Monday, November 10, 2014

အမြန်လမ်းတွင် အီလက်ထရောနစ် ငွေကြေးကောက်ခံမှု စနစ်တပ်ဆင်ရန် ကုမ္ပဏီရှစ်ခု အဆိုပြုလွှာတင်သွင်း

Photo: အမြန်လမ်းတွင် အီလက်ထရောနစ် ငွေကြေးကောက်ခံမှု စနစ်တပ်ဆင်ရန် ကုမ္ပဏီရှစ်ခု အဆိုပြုလွှာတင်သွင်း 
Monday, November 10, 2014

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်-မန္တလေး အမြန်လမ်း အီလက်ထရောနစ် ငွေကြေးကောက်ခံမှု (Electronic Toll Collection) စနစ် ပြောင်းလဲ တပ်ဆင်ရန် ကုမ္ပဏီရှစ်ခုက စိတ်ပါဝင်စားကြောင်း အဆိုပြုလွှာ လာရောက်တင်သွင်းထားသည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်း သိမ်းရေးအဖွဲ့က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယခင်အသုံးပြုသည့် လမ်းအသုံးပြုကောက်ခံ ရေးစနစ်ကို ETC (Electronic Toll Collection) စနစ်သို့ ပြောင်းလဲတပ်ဆင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများကို အောက်တိုဘာ ၁၄ ရက်မှ စတင်ကာ အဆိုပြုလွှာ ခေါ်ယူထားရာ  ကုမ္ပဏီရှစ်ခုက အဆြိုပုလွှာများ လာရောက်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

B'Smart Telematics Myanmar၊ မြပန်ဝါ ကုမ္ပဏီ၊ Myanmar Computer၊ Velox Enterprise of Technology၊ ပြည့်စုံဟိန်း ကုမ္ပဏီ၊ K@K World Engineering and Security၊ နောင်ရိုး နည်းပညာ ကုမ္ပဏီနှင့် United Eleven စသည့် ကုမ္ပဏီရှစ်ခုက ETC စနစ် တပ်ဆင်ရေး လုပ်ငန်းအတွက် လာရောက်တင်ပြထားခြင်း ဖြစ်သည်။

အထက်ပါကုမ္ပဏီများ၏ အဆိုပြုလွှာများကို လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ရှိ မရှိ၊ ဆောင်ရွက်နိုင်မည့် နည်းပညာ အရည်အချင်း ပြည့်မီမှု ရှိ မရှိ၊ အဆိုပြုလွှာအချက်အလက်များ ပြည့်စုံမှု ရှိ မရှိ၊ အမြန်လမ်းမကြီး၏ လိုအပ်ချက်နှင့် ကိုက်ညီမှု ရှိ မရှိ စသည့်အချက်များကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တင်ဒါစိစစ် ရွေးချယ်ရေးကော်မတီက ပဏာမအရည် အချင်းစစ်ဆေးမည် ဖြစ်သည်။

အရည်အချင်းပြည့်မီသည့်ကုမ္ပဏီများကို တင်ဒါခေါ်ယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တင်ဒါခေါ်ယူမည့် အစီအစဉ်များကို တရားဝင်ထုတ်ပြန်ပေးမည်ဟု ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တိုးလ်ဂိတ်အကြီး ငါးခုနှင့် လမ်းအခွဲများ၌ တိုးလ်ဂိတ်အသေး ၁၁ ခုရှိကာ အဆိုပါ တိုးလ်ဂိတ်များတွင် ETC စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံရေးစနစ်ကို ကျင့်သုံးသွားမည် ဖြစ်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့က တာဝန်ယူ ဆောင်ရွက်နေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၆၅ မိုင် ရှိသည်။

Mizzima

ရန်ကုန်-မန္တလေး အမြန်လမ်း တိုးဂိတ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)ရန်ကုန်မြို့တော်

No comments:

Post a Comment