Wednesday, November 19, 2014

ဝန်ကြီးဟောင်း ဦးအောင်ကြည်နှင့် စကားစမြည်

အပိုင်း (၁) အတိုက်အခံခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှု၊ အသွင်ကူးပြောင်းရေး စပ်ကူးမပ်ကူးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး။

ကျွန်တော်စပြီးတော့ မေးချင်တာက အသွင်ကူးပြောင်းမှုမလုပ်ခင် ကာလလေးပေါ့။ အဲဒီကာလလေးမှာ ပါခဲ့တာ အထူးသဖြင့်တော့ အဓိက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ညှိနှိုင်းရေးမှာ အဲဒီကာလကို ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် မိမိအနေနဲ့ အားမရခဲ့တာ၊ ဒါမှမဟုတ် လုပ်သင့်လျက် နဲ့ မလုပ်နိုင်ခဲ့တာ ရှိလား။ ပြီးတော့ အဲဒီကာလ ဆွေးနွေးခဲ့တဲ့ အဆင့်အထိ ရောက်လာတာလေးတွေကို ပြန်ကြည့်ပြီးတော့ ဘယ်လိုဟာမျိုး အချက်တွေ အဓိကထား ဆွေးနွေးခဲ့ရတာလဲ။ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ အဲဒါလေးခြုံပြီး ပြောပြစေချင်တယ်။

အခု ခင်ဗျားမေးတာတော့ ကျွန်တော်တို့ တပ်မတော်အစိုးရကာလ ကျွန်တော် ထမ်းဆောင်ခဲ့တဲ့ ဆက်ဆံရေးဝန်ကြီး တာဝန်တစ်ရပ် ထမ်းဆောင်ခဲ့စဉ်မှာ လုပ်တဲ့အလုပ်တွေနဲ့ပတ်သက်ပြီး မေးတာလို့ ကျွန်တော် ထင်ပါတယ်။ အဲဒီတော့ ဒီဥစ္စာဖြေတဲ့အခါမှာ ကျွန်တော့်မှာ နည်းနည်းကန့်သတ်ချက်ရှိတယ်။ အဲဒါက ဘာလဲလို့ဆိုတော့ ကျွန်တော်တို့ ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေကို ကျွန်တော်တို့ သဘောတူညီမှုတစ်ခု ရှိပါတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့သော် လည်းကောင်း၊ ကျွန်တော့် အနေနဲ့သော် လည်းကောင်း မှတ်တမ်းတစ်ခုခု ထုတ်မယ်ဆိုလို့ ရှိရင် နှစ်ဦးသဘောတူပြီးမှ ထုတ်ပါဆိုတဲ့ သဘောတူညီချက်လေးတစ်ခု ရှိပါတယ်။ အဲဒါကြောင့် အဲဒီကာလတုန်းက ဆွေးနွေးတဲ့ အကြောင်းအရာ တွေကိုတော့ ကျွန်တော်က ယေဘုယျလောက်ပဲ ပြောနိုင်ပါမယ်။ အဲဒီတုန်းက ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာက အဓိကကတော့ Common Ground (ဘုံတူညီချက်)ကို ရှာတာပါ။ သူ့ဘက်က ဘယ်လို လိုအပ်ချက်တွေရှိသလဲ၊ ဘာတွေဖြစ်စေချင်သလဲ၊ ကျွန်တော်တို့ဘက်က ဘာတွေဖြစ်စေချင်သလဲ။ ဒီနှစ်ခုကို ဘုံသဘောတူညီချက်ပေါ့လေ၊ အဲဒါလေး ထွက်ပေါ်လာအောင်ကြိုးစား အားထုတ်ခဲ့တာပါ။ အဲဒီမှာ ထွက်ပေါ်လာတဲ့ ဘုံသဘောတူညီချက်ကတော့ ကျွန်တော်တို့ အများပြည်သူ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ဖို့ဆိုတဲ့ သဘောထားလေးပါပဲ။ ဒီ ပူးပေါင်းဆောင်ရွက် မယ့် သဘောထားလေးတွေက အဓိကရရှိတဲ့ ရလဒ်ပါ။ အဲတော့ ဒီဆွေးနွေးပွဲတွေက ဘာကြောင့် ဖြစ်လာ ရလဲဆိုတဲ့ အခါကျတော့ အဲဒီအချိန်ကာလတုန်းက အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရ ကုလသမဂ္ဂကရော၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကရော တောင်းဆိုမှုတွေ ရှိနေခဲ့ တယ်။ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းမှုတွေ ရှိနေခဲ့တယ်။

နိုင်ငံတော် အစိုးရအနေနဲ့ကလည်း တခြားတခြားသော နည်းလမ်းတွေနဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ ကြိုးစား အားထုတ်ခဲ့ပေမယ့် အောင်မြင်မှု မရှိခဲ့ဘူး။ အောင်မြင်မှု မရှိတဲ့အခါကျတော့ တွေ့ဆုံဆွေးနွေးတဲ့နည်း လမ်းကို စပြီးတော့ ဖွင့်ပေးရင် ကောင်းမလား ဒီလိုဆွေးနွေးတာပါ။ ဒီလို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်း ကို စတင်ဖွင့်ပေးခြင်းအားဖြင့် ဒီအကျပ်အတည်းတွေ ဒီပြဿနာ အခက်အခဲတွေကနေပြီးတော့ ထွက်မြောက် မယ့်လမ်းစ ပေါ်လာမလား ဆိုတဲ့ ဒီလိုရည်မှန်းချက်မျိုးနဲ့ ဆွေးနွေး ဖြစ်တယ်။ အဲဒီ ဆွေးနွေးတဲ့နေရာမှာ တော့ အဓိကကျတဲ့ အချက်အလက်လေးတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲဒီအချိန်တုန်း က နေအိမ်မှာပဲနေခဲ့ရတဲ့ ကာလဖြစ်နေတော့ ပြင်ပနဲ့ ဆက်ဆံမှုပြတ် တောက်ခဲ့နေတာဆိုတော့ ပါတီ ဃနဃ အဖွဲ့တွေနဲ့ ပြန်လည်တွေ့ဆုံတဲ့ကိစ်္စတွေ၊ တွေ့ဆုံဖို့ကိစ္စတွေ၊ နောက် ကျွန်တော်တို့ တချို့ အကျဉ်းကျခံနေရတဲ့ တချို့လူကြီးတွေ ကိစ္စတွေ၊ လွတ်မြောက်ရေးကိစ္စတွေ၊ ဒါတွေ ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲဒါတွေဟာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရခဲ့ပါတယ်။

အဲလိုဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ မလုပ်လိုက်ရတဲ့ မလုပ်ဖြစ်လိုက်ဘူးလို့ ထင်တဲ့ ဆန္ဒမျိုးကတော့ သိပ်ထွေထွေထူးထူး မရှိပါဘူး။ ဒါပေမဲ့ ကာလအားဖြင့် စဉ်းစားကြည့်တဲ့အခါကျတော့ ကျွန်တော်တို့ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က ပထမအကြိမ် ဆွေးနွေး တာပေါ့။ နောက်ဆုံး ကိုးကြိမ်မြောက် ဆွေးနွေးတာကတော့ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလအထိ ရောက်လာတယ်။ အဲဒီလောက်အတွင်းမှာ ကျွန် တော်တို့ ဆွေးနွေးဖြစ်တာပေါ့။ အဲဒီတုန်းက ကျွန်တော့် စိတ်အထင်ပေါ့လေ။ အခုနေ ပြန်ပြီး စဉ်းစားလိုက် တဲ့ အခါကျတော့ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပါဝင်နိုင် အောင် တိုက်တွန်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ပိုပြီးတော့ အားဖြစ် လာလိမ့်မလားဆိုတာ လေးတစ်ချက်ပဲ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလေး ကိုယ်ထမ်းဆောင်မှုနဲ့ ပတ် သက်ပြီး သံသယဖြစ်မိတာလေးပေါ့။ ဒါလေး တစ်ချက်ပဲ ရှိပါတယ်။ ကျန်တာတွေကတော့ မရှိပါဘူး။ ကျွန် တော်တို့နှစ်ဖက် အပေးအယူနဲ့ညှိနှိုင်းပြီး ဆောင်ရွက်သွားကြတဲ့သဘောပါပဲ။

အဲဒီကာလတုန်းကရခဲ့တဲ့ Co- mmon Ground သဘောတူညီချက်တွေထဲက အခုအနေအထားနဲ့ ပြန် ကြည့်မယ်ဆိုရင် အခုလည်း အသွင်ကူးပြောင်းရေးကာလက အတိုင်းအတာတစ်ခုအထိ အရှိန်အဟုန်နဲ့ သွားနေပြီ။ သုံးနှစ်ကျော် ကာလအတွင်းကနေ ပြန်ကြည့်တဲ့ အခါကျတော့ အဲဒီ Co- mmon Ground ကနေ ချော်ထွက်သွားတာမျိုးများ နှစ်ဖက်ပေါ့။ နှစ်ဖက်စလုံး က ဒါမှမဟုတ် တစ်ဖက်ဖက်က ရှိတယ်လို့ ထင်သလား။

ဒီမှာက နှစ်ပိုင်းရှိတာပေါ့။ အခု ခင်ဗျားကို ကျွန်တော်ဆွေးနွေးတာက ကျွန်တော်တို့ တပ်မတော် အစိုးရ ကာလမှာ ကိုးကြိမ်မြောက် ဆွေးနွေး တဲ့အပိုင်းပေါ့။ အဲဒီမှာပေါ့ Co- mmon Ground က ဒီလောက်လေး ပဲ ကျွန်တော်တို့ရတယ်။ ဒါပေမဲ့လည်း သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာ ကျွန်တော်တို့ လေးကြိမ် ဆွေးနွေးဖြစ်ပါတယ်။ အဲတော့ အဲဒီလေးကြိမ်ဆွေးနွေးတဲ့ အထဲမှာ အဓိကကျတဲ့ ဒုတိယအကြိမ်ပေါ့။ အဲ့ဒီ ဒုတိယအကြိမ်က သြဂုတ် ၁၂ ရက်မှာ ဆွေး နွေးတာပါ။ အဲဒီတော့ အဲဒီ သြဂုတ် ၁၂ ရက်မှာ ဆွေးနွေး တာကျတော့ ကျွန်တော်တို့ နှစ်ဖက်စလုံးကနေ ပူးပေါင်းပြီးဆောင်ရွက်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကလေး၊ သဘောတူညီချက်ကလေး တစ်ခုရတယ်။

နောက် လူမှုရေး၊ စီးပွားရေး လုပ်ငန်းတွေမှာ အတူလက်တွဲပြီး ဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီချက် တွေလည်းရတယ်။ ကျွန်တော် အဲဒီတုန်းက သတင်းထုတ်ပြန်ပေးပါတယ်။ အဲဒီ သတင်းထုတ်ပြန်ချက် ပြန် ကြည့်လိုက်ရင်လည်း တွေ့ပါမယ်။

နောက်တစ်ချက်ကတော့ အပြန်အလှန်ကူညီသော ပူးပေါင်းဆောင်ရွက်မှု (Reciprocal Basis) ကျွန်တော် တို့ ဒီလိုလေး လုပ်ဆောင်သွား မယ်လို့ သဘောတူထားတာ ရှိတယ်။ ကျွန်တော်တို့ ဒီကာလ အတွင်းမှာ ရရှိတဲ့ သဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့ အကောင်အထည်ဖော်တဲ့ အပိုင်းမှာတော့ စိတ်ထဲမှာ အား ရကျေနပ်လောက်အောင် ဒီအခြေအနေကို အကောင်အထည်ဖော်နိုင်တယ် လို့တော့ ကျွန်တော်တော့ မထင်ပါဘူး။ သို့ရာတွင် အတိုင်းအတာတစ်ခုအထိတော့ အကောင်အထည်ဖော်တာ ရှိပါတယ်။ ပူးပေါင်း ဆောင်ရွက်တာရှိတယ်။

အဲဒီအပိုင်းမှာလည်း ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့သော်လည်းကောင်း ဝင်တယ်၊ ထွက်တယ်၊ သွားတယ်၊ လာတယ်။ ဒါဟာလည်း ပူးပေါင်းဆောင်ရွက်မှုလေးတွေပါပဲ။ တချို့ကိစ်္စလေးတွေ ကျွန်တော်တို့ အတူတကွ ဆောင်ရွက်ကြတာလေးတွေ ရှိတဲ့အခါကျတော့ အဲဒီတုန်းက သြဂုတ်၊ ၁၂ ရက်တုန်းကရရှိခဲ့တဲ့ သဘောတူညီချက်က အတိုင်းအတာတစ်ခုအထိ ဒီဘက်ပိုင်းမှာ အသုံးဝင်တယ်။ ဖြစ်ထွန်းမှု ရှိတယ်လို့ ကျွန်တော်က ဒီလိုပဲ ပြောချင်ပါတယ်။

တပ်မတော်အစိုးရ ကာလကရော၊ အခု နောက်ပိုင်းသမ္မတဦးသိန်းစိန် တက်တဲ့ ကာလမှာရော နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ ကျွန်တော် နားလည်တာကတော့ အသိအမှတ်ပြုမှု Respect နဲ့ Recognition အဲဒီ အပေါ်မှာပဲ အခြေခံပြီးတော့ ဆွေးနွေးကြတယ်လို့ ကျွန်တော် နားလည်တယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစု ကြည်ကို အဓိကကျတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုခေါင်းဆောင်အနေနဲ့ တပ်မတော် အစိုးရကရော၊ သမ္မတဦးသိန်းစိန် အစိုးရကရော လက်ခံပြီးတော့ ဆွေးနွေးတာလား။ ဒါမှမဟုတ် သူ့ရဲ့အခန်းကဏ္ဍတစ်ခု အနေနဲ့ပဲ ကျန်တဲ့ Stakeholder တွေလည်း ရှိမယ်ဆိုပြီး ဆွေးနွေးတာလား မသိဘူး။ ဘယ်လိုမျိုး အခြေခံ ပေါ်မှာမူတည်ပြီး ဆွေးနွေးတာလဲ မသိဘူး။

ကျွန်တော့်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးလိုက်စဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ဆိုတာ တစ်ချက်ပဲ။ ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေအနေနဲ့က တွေးထားတာ ရှိပါတယ်။ တခြား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ဆိုတဲ့ကိစ္စ မပါပါဘူး။ ဒါက တပ်မတော်အစိုးရ လက်ထက် ကပါ။ နောက် ဒီဘက်ကာလမှာလည်း ဒီအတိုင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ ပါတီတွေ၊ အဖွဲ့အစည်းတွေ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့၊ ညှိနှိုင်းဖို့၊ အခုလုပ်သလိုပေါ့လေ ပုံစံမျိုးနဲ့ လုပ်ဖို့ဆိုတာမျိုးတွေ ကျွန်တော့်မှာ ရည်မှန်းချက်ပေး မထားပါဘူး။ မစ်ရှင်အနေနဲ့လည်း ပေးမထားပါဘူး။

ဒီဟာနဲ့ စပ်ဆက်ပြီးတော့ မနေ့က (အောက်တိုဘာ ၃၁ ရက်) ဆိုရင် နေပြည်တော်မှာ နိုင်ငံခေါင်းဆောင် ကြီးတွေ၊ အရေးပါတဲ့ နိုင်ငံရေး အင်အားစုတွေ ၁၄ ယောက်ထဲက တွေ့ဆုံဆွေးနွေးတယ်။ တစ်ဖက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရော ဒေါ်အောင်ဆန်းစုကြည် ကရော တစိုက်မတ်မတ် သူတို့ပြောလာတာ က သူတို့နဲ့ စကားပြောပါ။ နောက်ပိုင်းမှာ ကြီးလေးကြီးပေါ့။ အဲဒီမှာ ကျွန်တော့် အနေနဲ့ မြင်တာက Fundamental (အဓိက) ကွာဟချက်က တစ်ဖက်က တပ်မတော်အစိုးရရော၊ သမ္မတဦးသိန်းစိန် အစိုးရ ဘက်ကရော မြင်တာက မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ အားလုံး Exclusive ပေါ့။ ကျန်တဲ့ဟာတွေလည်း ပါမယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမြဲတမ်း တစိုက်မတ်မတ်ပြောနေတာက သူတို့က အရေး ကြီးတဲ့ နိုင်ငံရေးအင်အားစု သူတို့နဲ့ အဓိကထားပြီး ဆွေးနွေးရမယ်။ ဆိုတော့ အဲဒီကွာဟချက် အခုအချိန်ထိ ရှိသေးတယ်လို့ ကျွန်တော်မြင်တယ်။ ဟိုးကာလကတည်းက အခုထိပေါ့နော်။ အခုဆိုရင် ကြီးလေးကြီးဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး မဟုတ်ဘဲနဲ့ ကျန်တာတွေပါ ပါတယ်။ Exclusive လို့တော့ ပြောလို့ရတာပေါ့ လေ။ ဒါက ကျွန်တော်မြင်တာပါ။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။ ဘယ်လို သုံးသပ်ပါလဲခင်ဗျ။

ကျွန်တော့်အနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးမှုမှန်သမျှဟာ နိုင်ငံတော်အတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေ ချည်းပဲလို့ ဒီလိုပဲ မြင်ပါတယ်။ တစ်ဦးချင်းဆွေးနွေးရင်လည်း အကျိုးရှိတာပဲ။ နှစ်ဦးနှစ်ဖက် ဆွေးနွေးရင် လည်း အကျိုးရှိတာပဲ။ အများနဲ့ပေါင်းပြီး ဆွေးနွေးရင်လည်း အကျိုးရှိတာပဲ။ ဒါပေမဲ့ ဆွေးနွေးတဲ့ Scope အပိုင်းမှာ ကျတော့ ကျွန်တော်တို့က ပါဝင်ဆွေးနွေးတဲ့ အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ ယေဘုယျဆန်သွားတာနဲ့ Particularly ဆွေးနွေးတာနဲ့ ဒီလိုလေးတွေတော့ ကွာခြားသွားနိုင်ပါတယ်။ ဒါကတော့ နိုင်ငံတော် အစိုးရရဲ့ရွေးချယ်မှုနဲ့ အစီအစဉ်ပါပဲ။ ကျွန်တော့်အစီအစဉ်၊ ကျွန်တော့်စိတ်ဆန္ဒအရ ပြောရမယ် ဆိုရင်တော့ ဘယ်သူနဲ့မဆို ဘယ်အချိန်အခါမဆို ဆွေးနွေးနေကြစေချင်ပါတယ်။

အဲဒီအပြောင်းအလဲ မစခင်လေးမှာ တော်တော်ကြီးကို အရေးပါတဲ့ အခန်းကဏ္ဍက ကိုယ်တိုင်ပါဝင်ခဲ့တဲ့ နေရာမှာ အထူးသဖြင့်တော့ ILO ပေါ့။ တပ်မတော်အစိုးရ လက်ထက်မှာ မြန်မာအစိုးရကို Punitive Actions (ဒဏ်ခတ်မှု) တွေပေါ့။ ပိတ်ဆို့မှု ယူခဲ့တဲ့အထဲမှာ ILO ကနေ နိုင်ငံတကာ အဖွဲ့အစည်းတွေ။ ဆိုတော့ ILO ရဲ့ သဘောထားတွေ ပြောင်းလာအောင်၊ မြန်မာပြည်တွင်းမှာပြန်ပြီး လုပ်လာအောင် မြန်မာအစိုးရကလည်း လက်ခံလာအောင်၊ တပ်မတော် အစိုးရကလည်း လက်ခံလာအောင် လုပ်ခဲ့တဲ့အပိုင်းမှာ ပါခဲ့တယ်လို့ ကျွန်တော်က နားလည်တယ်။ အဲဒီဟာ လုပ်တဲ့နေရာမှာ နံပါတ်တစ်ကတော့ ဘယ်သူက လုပ်ခိုင်းတာလဲ။ တပ်မတော်အစိုးရရဲ့ အမိန့်ကြောင့်လား။ ဒါမှမဟုတ် ကိုယ့်ရဲ့ Initiative လား။ နောက် တစ်ခုကတော့ ဘယ်လို အခက်အခဲတွေ၊ ဘယ်လိုမျိုးရင်းနှီးမှုပေါ့။ အထူးသဖြင့်တော့ နိုင်ငံတကာ Com-munity လို့ ခေါ်တဲ့ ILO အပါအ၀င် သူတို့နဲ့ စတင်ထိတွေ့မှုကို ဘယ်လိုမျိုး တည်ဆောက်ခဲ့သလဲ။

အဲဒါက ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲပေါ့ဗျာ။ တကယ်တမ်း ပြောရမယ်ဆိုရင် အဓမ္မခိုင်းစေမှုကို အကြောင်းပြုပြီးတော့မှ မြန်မာနိုင်ငံ အပေါ်မှာ အရေးယူဆောင်ရွက်မှုတွေလုပ်ခဲ့တာ ၁၉၉၇ ခုနှစ်လောက် တည်းက စလုပ်ခဲ့တာပါ။ အဲဒီတုန်းက စုံစမ်းစစ်ဆေးရေး ကော်မရှင် တို့ဘာတို့ ဆိုတာရှိခဲ့ပါတယ်။ ကျွန် တော်တို့ ဖွဲ့စည်းပေးတာတွေ ရှိတယ်။ ကျွန်တော်တို့ ဒီထဲကိုဝင်ရတာ အခက်အခဲရှိတာလေးတွေ ရှိတယ်။ အဲဒီတုန်းကနေစပြီး တကယ်တော့ ဖြေရှင်းဖို့အစကတည်းက လုပ်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ဖြေရှင်း နိုင်တဲ့ အနေအထားတွေ ရှိသော်လည်းပဲ ဖြေရှင်းတဲ့နေရာမှာ Defensive ပေါ့လေ။ ကိုယ့်ကိုယ်ကို ကာ ကွယ်ပြီးတော့ ဖြေရှင်းတဲ့နည်းလမ်းတွေကို ကျွန်တော်တို့က ကျင့်သုံးနေကြတဲ့အခါကျတော့ ပြဿနာဟာ မလိုလားအပ်ဘဲ ကြီးထွားလာတာလို့ ကျွန်တော် ဒီလိုပဲ မြင်ပါတယ်။

ဆိုတော့ ပြန်စဉ်းစားလိုက်မယ်ဆိုရင် ၁၉၉၉ ခုနှစ်၊ (၈၇) ကြိမ်မြောက် ILO ညီလာခံပေါ့။ အဲဒီညီလာခံမှာ အမေရိကန် သမ္မတဘီကလင်တန် ကိုယ်တိုင်က ဆွစ်ဇာလန်အိုင်အယ်လ်အို ကွန်ဖရင့်ကို လာတက်တယ်။ တက်ပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့။ ဒီသ ဘောသက်ရောက်တဲ့ ဟိုဒင်းတွေကို ဒီညီလာခံကြီးမှာ ပြောကြားသွားခဲ့တာ။ အဲဒီ ပြောကြား ချက်ဟာ ပထမဆုံး ညီလာခံရဲ့ ဆုံးဖြတ်ချက်ပေါ့။ စုံညီ ညီလာခံပေါ့။ စုံ ညီညီလာခံရဲ့နောက်ဆုံးနေ့ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအပေါ်မှာ Sanction လုပ်ဖို့ဆိုတဲ့ Emergency Resolution ဆိုတာ ထွက်ပေါ်လာပါတယ်။ အဲဒီတော့ အဲဒီ Emergency Resolution မှာ မြန်မာနိုင်ငံ အတွက် အကူအညီမပေးဖို့တို့ နောက်တစ်ခုက အဆက်ဆံမလုပ်ဖို့။ အဓမ္မခိုင်းစေမှု မလျော့ပါးမချင်း ဒါမျိုးတွေ ပါလာတယ်။

အဲဒါလေးတွေက ILO လို Agency တွေထဲမှာ ၀ါရင့် Agency လည်း ဖြစ်တယ်။ နောက်တစ်ခါ နိုင်ငံ ပေါင်းစုံပေါ့။ အဲဒီအချိန်တုန်းကတော့ ၁၈၇ နိုင်ငံလောက် ရှိပါတယ်။ အစိုးရ ကိုယ်စားလှယ်တွေလည်းပါတယ်။ အလုပ်ရှင် ကိုယ်စားလှယ်တွေလည်း ပါတယ်။ အလုပ်သမားကိုယ်စားလှယ်တွေ လည်းပါတယ်။ အလွန်ကြီးမားတဲ့ ညီလာခံကြီးမှာ အဲဒီလို ညီလာခံကြီးမှာ ဒီလိုဆုံးဖြတ်လိုက်တဲ့ကိစ္စက အနာဂတ် Sanction တွေဖြစ်ပေါ်လာဖို့အတွက် လမ်းခင်းပေးသလို ဖြစ်သွားတာပေါ့။

ဒါက ၁၉၉၉ ခုနှစ်၊ နောက် ၂၀၀၀ ပြည့်နှစ်မှာကျတော့လည်း ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ အရှိန်က မြင့်လာတယ်။ ဘယ်လောက်ထိ မြင့်လာလဲဆိုတော့ ကျွန်တော်တို့ သက်ဆိုင်ရာ တိုင်း ပြည်တွေမှာရှိတဲ့ အစိုးရတွေ၊ အလုပ်ရှင်တွေ၊ အလုပ်သမားတွေ အားလုံးကို ILO အနေနဲ့ ခုနကပြောတဲ့ တားမြစ်ချက်တွေကို ထပ်ဆင့်ထုတ်ပြန်တာတွေ ရှိတယ်။ နောက် ECOSOC (Economic and Social Council) လို့ခေါ်တဲ့ စီးပွားရေးနဲ့ လူမှုရေးကောင်စီမှာလည်း ILO က တက်ရောက်ပြီး ဆွေးနွေးတင်ပြလာ တာတွေ ရှိလာတယ်။

ရှိလာတဲ့အခါကျတော့ နောက်ဆုံးမှာ အားလုံးသတိထားမိကြမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ ဆိပ်ကမ်းတွေမှာ တင်တာချတာ မလုပ်ဖို့ တားမြစ်တဲ့ အနေအထားအထိ ရောက်လာတယ်။ ဒါဟာ တော်တော်လေးကြီးမားပြီး တော်တော်လေး နိုင်ငံအပေါ်မှာ ထိခိုက်စေတဲ့ ကိစ္စတွေပါပဲ။

အကြောင်းတိုက်ဆိုင်စွာပဲ ကျွန်တော်ဟာ အဲဒီအချိန်အခါမှာ အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ်သော်လည်းကောင်း နောက်ပိုင်း မှာ ဝန်ကြီးအဖြစ်နဲ့သော်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိတဲ့ အချိန်နဲ့သွားပြီး ကြုံကြိုက်တာပါ။ ကြုံ ကြိုက်တဲ့အခါကျတော့ ဘယ်သူကမှ မင်း ဒီ ILO ပြဿနာကို ပြီးအောင်ဖြေရှင်းဆိုပြီး ဒီလို Mission ပေးတာတော့ မရှိပါဘူး။ ဒီလို Mission မျိုးပေးလို့လည်း မရဘူး လေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ဖြစ်နိုင်ဖွယ်အကြောင်းအချက်တွေက သိပ်များတာကိုး။Causes တွေ သိပ်များတော့ ဒီ Causes တွေကိုလည်း ဒီ Mission ကို တစ်ယောက်တည်း တာဝန်ပေးဖို့ဆိုတာ တကယ့် တကယ်တော့ သိပ်သဘာဝမကျဘူးလို့ အယူရှိတယ်။ ဒါပေမဲ့လည်း ကျွန်တော့်အနေနဲ့ Responsibility ရှိ တဲ့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ ၀န်ကြီးတစ်ယောက် အနေနဲ့ ဒီအချိန်မှာ ငါဘာအကောင်းဆုံး လုပ်ပေးနိုင်မလဲ။ ငါ့နိုင်ငံအတွက်ပေါ့။ ဒီလိုမျိုး စဉ်းစားပါတယ်။ စဉ်းစားပြီးတော့ ဒီပြဿနာတွေကို ငါဘယ်လို မျိုး ဖြေရှင်းမလဲ။ ဒီပြဿနာဟာ နိုင်ငံတော်ရဲ့ပြဿနာ ဖြစ်သော်လည်းပဲ တကယ့် Focal Ministry ပေါ်မှာ ပိုပြီး တော့ ကျရောက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေကို လေ့လာတယ်၊ ဆွေးနွေးတယ်။ တချို့ဟာလေးတွေကိုလည်း Compromise အပေးအယူ လုပ်ရတာ ရှိပါတယ်။

အဲတော့ အဲဒီလိုလုပ်ရင်း လုပ်ရင်းနဲ့ ကျွန်တော်ကILO ညီလာခံကို လေးကြိမ်လောက် သွားတက်ဖြစ်တာ ပေါ့။ အဲဒီမှာလည်း ကျွန်တော် တို့က ဆွေးနွေးတယ်။ သက်ဆိုင်တဲ့ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ လည်း ကျွန်တော်ကိုယ်တိုင်လိုက်ပြီးတော့ တွေ့ဆုံတယ်။ အလုပ်ရှင် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံ တယ်။ နောက် ILO ရဲ့ ညွှန်ကြားရေးမှူးချုပ်တို့နဲ့လည်း တွေ့ဆုံပါတယ်

Mizzima

No comments:

Post a Comment