Wednesday, November 19, 2014

ပုဂ္ဂလိက စက်သုံးဆီ ဆိုင်ပေါင်း ၆၇ ဆိုင် အရေးယူခံရ

နေပြည်တော်၊ နိုဝင်ဘာ ၁၈။ ။နိုင်ငံတွင်း ယာဉ်အစီးရေတိုးတက်များ ပြားလာသည်နှင့်အမျှ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ ဖွင့် လှစ်ခွင့် ပေး ခဲ့သော်လည်း စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များ မလိုက်နာသည့် အတွက် အရေးယူခဲ့သည့်ဆိုင်ပေါင်း ၆၇ ဆိုင်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူး က ပြောသည်။

ု-၀န်ကြီးက “စက်သုံးဆီများ သတ်မှတ်အရည်အသွေး၊ အခြင်အတွယ် ပြည့်မီမှန်ကန်မှုမရှိကြောင်း စစ် ဆေးတွေ့ရှိရပါက စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင် စင် ယာယီပိတ်သိမ်းခြင်းမှ လုံးဝပိတ်သိမ်းခြင်း အထိ အရေးယူဆောင်ရွက်လျက်ရှိပါတယ်” ဟု အမျိုးသားလွှတ်တော်တွင် ဖြေကြားသည်။

ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် စက်သုံးဆီ အရည်အသွေးနှင့် အချင်အတွယ်တို့သတ်မှတ်ချက်ကိုက်ညီမှုမရှိသည့်အတွက်အရေး ယူခဲ့သောဆိုင်ပေါင်း ၆၇ ဆိုင်ရှိခဲ့ပြီး ၎င်းတို့ထဲ မှ ရောင်းချခွင့် သုံးလပိတ် ပင်ခံရသောဆိုင် ငါးဆိုင်အပြစ်ပေးခဲ့သည်ဟု စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက အမျိုးသားလွှတ်တော်သို့ ရှင်းပြသည်။

ပြည်သူလူထုသည် ၀ယ်ယူသုံးစွဲခဲ့သည့် စက်သုံးဆီအရောင်းဆိုင်များ၏ အရည်အသွေး၊ အချင်အတွယ်နှင့် ပတ်သက်၍ သံသယရှိပါက သက်ဆိုင်ရာ နေပြည် တော် ကောင်စီ၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများတွင် ဖွဲ့စည်းပေးထားသော ရေနံထွက်ပစ္စည်းများတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများထိန်း သိမ်းကြီးကြပ်ရေးဆပ်ကော်မတီများသို့ ဆက်သွယ် သတင်းပေးပို့ပါက စစ်ဆေးအရေးယူလျက် ရှိကြောင်း ဒု-၀န်ကြီးက ဖြည့်စွက် ပြောသည်။

အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဇ၀နက “ယာဉ်ပိုင်ရှင်များ၏ ဆန္ဒမှာ စက်သုံး ဆီဆိုင်များမှ အရည်အသွေး သတ်မှတ်ချက် အ တိုင်းရရှိရေးနှင့် အချိန်အတွယ် ပြည့်မီရေးကိုလို လားကြပါ တယ်။ ဒါပေမဲ့ အချို့သောဆိုင်များမှာ ရောင်ချသောစက်သုံးဆီ အရည်အသွေးမပြည့်မီခြင်းကြောင့် ယာဉ် စက်ပိုင်း ဆိုင်ရာချို့ယွင်းမှုတို့ကြောင့် မလိုလားအပ်သော ကုန်ကျစရိတ်များရှိနေပါတယ်” ဟု ထောက်ပြ ခဲ့ သည်။

ယင်းကဲ့သို့ အရည်အသွေးမပြည့်မီ သောစက်သုံးဆီရောင်းချခြင်းနှင့်အချိန်အတွယ်မပြည့်သော အရောင်း ဆိုင်များကို မည်ကဲ့သို့အရေးယူ ဆောင်ရွက်သွားရန် ရှိ မရှိမေးမြန်းမှုကို ဒု-၀န်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment