Sunday, November 2, 2014

ရန်ကုန်တွင်သတ်မှတ်ချိန် ကျော်လွန်၍ အရက်နှင့် ဘီယာဆိုင်များ စတင်အရေးယူ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၂၄ နာရီဖွင့်လှစ်ရောင်း ချသည့် ဆိုင်များတွင် အရက်၊ ဘီ ယာများကို သတ်မှတ်ချိန်ထက် ကျော်လွန်ရောင်းချပါက စတင် ဖမ်းဆီးအရေးယူနေပြီဖြစ်ကြောင်း ကမာရွတ်မြို့မ ရဲစခန်းက မြို့နယ်မှူး ဦးဇော်ဝင်းကပြောသည်။

‘‘တိုင်းဒေသကြီးအစိုးရက လည်း ခရိုင် လေးခုလုံးမှာရှိတဲ့ မြို့နယ်မှူးတွေ အကုန်လုံးကို ညွှန်ကြား ထားပါတယ်။ စီမံချက် ပုံစံမျိုးနဲ့ ဖမ်းဆီးအရေးယူသွား မှာပါ။ အခုလပဲ သုံးဆိုင်ဖမ်းပြီး ပြီ။ ထပ်ပြီး တော့လည်း ဖမ်းသွား ဖို့ရှိပါတယ်’’ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဖမ်းဆီးရခြင်း မှာ မှုခင်းကြိုတင်ကာကွယ်ရန်၊ ခိုက်ရန်ဖြစ်ပွားမှုလျော့ကျရန်အ တွက်ဖြစ်သည်ဟု ဆိုသည်။ ထို့ ကြောင့် အရက်၊ ဘီယာများ ရောင်းချသောဆိုင်များရှိပါက သက်ဆိုင်ရာမြို့နယ် ရဲစခန်းများ သို့ တိုင်ကြားနိုင်သည်ဟု ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

‘‘ရပ်ကွက်ထဲမှာ ဒီလို ၂၄ နာရီဆိုင်လေးတွေပေါ်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဆိုင်လေးတွေက အရက်၊ ဘီယာ ပါရောင်းတော့ ညညလာဝယ် သောက်ပြီး မူးကြ၊ ရမ်းကြ၊ ရန်ဖြစ်ကြတော့ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်တာပေါ့’’ဟု လှိုင်မြို့နယ်တွင် နေထိုင်သော မသူသူကဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း အဆိုပါ ၂၄ နာရီဖွင့်လှစ် ရောင်းချသည့် ဆိုင်များကို နံနက် ၆ နာရီမှ ည ၉နာရီအထိ အရက် ရောင်းချခွင့်ပြုထားသော်လည်း ရောင်းချသည့်ဆိုင်များမှာ ၂၄ နာရီလုံး အရက်၊ ဘီယာရောင်းချနေ သည်ဟုဆိုသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲရှိသည့် ရက်များတွင် ည ၁၁နာရီထိ ရောင်းချ၍ လာရောက်သတိပေးမှုများရှိကြောင်း ဆိုင်အရောင်း ၀န်ထမ်းများက ပြောသည်။

7Day Daily

No comments:

Post a Comment