Monday, November 3, 2014

အလုပ်ရှင်ကို လွတ်လပ်စွာ တရားစွဲဆိုခွင့်ရရန် စက်ရုံလုပ်သားများ ဆန္ဒပြ

Photo: အလုပ်ရှင်ကို လွတ်လပ်စွာ တရားစွဲဆိုခွင့်ရရန် စက်ရုံလုပ်သားများ ဆန္ဒပြ
Monday, November 3, 2014

အလုပ်ရှင်၊ အလုပ်သ မားအငြင်းပွားမှုများ၌ ဥပဒေချိုး ဖောက်သည့် လုပ်ငန်းရှင်ကိုလွတ်လပ်စွာ တရားစွဲဆိုခွင့်ရရှိ ရန် စက်ရုံလုပ်သား ၂၀၀ ခန့်က ရန်ကုန်မြို့ရှိ ဆန္ဒဖော်ထုတ်ရန်  သတ်မှတ်ထားသည့် ကျိုက္ကဆံကွင်းအတွင်းရှိ ပြည်သူ့ဟစ်တိုင်၌ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်(M.T.U.F)နှင့် မှော် ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ အခြေ ခံစက်ရုံအလုပ်သမားများ ပါဝင်ခဲ့ ကြပြီး အလုပ်သမားများအရေး၌    ပါဝင်ဆောင်ရွက်မှုမရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။

‘‘ဥပဒေကို ဘယ်သူချိုး ဖောက် ချိုးဖောက်၊ ချိုးဖောက်တဲ့ သူကို လွတ်လပ်စွာ တရားစွဲနိုင်ဖို့ တောင်းဆိုတာ၊ ဥပဒေချိုးဖောက် တဲ့သူကို တရားစွဲဖို့ ခုံသမာဓိ ကောင်စီရဲ့ခွင့်ပြုချက်ပါရမယ်ဆို တာ အဓိပ္ပာယ်မရှိဘူး’’ဟု မြန်မာ နိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းကပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြဋ္ဌန်းထားသည့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေ၌ အလုပ်ရှင်ဖြစ်သူ ကို တရားစွဲဆိုမည်ဆိုပါက ခုံ သမာဓိကောင်စီ၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ်သောကြောင့် လုပ်ငန်း ရှင်များ ဥပဒေချိုးဖောက်မှု ဖြစ်ပေါ်လာပါက တိုက်ရိုက် တရားစွဲဆိုခွင့်ရရှိရန် နိုင်ငံသား အခွင့်အရေးအရ တောင်းဆိုခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သည့် အခြေခံလုပ်သားများက ဆိုသည်။

ထို့အပြင် ဆန္ဒဖော်ထုတ် သည့် အခြေခံလုပ်သားများသည် အလုပ်သမားရေးရာအငြင်းပွားမှု ဥပဒေ၌ ဒဏ်ငွေအစား ထောင် ဒဏ် ထည့်သွင်းသတ်မှတ်ပေး ရေး၊ အလုပ်သမားဥပဒေရေးဆွဲ ရာတွင် အလုပ်သမားများ၏ ကိုယ်စားလှယ် ပါဝင်ခွင့်ရရေး၊ စက်ရုံများမှ အလုပ်သမားခေါင်း ဆောင်များအား လျော်ကြေးပေး အလုပ်ထုတ်ပယ်မှုကို တားဆီး ပေးရေးစသည့် ကြွေးကြော်သံ များဖြင့် တောင်းဆိုခဲ့သည်။

‘‘လုပ်ငန်းရှင်ကို တရားစွဲဖို့၊ ထောင်ဒဏ် သတ်မှတ်ပေးဖို့ တောင်းဆိုရင် အစိုးရက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု  ထိခိုက်တယ်လို့ ပြောတယ်။ ဥပဒေမလိုက်နာတဲ့ အလုပ်ရှင်တွေကြောင့် ထောင် ဒဏ်ထည့်ဖို့လိုအပ်တယ်။ ဥပဒေ လိုက်နာရင် အလုပ်ရှင်တွေ အတွက် စိုးရိမ်စရာမရှိဘူး’’ဟုတော်ဝင် အလုပ်သမားခေါင်းဆောင်            ကိုနေလင်းဦးကပြော သည်။၂၀၁၄ ခုနှစ်အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ အလုပ်သမားရေးရာ အငြင်းပွားမှုများ၌ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် သဘောတူညီမှု၊ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်မှုအား တရားစွဲဆိုမည်ဆိုပါ က ခုံသမာဓိကောင်စီ၏ ကြိုတင် ခွင့်ပြုချက်ယူရမည်ဖြစ်သည်။

၂၀၁၃-၁၄ ခုနှစ်အတွင်း ရန်ကုန်တိုင်းအတွင်း၌ အလုပ်ရှင်၊အလုပ်သမားအငြင်းပွားမှုပြဿ နာ ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ပြေလည်မှု အနည်းသာရှိခဲ့ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

7Day Daily

No comments:

Post a Comment