြသည်။ တိုက်ပွဲများ ဆင်နွှဲရမှာ ကို ကြောက်ရွှံ့လာကြသည်။ ထို့ပြင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရသော တပ်ဖွဲ့ဝင်များကိုကြည့်ရင်း လူစဉ် မမီတော့သော ဘ၀အတွက် စိတ် မကောင်းဖြစ်ကြရ သည်။ SSA(၀မ်ဟိုင်း)ဌာနချုပ်မှာ ဆေးကုသနေသော်လည်း ဒဏ်ရာရတပ်ဖွဲ့ဝင်များမှာ အခြေအနေမကောင်း ပေ။ ဆေးဝါးမလုံလောက်မှု၊ ရိက္ခာပြတ်လပ်မှုဒဏ်တွေကို ခံနေကြရသည်။

အစိုးရတပ်နှင့် ဖြစ်ပွားခဲ့သော တာဖာဆောင်တိုက်ပွဲတွင် SSA(၀မ်ဟိုင်း)အဖွဲ့ဆုံးရှုံးနစ်နာ မှုကြီးမားခဲ့သည်။ အစိုးရတပ်များကို မယှဉ်နိုင်ဘဲ တာဖာဆောင်ကနေ ဆုတ်ခွာပေးလိုက်ရသည့်အတွက် ဂုဏ်သိက္ခာအရ ရှက်စရာဖြစ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း မေးငေါ့ လာကြ သလို ရှုံးနိမ့်မှုအတွက် မျက်နှာ ငယ်ခဲ့ရတာတော့ အမှန်ပင်ဖြစ်ပါသည်။ ထို့ပြင် ဒေသခံတိုင်းရင်းသားများ၏ ယုံကြည်မှုကိုလည်း ဆုံးရှုံးလိုက်ရ ခြင်းဖြစ်ပါသည်။

တိုက်ပွဲရှုံးနိမ့်ခြင်း၏နောက်ဆက်တွဲရလာဒ်အနေဖြင့် SSA(၀မ်ဟိုင်း) အောက်ခြေတပ်ဖွဲ့ဝင်များ စိတ်ဓာတ် ကျဆင်း ယုံကြည်မှုပျောက်ဆုံးကာ ထွက်ပြေးတိမ်းရှောင်နေကြသည်။ SSA(၀မ်ဟိုင်း)အဖွဲ့မှ လိုက်လံရှာဖွေ သော်လည်း အစိုးရတပ်များက ၀ိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် ၀မ်ဟိုင်း ဌာနချုပ်နယ်မြေကို ကျော်လွန်၍ မသွားနိုင်ပေ။ အင်အားချည့်နဲ့လာသော SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် အစိုးရတပ်များကို ခုခံတိုက်ခိုက်ရန် မဖြစ်နိုင်တော့သော အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်ပါသည်။

ထို့နောက်ဒေသခံတိုင်းရင်းသားများဆီမှ ပံ့ပိုးကူညီမှုများကိုလည်း SSA(၀မ်ဟိုင်း)အဖွဲ့အနေဖြင့် မျှော်လင့်ခွင့် မရနိုင်တော့ပေ။ တစ်ရွာလူသစ် ဘယ်နှစ်ယောက်ပေး ဆိုပြီး တောင်း၍မရတော့ပေါ။ နှစ်စဉ်ဆက်ကြေးလည်း မရတော့သလို စားစရာရိက္ခာလည်း လုံလောက်စွာရရှိရန် လမ်းမမြင်တော့ပါ။ ဒေသခံပြည်သူထောက်ခံမှု မရတော့သော SSA(၀မ်ဟိုင်း)အဖွဲ့၏ ကျဆုံးခန်းရောက်လာပြီဟု ဆိုနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် အစိုးရတပ်များကို လက်မြှောက်အရှုံးပေးခံရသော SSA(၀မ်ဟိုင်း) အဖွဲ့အနေဖြင့် ပြန်လည်ကလဲ့စားချေရန် မဆိုထားနှင့် ဌာနချုပ်ကို အသိမ်းမခံရရေး အရပ်ကယ်ပါလူဝိုင်းပါ အကူအညီ တောင်းနေသောအခြေအနေဖြစ်ပါသည်။ အောက်ခြေတပ်ဖွဲ့ဝင်များကို မထိန်းသိမ်းနိုင်သလို ဒေသခံပြည်သူ များ၏ ထောက်ခံမှုကိုပါ ဆုံးရှုံးလိုက်ရပြီး ဆုပ်လည်းဆူး စားလည်းရူးဘ၀ရောက်နေပြီ သာ ဖြစ်ကြောင်း ရေး သားလိုက်ရပါသည်။

နေ၀န်းသစ်

No comments:

Post a Comment