Monday, November 17, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် သြစတြေးလျ-မြန်မာကုန်သည်ကြီးများအသင်း ညစာစားပွဲ တက်ရောက်မိန့်ခွန်းပြောကြား

Photo: နိုင်ငံတော်သမ္မတဦးသိန်းစိန် သြစတြေးလျ-မြန်မာကုန်သည်ကြီးများအသင်း ညစာစားပွဲ တက်ရောက်မိန့်ခွန်းပြောကြား
===============================================

ရန်ကုန်၊ နိုဝင်ဘာ ၁၆

 မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းက သြစတြေး လျနိုင်ငံ ဘရစ္စဘိန်းမြို့တွင် ကျင်းပနေသည့်ွ-၂ဝ ထိပ်သီးအစည်းအဝေး အပိုင်း(၂) ကမ္ဘာ့စီးပွားရေး ရေရှည်တည်တံ့မှုဆွေးနွေးပွဲနှင့် အပိုင်း(၃) စွမ်းအင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အခွန်စနစ်ပြုပြင် ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကာ ထိုနေ့ညနေ ပိုင်းတွင် သြစတြေးလျ-မြန်မာကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ မစ္စတာဂလဲန်ရော်ဘင်ဆန် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့  တက်ရောက်၍ မိန့်ခွန်းပြော ကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် အချက် အချာကျသည့် တည်နေရာ၊ ကောင်းမွန်သည့်ဈေးကွက် အနေအထားနှင့် စွမ်းအင်မြင့်မားသည့် လုပ်သား အင်အားများသာမက နိုင်ငံတော်အစိုးရ၏ ဆောင် ရွက်နေသည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကြောင့် အာရှတိုက်တွင် နောက်ဆုံးထွက်ပေါ်လာသည့် စီးပွား ရေးနယ်မြေတစ်ခုဖြစ်ကြောင်း၊  သြစတြေးလျနိုင်ငံနှင့် နီးကပ်စွာဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန်၊ နှစ် နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့်ရန်၊ နှစ်နိုင်ငံအကြား ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ စေရန် ကတိပြုကြောင်းဖော်ပြထားသည်ကို တွေ့ရ သည်။ 

သြစတြေးလျနှင့် မြန်မာနိုင်ငံတို့၏ ကုန်သွယ်မှု သည် ၃၈ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၃ဝ နီးပါးထိ တိုးတက်လာခဲ့ကာ သြစတြေး လျနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ ၃၂ဒသမ၅ သန်းကျော်ဖြင့် မြန်မာနိုင်ငံအတွင်း ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၃ဝ အနက် အဆင့် ၂ဝတွင်ရှိကြောင်း သိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းက သြစတြေး လျနိုင်ငံ ဘရစ္စဘိန်းမြို့တွင် ကျင်းပနေသည့်ွ-၂ဝ ထိပ်သီးအစည်းအဝေး အပိုင်း(၂) ကမ္ဘာ့စီးပွားရေး ရေရှည်တည်တံ့မှုဆွေးနွေးပွဲနှင့် အပိုင်း(၃) စွမ်းအင် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး အခွန်စနစ်ပြုပြင် ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကာ ထိုနေ့ညနေ ပိုင်းတွင် သြစတြေးလျ-မြန်မာကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ မစ္စတာဂလဲန်ရော်ဘင်ဆန် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြော ကြားခဲ့သည်။



နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် အချက် အချာကျသည့် တည်နေရာ၊ ကောင်းမွန်သည့်ဈေးကွက် အနေအထားနှင့် စွမ်းအင်မြင့်မားသည့် လုပ်သား အင်အားများသာမက နိုင်ငံတော်အစိုးရ၏ ဆောင် ရွက်နေသည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကြောင့် အာရှတိုက်တွင် နောက်ဆုံးထွက်ပေါ်လာသည့် စီးပွား ရေးနယ်မြေတစ်ခုဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံနှင့် နီးကပ်စွာဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ရန်၊ နှစ် နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးမြှင့်ရန်၊ နှစ်နိုင်ငံအကြား ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ စေရန် ကတိပြုကြောင်းဖော်ပြထား သည်ကို တွေ့ရ သည်။

သြစတြေးလျနှင့် မြန်မာနိုင်ငံတို့၏ ကုန်သွယ်မှု သည် ၃၈ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၃ဝ နီးပါးထိ တိုးတက်လာခဲ့ကာ သြစတြေး လျနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ ၃၂ဒသမ၅ သန်းကျော်ဖြင့် မြန်မာနိုင်ငံအတွင်း ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၃ဝ အနက် အဆင့် ၂ဝတွင်ရှိကြောင်း သိရသည်။

Democracy today

No comments:

Post a Comment