Sunday, November 2, 2014

ဘူးသီးတောင်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဘင်္ဂါလီသုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

ဘူးသီးတောင်မြို့နယ် ကုန်သွယ်လယ်ယာရုံးအနီး ဗုံး နှစ်လုံးပေါက်ကွဲမှုနှင့် ပတ်သက် ၍ ဘင်္ဂါလီအမျိုးသား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၁ ရက် ည ၉ နာရီက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ် ခဲ့ပြီး ကုန်သွယ်ရေးရုံးအနီးရှိ ကွန် ပျူတာ ဆိုင်မှ ဘင်္ဂါလီအမျိုးသား သုံးဦးကို ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်ကြောင်း ဘူးသီးတောင်မြို့မ ရဲစခန်းမှ အတည်ပြုပေးသော် လည်း အသေးစိတ်ကို ပြောနိုင် ခြင်းမရှိသေးကြောင်း ပြောသည်။

‘‘ည ၉နာရီ ၁၅ မိနစ်လောက်က ပေါက်ကွဲမှုဖြစ်တယ်လို့သတင်းပို့တယ်။ လူနဲ့ အဆောက်အအုံ ထိတာမရှိပါဘူး။ လုံခြုံရေးပိုင်းလည်း တိုးထားပါတယ်’’ဟု တာဝန်ကျရဲအရာရှိက ပြောသည်။ ထို့အပြင်အဆိုပါပေါက်ကွဲမှုကို စစ်အင်ဂျင်နီယာတပ်က အသေးစိတ် စစ်နေကြောင်း ပြောသည်။

ဘူးသီးတောင်မြို့နယ် ရခိုင် အမျိုးသားပါတီမှ ကိုထွန်းအောင် သိန်းက ကုန်သွယ်ရေးရုံးအနီးရှိ ကွန်ပျူတာဆိုင်မှ ပေါက်ကွဲမှုနှင့် ဆက်စပ်သော ပစ္စည်းများတွေ့ရ သောကြောင့် အဆိုပါဆိုင်မှ အမျိုးသားသုံးယောက်ကို ရဲတပ် ဖွဲ့က စစ်ဆေးနေသည်ဟု သတင်းကြားရကြောင်း ပြောသည်။

‘‘ပေါက်ကွဲသံကြားကြား ချင်းကတော့ အရမ်းစိုးရိမ်သွား တာ။ ဒီမှာကလည်း မီးပြတ်တာ သုံးရက်လောက်ရှိနေပြီး မှောင် နေတာလေ။ အခုဘာမှ ထိခိုက် တာမဖြစ်ပေမယ့် ရဲဘက်ကတော့ လုံခြုံရေးအပြည့်အ၀စောင့်ပေး စေချင်တယ်’’ဟု ပေါက်ကွဲမှုဖြစ် ခဲ့သည့် (၆) ရပ်ကွက်ဒေသခံတစ် ဦးပြော သည်။

ပြည်ပအခြေစိုက်အကြမ်း ဖက်အဖွဲ့အစည်းအချို့က မြန်မာ နိုင်ငံကို ခြိမ်းခြောက်မှုများ အတိ အလင်း ထုတ်ဖော်ပြောဆိုပြီး နောက် ဘူးသီးတောင်နှင့် မောင် တောမြို့နယ်တို့တွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်သူ များကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သော ကြောင့် ဒေသခံများအကြား စိုး ရိမ်မှုများ ရှိနေကြောင်း သတင်း ရရှိသည်။

7Day Daily

No comments:

Post a Comment