Sunday, October 12, 2014

သယံဇာတတူးဖော်မှု စောင့်ကြည့်အဖွဲ့အစည်းများ ခြိမ်းခြောက်မှုနှင့် လာဘ်ထိုးမှုများ ကြုံတွေ့နေ

အာဏာပိုင်များနှင့် ကုမ္ပဏီများက သဘာဝသယံဇာ တတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိ၊ မရှိစောင့်ကြည့် လေ့လာသော အရပ်ဘက် အဖွဲ့ အစည်းများကို ခြိမ်းခြောက်ခြင်း၊ လာဘ်ထိုးခြင်းများ ပြုလုပ်နေ ကြောင်း အရပ်ဘက်အဖွဲ့အစည်း များ၏ EITI လုပ်ငန်းစဉ် အပေါ် ပြန်လည်သုံးသပ်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့ အစည်းများက တညီတညွတ် တည်းပြောကြားလိုက်သည်။
‘‘EITI ဆိုတဲ့လုပ်ငန်းစဉ်မှာ ဘယ်လုပ်ငန်းတွေပါတယ်။ အဲဒီ လုပ်ငန်းတွေရဲ့ အခွန်ဘဏ္ဍာခွဲဝေ သုံးစွဲမှု၊ လိုင်စင်ရရှိမှု၊ ဘတ်ဂျက် ခွဲဝေသုံးစွဲမှု အဲဒါတွေကို အသေး စိတ်ရှင်းပြပြီး အသိပညာပေးကြတယ်။ ဒီ EITI လုပ်ငန်းစဉ်ကို နိုင်ငံတော်အဆင့် လုပ်နေပေ မယ့် အောက်ခြေ အဆင့်မှာတော့ သေချာနားမလည်တော့ စောင့်ကြည့်တာတွေ၊ စစ်ခေါ်မေးတာတွေနဲ့ တခြားခြိမ်းခြောက်တာတွေလုပ်တယ်။ မသွားရ၊ မလာရ အဲဒီလိုလုပ်ကြတယ်’’ဟု အရပ်ဘက် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်ဦးဝင်းမျိုးသူက ပြောသည်။

သပိတ်ကျင်းမြို့နယ်နှင့် ကလောမြို့နယ်တွင် တူးဖော်ထုတ် လုပ်နေသည့် သတ္တုလုပ်ငန်းများ နှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့ အစည်းများက လူထုကိုအသိ ပညာပေးခြင်း၊ မှတ်တမ်းတင်ခြင်း များပြုလုပ်ရာတွင် ခြိမ်းခြောက်ခံ ခဲ့ရသည်ဟု ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးမှ တက် ရောက်လာသော အရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

အလားတူ ကရင်ပြည်နယ် တွင် လူထုကိုအသိပညာပေးလုပ် ငန်းလုပ်ကိုင်နေသည့် EITI အဖွဲ့ ဝင် ဘားအံ အရပ်ဘက်အဖွဲ့ အစည်းခေါင်းေ ဆာင် တစ်ဦးအား ကုမ္ပဏီတစ်ခုက ဒေသခံများကို စည်းရုံးပေးပါက ငွေကျပ်သိန်း ၁၀၀ ကျော်ပေးမည်ဟု ကမ်းလှမ်း ခဲ့သည်။

‘‘ကျွန်တော်က ဒီဒေသတစ် ဝိုက်မှာ တည်ဆောက်မယ့်ဘိလပ် မြေစက်ရုံအကြောင်းကို ဒေသခံ တွေကို ပညာပေးတယ်။ EITI အရ ဘယ်လိုဖြစ်သင့်တယ်လို့ ပြောပြတယ်။ အဲဒီကုမ္ပဏီက အဲဒါကိုသိပြီး အိမ်ကိုလာလို့ သိန်း ၁၀၀ ကျော်လာဘ်ထိုးတယ်။ မယူခဲ့ပါဘူး’’ဟု ကရင်ပြည်နယ် ဘားအံ ကိုယ်စားလှယ် ဦးမြင့် အောင်က ၎င်း၏ အတွေ့အကြုံ ကိုပြောသည်။

အရပ်ဘက် အဖွဲ့အစည်း များက ၎င်းတို့ပြည်နယ်နှင့် တိုင်း ဒေသကြီးများရှိ တွင်းထွက်သယံ ဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများကို မှတ်တမ်းတင် ခြင်း၊ လုပ်ငန်းလေ့လာခြင်းနှင့် လူထုကိုပညာပေးခြင်း၊ ဥပဒေ အရလုပ်ကိုင်ခြင်းရှိ၊ မရှိ စောင့် ကြည့်လေ့လာခြင်းများ ဆောင် ရွက်နေခြင်းကို သက်ဆိုင်ရာပြည် နယ်အစိုးရနှင့် တိုင်းဒေသကြီး အစိုးရများက ခြိမ်းခြောက်နေ သောကြောင့် ယခုလအတွင်း ကျင်းပမည့် အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက်အဖွဲ့အစည်းတွေ့ဆုံ ပွဲတွင် အစိုးရတာဝန်ရှိသူများအားလွတ်လပ်စွာ လုပ်ကိုင်ခွင့်မရရှိ ခြင်းကို ပြောကြားသွား မည်ဟု တက်ရောက်လာသော ကိုယ်စား လှယ်ခြောက်ဦးက ပြောသည်။

အဆိုပါ အရပ်ဘက်အဖွဲ့ အစည်းသည် နိုင်ငံတော်အဆင့် ဖွဲ့စည်းထားသည့် မြန်မာ EITI အဖွဲ့တွင်ပါဝင်သော အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များ က ဖွဲ့စည်းထားသောအဖွဲ့ဖြစ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တု တွင်း လုပ်ငန်းများ လုပ်ကိုင်နေ သော ပြည်နယ်နှင့် တိုင်းဒေသ ကြီး ၁၄ ခုတို့တွင် တွင်းထွက် သယံဇာတ ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသိ ပညာပေးလုပ်ဆောင်နေသည်။

နိုင်ငံတော်အဆင့် ဖွဲ့စည်း ထားသည့် EITI သုံးပွင့်ဆိုင်အဖွဲ့ တွင် ကုမ္ပဏီ၊ အစိုးရနှင့် အရပ် ဘက်ကိုယ်စားပြုကိုယ်စားလှယ် အဖွဲ့ဝင်များပါပြီး အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ် လောင်းကိုးဦးကို တိုင်းနှင့်ပြည် နယ်အလိုက် ဖွဲ့စည်းထားသည့် တွင်းထွက်သယံဇာတ စောင့် ကြည့်လေ့လာသော အရပ်ဘက် အဖွဲ့အစည်းများက ရွေးချယ်တင် မြှောက်ထားခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment