Monday, November 10, 2014

တရုတ်ဘက်သို့ KIA သစ်ခိုးထုတ်နေမှု ဘယ်လိုတားဆီးမလဲ

ကချင်ပြည်နယ်၊ တရုတ်-မြန်မာ နယ်စပ်တွင် နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ တရုတ်သစ်ကုန်သည်များနှင့်ပူးပေါင်းကာ တရုတ်နိုင်ငံဘက်သို့ သစ်ခိုး ထုတ်မှုများရှိနေကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

“အရင်လမ်းဟောင်းအတိုင်း သွားလာနေတာပဲ၊ တိုက်ပွဲတွေကလည်း မဖြစ်တော့ဘူးဆိုတော့ KIA အဖွဲ့က သစ်မှောင်ခို ပြန်စနေပြီ၊ တရုတ်ကုန်သည်တွေ ဒီရက်ပိုင်း ခြေရှုပ်နေတာမြင်တယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။

KIA အဖွဲ့သည် တရုတ်လုပ်သားများနှင့် အင်ဘာပါ (၂၁)မိုင် သစ်မှောင်ခိုလမ်းကြောင်းတွင် ခအူမှ (၂၁)မိုင်သို့ ဖော်လုပ် ခဲ့ရာ နိုဝင်ဘာ (၅)ရက်နေ့တွင် (၂၁)မိုင်နှင့် မီတာဘွမ်တောင်ကြော မှောင်ခို
လမ်းကြောင်းအား ဖောက်လုပ်ပြီးစီးသွား ကြောင်းသိရသည်။

“သစ်မှောင်ခိုတွေ ပြန်စနေပြီဆိုတော့ ရွာနားဝန်းကျင်ကသစ်ပုံတွေမှာ တရုတ်လောပန်းတွေရောက်နေတာ တွေ့တယ်၊ သစ်ဝယ်ဖို့ပဲနေမှာပါ၊ ရွာအနီးဝန်းကျင်မှာတော့ KIA အဖွဲ့တွေ သေနတ်တကားကားနဲ့ သွားလာ နေတာတွေ့တယ်၊ သစ်သယ်ဖို့လုံခြုံရေးလုပ်နေတာ နေမှာပေါ့” ဟု မဒန်ယန် ရွာသား တစ်ဦးက ဆိုသည်။

KIA အဖွဲ့နှင့် အစိုးရတို့ တိုက်ပွဲပြန်လည်ဖြစ်ပွားစဉ်က ရပ်နားထားခဲ့သော သစ်မှောင်ခိုများ ပြန်စနေပြီဖြစ်၍ တရုတ်-မြန်မာ နယ်စပ်မှတစ်ဆင့် တရုတ်သစ်ကုန်သည်များ ၀င်ရောက်လာကြောင်း၊ KIO ထိန်းချုပ် နယ်မြေတွင် အစိုးရတပ်များ ၀င်ထွက်သွားလာရန်အခက်အခဲရှိသဖြင့် အခွင့်ကောင်းယူကာ တရုတ်ဘက်သို့ သစ်မှောင်ခိုများ တင်သွင်းနေခြင်း ဖြစ်ကြောင်း၊ KIA ၏ သစ်မှောင်ခိုလုပ်ငန်းကို ရပ်တန့်ရန် အစိုးရအနေဖြင့် ထိရောက်သော တားဆီးမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း မံစီမြို့ခံ သစ် လုပ်ငန်းရှင်တစ်ဦးက ပြောကြား သွားသည်။

ဇော်မိုင်

oppositeyes

No comments:

Post a Comment