Sunday, November 23, 2014

မလေးရှားရောက် မြန်မာလုပ်သားများ အထောက်အထား ပြုလုပ်နိုင်ရေး အချိန်ခြောက်လ တိုးပေးရန် မြန်မာအစိုးရက မေတ္တာရပ်ခံ

Photo: မလေးရှားရောက် မြန်မာလုပ်သားများ အထောက်အထား ပြုလုပ်နိုင်ရေး အချိန်ခြောက်လ တိုးပေးရန် မြန်မာအစိုးရက မေတ္တာရပ်ခံ 
Sunday, November 23, 2014

မလေးရှားတွင် တရားမဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများ တရားဝင် အထောက်အထား ရရှိရေး ပြုလုပ်ပေးလျက် ရှိရာတွင် အချိန်ခြောက်လခန့် ထပ်မံတိုးမြှင့်ခွင့်ပြုရန် မလေးရှားနိုင်ငံ အစိုးရသို့ မေတ္တာရပ်ခံထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်က UMFCCI တွင် ပြုလုပ်သည့် အလုပ်သမား ဝန်ကြီးဌာန၏ အလုပ်အကိုင်ရှာဖွေရေး အင်တာနက်စာမျက်နှာ မိတ်ဆက် အခမ်းအနားတွင် သတင်းထောက်များက မလေးရှားရောက် မြန်မာလုပ်သားများ ဖမ်းဆီးခံနေရမှုကို အစိုးရက မည်သို့ ဆောင်ရွက်နေသည်နှင့် ပတ်သက်သည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ သဘောတူညီချက် ရယူကာ ၂၀၁၄ ခုနှစ် မေလမှ တရားမဝင် မြန်မာလုပ်သားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထောက်အထား ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး တရားမဝင် လုပ်သားများ ဖမ်းဆီးနေစဉ် ကာလအတွင်း မလေးရှားနိုင်ငံ အစိုးရအဖွဲ့သို့ နိုဝင်ဘာလ ၂၀ ရက်နေ့က အထောက်အထား ပြုလုပ်ပေးချိန် တိုးပေးရန် မေတ္တာရပ်ခံထားခြင်း ဖြစ်သော်လည်း အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

ပြည်ပမှ တရားမဝင် ရောက်ရှိနေသည့် လုပ်သားများကို ဖမ်းဆီးရန် မလေးရှားနိုင်ငံ ဥပဒေအရ ဖမ်းဆီးခြင်း ဖြစ်သဖြင့် မေတ္တာရပ်ခံစာသာ ပေးပို့၍ ရကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“မြန်မာတင်မဟုတ်ဘူး။ ပြည်ပက တရားမဝင် ဝင်လာသူတွေကို ဖမ်းဆီးဖို့ သူတို့ကို ကြေညာထားတာပါ” ဟု ဦးဝင်းမြင့်က ဆိုသည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ဇန်န၀ါရီလမှ နိုဝင်ဘာလ ၁၇ ရက်အထိ တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၂၆,၇၈၅ ဦးနှင့် အလုပ်ရှင် ၄၅၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Datuk Seri Dr. Ahmad Zahid Hamidi က မလေးရှား မီဒီယာများသို့ ပြောဆိုထားသည်။

The Voice Weekly

မလေးရှားတွင် တရားမဝင် သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ်သားများ တရားဝင်အထောက် အထားရရှိရေး ပြုလုပ်ပေးလျက် ရှိရာတွင် အချိန်ခြောက်လခန့် ထပ်မံတိုးမြှင့်ခွင့်ပြုရန် မလေးရှားနိုင်ငံ အစိုးရသို့ မေတ္တာရပ်ခံထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်က UMFCCI တွင် ပြုလုပ်သည့် အလုပ်သမား ဝန်ကြီးဌာန၏ အလုပ်အကိုင်ရှာဖွေရေး အင်တာနက်စာမျက်နှာ မိတ်ဆက် အခမ်းအနားတွင် သတင်းထောက်များက မလေးရှားရောက် မြန်မာ လုပ်သားများ ဖမ်းဆီးခံနေရမှုကို အစိုးရက မည်သို့ ဆောင်ရွက်နေသည်နှင့် ပတ်သက်သည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံ သဘောတူညီချက် ရယူကာ ၂၀၁၄ ခုနှစ် မေလမှ တရားမဝင် မြန်မာလုပ်သားများကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထောက်အထား ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး တရားမဝင် လုပ်သားများ ဖမ်းဆီး နေစဉ် ကာလအတွင်း မလေးရှားနိုင်ငံ အစိုးရအဖွဲ့သို့ နိုဝင်ဘာလ ၂၀ ရက်နေ့က အထောက်အထား ပြုလုပ်ပေးချိန် တိုးပေးရန် မေတ္တာရပ်ခံထားခြင်း ဖြစ်သော်လည်း အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

ပြည်ပမှ တရားမဝင် ရောက်ရှိနေသည့် လုပ်သားများကို ဖမ်းဆီးရန် မလေးရှားနိုင်ငံ ဥပဒေအရ ဖမ်းဆီးခြင်း ဖြစ်သဖြင့် မေတ္တာရပ်ခံစာသာ ပေးပို့၍ ရကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ “မြန်မာတင်မဟုတ်ဘူး။ ပြည်ပက တရားမဝင် ဝင်လာသူတွေကို ဖမ်းဆီးဖို့ သူတို့ကို ကြေညာထားတာပါ” ဟု ဦးဝင်းမြင့်က ဆိုသည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ဇန်န၀ါရီလမှ နိုဝင်ဘာလ ၁၇ ရက်အထိ တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၂၆,၇၈၅ ဦးနှင့် အလုပ်ရှင် ၄၅၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Datuk Seri Dr. Ahmad Zahid Hamidi က မလေးရှား မီဒီယာများသို့ ပြောဆိုထားသည်။

The Voice Weekly

No comments:

Post a Comment