Sunday, November 23, 2014

ကင်ဆာရောဂါဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ ဒူးရင်းသြဇာ

Photo: ကင်ဆာရောဂါဆဲလ်များကို တိုက်ဖျက်နိုင်တဲ့ ဒူးရင်းသြဇာ

နိုဝင်ဘာလ ၂၃ရက်၊ ၂၀၁၄

ဒူးရင်းသြဇာသီးဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ ကျန်းမာရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။

မြန်မာ့တိုင်းရင်းဆေးအချို့မှာလည်း ဒူးရင်းသြဇာ၏ ဆေးဖက်ဝင်ပုံများကို လေ့လာဖတ်ရှုရပါတယ်။ တိုင်းရင်းဆေးအမျိုးမျိုးတို့မှာလည်း ဒူးရင်းသြဇာကို ထည့်သွင်း၍ ဖော်စပ်ထားကြပါတယ်။

ကင်ဆာရောဂါဖြစ်ပြီဆိုတာနဲ့ ရှိသမျှစည်းစိမ်အကုန်ခံပြီး ကုသကြပေမယ့် ရှိသမျှသာကုန်သွားမယ် နောက်ဆုံးတော့ လက်မြှောက်အရှုံးကြတာ များနေပါတယ်။ သို့သော် အနာသိလျှင် ဆေးရှိသည်ဆိုသလို အနာဆိုတာကလည်း ကုသလို့ရသည့် အချိန်နှင့် ကုလို့မရတော့သည့် အချိန်၊ အနာလွန်၊ အနာကျွမ်းချိန်ဆိုတာမျိုး ရှိနေတာမို့ ရောဂါမကျွမ်းခင် ကိုယ်ကဦးအောင် အရင်ကုသနိုင်လျှင် ပျောက်ကင်းနိုင်သည့် သာဓကများ ရှိနေပါတယ်။

အမေရိကားမှ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ကျန်းမာရေးမကြာခဏ ချို့ယွင်းလာသလို ခံစားရတဲ့အတွက် နာမည်ကြီး ဆေးရုံတစ်ခုမှာ ဆေးစစ်ကြည့်ရာ အစာအိမ်မှာ ကင်ဆာရောဂါလက္ခဏာများ စဖြစ်နေပြီလို့ ဆရာဝန်က စိတ်မကောင်းစွာ ဖွင့်ဟပါတယ်။ သို့သော်လည်း ကုလို့မရတော့တဲ့ အဆင့်လွန်များ မဟုတ်သေးပဲ အခုမှ Cancer Sign များ စတင်ပြလာတာမို့ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ကြောင်း သိရတဲ့အတွက် ကင်ဆာဆရာဝန်များနှင့် ဆွေးနွေးကြည့်ပါတယ်။

ကင်ဆာဆေးဝါးများဟာ အင်မတန်ဈေးကြီးနေသည့်အတွက်
ပျောက်ကင်းသည့်အထိ ကုသမှုခံယူဖို့ သာမန်ဝန်ထမ်းသမားသူမအတွက် ဘယ်လိုမှ အဆင်ပြေတာကြောင့် သဘာဝဆေးမြီးတိုနည်းဖြင့် အရင်ကုသရန် ဆေးနည်းများကို လေ့လာပါတော့တယ်။
ဆေးနည်းများစွာထဲမှ လွယ်ကူပြီး ထိရောက်တဲ့ ဆေးနည်းတစ်ခုကို
တွေ့ရသည့်အတွက် ဆေးဆရာကြီးများ၊ ဆရာဝန်များနှင့် ထပ်မံတိုင်ပင်ပြီး ကုသကြည့်ခဲ့ပါတယ်။

၎င်းအမျိုးသမီးကလည်း ဆေးဆရာကြီးများ၏ လမ်းညွန်ချက်အတိုင်း လိုက်နာပြီး သဘာဝဆေးနည်းဖြင့် ကုသလာခဲ့ရာ ယခုဆိုလျှင် ကင်ဆာလက္ခဏာများ ပျောက်ကင်းနေပြီဖြစ်ကြောင်း သူမ၏ ကိုယ်တွေ့ကို အများသိအောင် မျှဝေထားပါတယ်။

ဆေးသောက်ရန် အညွန်း-

(၁) ဒူးရင်းသြဇာ၏ အရွက်ခပ်သန့်သန့် ၁၅ ရွက်ခန့်ကို ရေ ၈ ခွက်ဖြင့် မီးအရှိန်လျှော့ပြီး ၁ နာရီခန့် ကျိုလိုက်ပါ။

(၂) ၄င်းဆေးပြုတ်ရည်ကို တစ်နေ့ ၃ ကြိမ် (မနက်၊ နေ့၊ ည) တစ်ခွက်စီ သောက်ပါ။

(၃) တစ်ပတ်တိတိ တစ်နေ့ ၃ ကြိမ်သောက်ပြီးပါက တစ်နေ့ ၁ ခွက်သာ တစ်လခန့်ထိ ဆက်၍ သောက်သွားနိုင်ပါတယ်။

(၄) ဒူးရင်းသြဇာအသီးကိုလည်း မကြာခဏ စားပေးနိုင်ပါတယ်။ အသီးရဲ့ အရသာကတော့ ချဉ်ပြုံးပြုံးလေး ရှိပါတယ်။

ဒူးရင်းသြဇာသီးသည် အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ စတဲ့ ကင်ဆာအမျိုးမျိုးကိုဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပြီး ဆေးဖက်ဝင် သဘာဝအသီးတစ်ခုမို့ ယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။

ကင်ဆာဝေဒနာရှင်များ ရောဂါကင်းဝေးပြီး သက်တမ်းပြည့်တဲ့အထိ ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

ကျန်းမာရေးသတင်းများ
ဒူးရင်းသြဇာသီးဟာ ကင်ဆာရောဂါဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ ကျန်းမာရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။

မြန်မာ့တိုင်းရင်းဆေးအချို့မှာလည်း ဒူးရင်းသြဇာ၏ ဆေးဖက်ဝင်ပုံများကို လေ့လာဖတ်ရှုရပါတယ်။ တိုင်းရင်းဆေးအမျိုးမျိုးတို့မှာလည်း ဒူးရင်းသြဇာကို ထည့်သွင်း၍ ဖော်စပ်ထားကြပါတယ်။

ကင်ဆာရောဂါဖြစ်ပြီဆိုတာနဲ့ ရှိသမျှစည်းစိမ်အကုန်ခံပြီး ကုသကြပေမယ့် ရှိသမျှသာကုန်သွားမယ် နောက်ဆုံးတော့ လက်မြှောက်အရှုံးကြတာ များနေပါတယ်။ သို့သော် အနာသိလျှင် ဆေးရှိသည်ဆိုသလို အနာဆိုတာကလည်း ကုသလို့ရသည့် အချိန်နှင့် ကုလို့မရတော့သည့် အချိန်၊ အနာလွန်၊ အနာကျွမ်းချိန် ဆိုတာမျိုး ရှိနေတာမို့ ရောဂါမကျွမ်းခင် ကိုယ်ကဦးအောင် အရင်ကုသနိုင်လျှင် ပျောက်ကင်းနိုင်သည့် သာဓကများ ရှိနေပါတယ်။

အမေရိကားမှ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ ကျန်းမာရေးမကြာခဏ ချို့ယွင်းလာသလို ခံစားရတဲ့အတွက် နာမည်ကြီး ဆေးရုံတစ်ခုမှာ ဆေးစစ်ကြည့်ရာ အစာအိမ်မှာ ကင်ဆာရောဂါလက္ခဏာ များ စဖြစ်နေပြီလို့ ဆရာဝန်က စိတ်မကောင်းစွာ ဖွင့်ဟပါတယ်။ သို့သော်လည်း ကုလို့မရတော့တဲ့ အဆင့်လွန်များ မဟုတ်သေးပဲ အခုမှ Cancer Sign များ စတင်ပြလာတာမို့ ကုသမယ်ဆိုရင် ပျောက်ကင်း နိုင်ကြောင်း သိရတဲ့အတွက် ကင်ဆာဆရာဝန်များနှင့် ဆွေးနွေးကြည့်ပါတယ်။

ကင်ဆာဆေးဝါးများဟာ အင်မတန်ဈေးကြီးနေသည့်အတွက်
ပျောက်ကင်းသည့်အထိ ကုသမှုခံယူဖို့ သာမန်ဝန်ထမ်းသမားသူမအတွက် ဘယ်လိုမှ အဆင်ပြေတာ ကြောင့် သဘာဝဆေးမြီးတိုနည်းဖြင့် အရင်ကုသရန် ဆေးနည်းများကို လေ့လာပါတော့တယ်။ ဆေးနည်း များစွာထဲမှ လွယ်ကူပြီး ထိရောက်တဲ့ ဆေးနည်းတစ်ခုကို တွေ့ရသည့်အတွက် ဆေးဆရာကြီးများ၊ ဆရာဝန်များနှင့် ထပ်မံတိုင်ပင်ပြီး ကုသကြည့်ခဲ့ပါတယ်။

၎င်းအမျိုးသမီးကလည်း ဆေးဆရာကြီးများ၏ လမ်းညွန်ချက်အတိုင်း လိုက်နာပြီး သဘာဝဆေးနည်းဖြင့် ကုသလာခဲ့ရာ ယခုဆိုလျှင် ကင်ဆာလက္ခဏာများ ပျောက်ကင်းနေပြီဖြစ်ကြောင်း သူမ၏ ကိုယ်တွေ့ကို အများသိအောင် မျှဝေထားပါတယ်။

ဆေးသောက်ရန် အညွန်း-

(၁) ဒူးရင်းသြဇာ၏ အရွက်ခပ်သန့်သန့် ၁၅ ရွက်ခန့်ကို ရေ ၈ ခွက်ဖြင့် မီးအရှိန်လျှော့ပြီး ၁ နာရီခန့် ကျိုလိုက်ပါ။
(၂) ၄င်းဆေးပြုတ်ရည်ကို တစ်နေ့ ၃ ကြိမ် (မနက်၊ နေ့၊ ည) တစ်ခွက်စီ သောက်ပါ။
(၃) တစ်ပတ်တိတိ တစ်နေ့ ၃ ကြိမ်သောက်ပြီးပါက တစ်နေ့ ၁ ခွက်သာ တစ်လခန့်ထိ ဆက်၍ သောက်သွားနိုင်ပါတယ်။
(၄) ဒူးရင်းသြဇာအသီးကိုလည်း မကြာခဏ စားပေးနိုင်ပါတယ်။ အသီးရဲ့ အရသာကတော့ ချဉ်ပြုံးပြုံးလေး ရှိပါတယ်။

ဒူးရင်းသြဇာသီးသည် အူမကြီးကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ စတဲ့ ကင်ဆာအမျိုးမျိုးကိုဖြစ်စေတဲ့ ဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပြီး ဆေးဖက်ဝင် သဘာဝအသီးတစ်ခုမို့ ယုံကြည်စွာ သောက်သုံးနိုင်ပါတယ်။ ကင်ဆာဝေဒနာရှင်များ ရောဂါကင်းဝေးပြီး သက်တမ်းပြည့်တဲ့အထိ ကျန်းမာစွာ နေထိုင်နိုင်ကြပါစေ။

ကျန်းမာရေးသတင်းများ

No comments:

Post a Comment