Sunday, November 23, 2014

ဆိုမာလီ စစ်သွေးကြွအုပ်စုက လိုင်းကားပေါ်တွင် ခရီးသည် ၂၈ ဦးကို ပစ်သတ်

Photo: ဆိုမာလီ စစ်သွေးကြွအုပ်စုက လိုင်းကားပေါ်တွင် ခရီးသည် ၂၈ ဦးကို ပစ်သတ်
Sunday, November 23, 2014

ဆိုမာလီ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်ရှာဘတ် အဖွဲ့ဟာ မနေ့မနက်ပိုင်းက မွတ်စလင် မဟုတ်သူ ၂၈ ယောက်ကို လိုင်းကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။

Kenya Attackအယ်ရှာဘတ်အဖွဲ့ဝင်တွေဟာ မန်ဒီရာဆိုတဲ့ မြို့အပြင်ဘက်မှာ  နိုင်ရိုဘီသွားတဲ့ ကားကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ ဆိုမာလီယားနဲ့ အီသီယိုးပီးယား နယ်စပ်မှာ ရှိပါတယ်။

မွတ်စလင် မဟုတ်သူတွေကို ဒီလို သတ်ဖြတ်တာဟာ မွမ်ဘာစာ မြို့က ဗလီကို ရဲတွေ ၀င်စီးခဲ့တာကို လက်စားခြေတာလို့လည်း အယ်ရှာဘတ်အဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပင်လယ်ကမ်းခြေမြို့မှာ ရဲအဖွဲ့ဟာ ဗလီ လေးလုံးကို ၀င်စီးခဲ့ပြီး လူ ၁ ဦးကို သေနတ်နဲ့ပစ်သတ်ပြီး အယောက် ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ဗလီတွေဟာ စစ်သွေးကြွ စုဆောင်းရာ နေရာ၊ လက်နက်တွေ ၀ှက်ထားရာ နေရာတွေဖြစ်နေတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ လိုင်းကား တိုက်ခိုက်ခံရမှုမှာ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၉ ဦး အသတ်ခံရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ကင်ညာ စစ်တပ်ကလည်း မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေးတွေကို စတင်လိုက်ပြီး အယ်ရှာဘတ်စခန်းတွေလို့ ယူဆရတဲ့နေရာတခုကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

တရားခံတွေကို ဖမ်းမိတဲ့အထိ စစ်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

အယ်ရှာဘတ်အဖွဲ့ဟာ မနှစ်တုန်း နိုင်ရိုဘီမြို့က ၀က်ဂိတ် ဈေးဝယ်ကုန်တိုက်ကိုလည်း တိုက်ခိုက်ခဲ့ပြီး လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီဗွီဘီ
ဆိုမာလီ အစ္စလာမ္မစ် စစ်သွေးကြွအုပ်စု အယ်ရှာဘတ် အဖွဲ့ဟာ မနေ့မနက်ပိုင်းက မွတ်စလင် မဟုတ်သူ ၂၈ ယောက်ကို လိုင်းကားပေါ်မှာ သေနတ်နဲ့ ပစ်သတ်လိုက်ပါတယ်။

Kenya Attackအယ်ရှာဘတ်အဖွဲ့ဝင်တွေဟာ မန်ဒီရာဆိုတဲ့ မြို့အပြင်ဘက်မှာ  နိုင်ရိုဘီသွားတဲ့ ကားကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့ နေရာဟာ ဆိုမာလီယားနဲ့ အီသီယိုးပီးယား နယ်စပ်မှာ ရှိပါတယ်။

မွတ်စလင် မဟုတ်သူတွေကို ဒီလို သတ်ဖြတ်တာဟာ မွမ်ဘာစာ မြို့က ဗလီကို ရဲတွေ ၀င်စီးခဲ့တာကို လက်စားခြေတာလို့လည်း အယ်ရှာဘတ်အဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပင်လယ်ကမ်းခြေမြို့မှာ ရဲအဖွဲ့ဟာ ဗလီ လေးလုံးကို ၀င်စီးခဲ့ပြီး လူ ၁ ဦးကို သေနတ်နဲ့ပစ်သတ်ပြီး အယောက် ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

ဗလီတွေဟာ စစ်သွေးကြွ စုဆောင်းရာ နေရာ၊ လက်နက်တွေ ၀ှက်ထားရာ နေရာတွေဖြစ်နေတယ်လို့ ရဲအဖွဲ့က ဆိုပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ လိုင်းကား တိုက်ခိုက်ခံရမှုမှာ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၉ ဦး အသတ်ခံရတယ် လို့ ရဲအဖွဲ့က ပြောပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်မှာ ကင်ညာ စစ်တပ်ကလည်း မြေပြင်နဲ့ ဝေဟင် စစ်ဆင်ရေးတွေကို စတင် လိုက်ပြီး အယ်ရှာဘတ်စခန်းတွေလို့ ယူဆရတဲ့နေရာတခုကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

တရားခံတွေကို ဖမ်းမိတဲ့အထိ စစ်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါ တယ်။

အယ်ရှာဘတ်အဖွဲ့ဟာ မနှစ်တုန်း နိုင်ရိုဘီမြို့က ၀က်ဂိတ် ဈေးဝယ်ကုန်တိုက်ကိုလည်း တိုက်ခိုက်ခဲ့ပြီး လူ ၆၇ ဦး သေဆုံးခဲ့ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment