Monday, November 17, 2014

အိုးထရက်ဖို့ဒ်မှာ အားပြိုင်ကြဦးမည့် မက်ဆီနှင့် စီရော်နယ်ဒို

Photo: အိုးထရက်ဖို့ဒ်မှာ အားပြိုင်ကြဦးမည့် မက်ဆီနှင့် စီရော်နယ်ဒို
Monday, November 17, 2014

မော်ဒန်ဘောလုံးလောကတွင် နာမည်ကျော်ကြားလာခဲ့ကြသည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ အားပြိုင်မှုကို အိုးထရက်ဖို့ဒ်ကွင်းတွင် မြင်တွေ့ကြရဦးမည်ဖြစ်သည်။

အကြောင်းမှာ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့ရှိ အိုးထရက်ဖို့ဒ်ကွင်းတွင် လာမည့် အင်္ဂါနေ့ညနေ၌ အာဂျင်တီးနားနှင့် ပေါ်တူဂီတို့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ် ခြင်းကြောင့်ပင်။

လာလီဂါတွင် ရီးရဲလ်၊ ဘာစီလိုနာနှင့်အတူ မဟာပြိုင်ဘက်များဖြစ်ခဲ့ရုံသာမက တစ်ဦးချင်းစွမ်းဆောင်ရည်များတွင်လည်း ပြိုင်ဆိုင်နေကြသူနှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် ယခုတစ်ဖန်အိုးထရက်ဖို့ဒ်ကွင်း၌ ပြန်လည်ဆုံစည်းရန် အကြောင်း ဖန်လာခဲ့သည်။

အာဂျင်တီးနားအသင်းအတွက် မက်ဆီသည် သူရဲကောင်းတစ်ဦးဖြစ် နေပြီး စီရော်နယ်ဒိုမှာ ပေါ်တူဂီအတွက် မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်နေခဲ့သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့် အာမေးနီးယားနှင့်ပွဲစဉ်၌ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်သကဲ့သို့ တိုမက်ဆင်တင်ထားသည့် ယူရိုပြိုင်ပွဲတစ် လျှောက် ဂိုးအများဆုံးသွင်းယူထားသည့် စံချိန်ကို၂၃ ဂိုးဖြင့် ချိုးဖျက်ထားနိုင်ခဲ့သူလည်း ဖြစ်သည်။

ထို့အပြင် မန်ယူအသင်းနှင့်အတူ ကစားသမားဘဝအောင်မြင်လာရန် စတင် ခဲ့သည့် စီရော်နယ်ဒိုအနေဖြင့် အိုးထရက်ဖို့ဒ်သို့ တစ်ကျော့ပြန်ခြေချခွင့်ရရှိခဲ့ကာ ပြီးခဲ့ သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် မက်ဆီ၏ အာဂျင်တီးနားအသင်းနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

အဂူရို၊ ဒီမာရီယာ၊ မက်ဆီစသည့် ကမ္ဘာကျော်ကစား သမားများပါဝင်နေသည့် အာဂျင်တီးနားကို အင်္ဂလန်မြေတွင် ပေါ်တူဂီအသင်းအနိုင် ကစားနိုင်ခြင်းရှိမရှိထက် ကွင်းအတွင်းက မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ ပြိုင်ဆိုင်မှုက ပရိသတ်ကို ပိုပြီးဆွဲဆောင်နေခဲ့သည်။

အယ်လ်ကလာစီယိုပွဲစဉ်များတွင်လည်း ပရိသတ်ကိုဆွဲဆောင်နေသည်မှာ လက်ရှိ အချိန်၌ မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ ပြိုင်ဆိုင်မှုပင်ဖြစ်ပြီး ထိုပြိုင်ဆိုင်မှုများကပင် ခြေစမ်းပွဲကို အသက်ဝင်စေဦးမည်မှာ သေချာနေသည်။

အင်္ဂလန်တွင် အခြေစိုက်ကာ ခြေစမ်းပွဲများကစားနေသည့် တောင်အမေရိကအသင်းများ အနေဖြင့် အမာခံပရိသတ် များရရှိစေရန်မှာလည်း ဆွဲဆောင်မှုရှိသည့်ကစားဟန်နှင့် ပရိသတ်ကြိုက်မည့် ကစား သမားများ ပါဝင်ရန်မှာလည်း အရေးပါနေသည်။

ပြိုင်ပွဲမတိုင်မီ မက်ဆီအား စီရော် နယ်ဒိုက ဆိုရှယ်ဝက်ဘ်ဆိုက်များမှ ဆဲဆိုသည့် အသုံးအနှုန်းများဖြင့် ပြောကြားခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်မှုကလည်း ပွဲအပေါ် ပရိသတ်များ စိတ်ဝင်စားမှုမြင့် တက်စေရခြင်းဖြစ်သည်။

သို့သော်လည်း စီရော်နယ်ဒိုက မိမိအနေဖြင့် ပရော်ဖက်ရှင်နယ်ကစားသမားများ အပေါ် လေးစားမှုရှိကြောင်းနှင့် မက်ဆီအပေါ်တွင်လည်း ရိုင်းပျစွာပြောဆိုခဲ့ခြင်းမရှိ ကြောင်းဖြင့် တုံ့ပြန်ပြောဆိုထားသည်။

သွင်ပြင်လက္ခဏာအရ စီရော်နယ်ဒိုမှာ နူးညံ့ ပျော့ပြောင်းသူတစ်ဦးအဖြစ် မိသားစုအပေါ်တွင် တာဝန်ကျေပွန်သူဖြစ်သည်။ ထို အချိန်တွင် ဝင်ငွေခွန်ရှောင်လွဲမှုဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည့် မက်ဆီမှာ ခက် ထန်ကြမ်းတမ်းသူတစ်ဦးဖြစ်နေခဲ့သည်။

ချစ်သူမော်ဒယ်များဖြင့် လောကကို ဖြတ် သန်းနေကြသူများဖြစ်ခြင်းမှာတော့ သူတို့နှစ်ဦး၏ တူညီသောအချက်ဖြစ်ပြီး အခြား သောခံစားမှုများမှာ ကွဲပြားခြားနားနေကြသည်။

၂ဝ၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအနေဖြင့် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရ ခြင်းကြောင့် စီရော်နယ်ဒို၏ နိုင်ငံတကာ ဘောလုံးဇာတ်ခုံတွင် အနည်းငယ်မှေးမှိန်ခဲ့ ရသည်။

မက်ဆီမှာမူ အာဂျင်တီးနားအသင်းနှင့်အတူ ဗိုလ်လုပွဲအထိ တက်လှမ်းလာနိုင် ခဲ့ပြီး မာရာဒိုနာကဲ့သို့ ချန်ပီယံဆုကို အရမယူနိုင်ခဲ့သော်လည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့သည် အထိအောင်မြင်ခဲ့သည်။

ထိုသို့နိုင်ငံ တကာဘောလုံးသမားဘဝတွင် စီရော်နယ်ဒိုမှာ မက်ဆီကဲ့သို့ အောင်မြင်အောင်စွမ်း ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

အကောင်းဆုံးဆုများအတွက် အပြိုင် ဖြစ်နေကြသည့် မက်ဆီနှင့် စီရော်နယ်ဒို တို့ ထိပ်တိုက်တွေ့ဆုံနေကြချိန်တွင် အိုးထရက်ဖို့ဒ်၌ ခြေစွမ်းပြနိုင်သူက မည်သူ ဖြစ်လာမည်နည်း။

အိုးထရက်ဖို့ဒ်သို့ တစ်ကျော့ပြန်လည်ရောက်လာသည့် စီရော်နယ် ဒိုလား သို့မဟုတ် ကမ္ဘာ့ဖလားတွင် အကောင်းဆုံးဆုရယူထားနိုင်ခဲ့သည့် မက်ဆီလား ဆိုသည်မှာတော့ မန်ချက်စတာမြို့တွင် အားပြိုင်ကြမည့် အာဂျင်တီးနားနှင့် ပေါ်တူ ဂီတို့ပွဲစဉ်က သက်သေပြသွားပေလိမ့်မည်ဖြစ်သည်။

AST
Yangon Media Group

No comments:

Post a Comment