Wednesday, November 5, 2014

ယူနိုက်တက်အမရဘဏ် ငွေပြန်ထုတ်သူ နှစ်ဆမြင့် ဦးအောင်သောင်း သတင်းဂယက်ကြောင့် ဘဏ်အပ်ငွေနှင့်ထုတ်ငွေကွာဟမှု တစ်ရက်တည်း ကျပ် ၁၀ ဘီလီယံခန့်အထိရှိလာ

ဦးအောင်သောင်းကို အ မေရိကန်အစိုးရက စီးပွားရေးပိတ် ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက် ပြီးနောက် ပြင်ပ၌ ကောလာဟလ များထွက်ပေါ်ပြီး ယူနိုက်တက်အ မရဘဏ်မှ ငွေထုတ်ယူမှုမှာ နှစ် ဆခန့်မြင့်တက်လာကြောင်း တာ ၀န်ရှိသူများက ပြောကြားသည်။

‘‘ပုံမှန်ဆိုရင် အပ်ငွေနဲ့ ထုတ်ငွေက တစ်နေ့ကို ကျပ်လေး၊ ငါးဘီလီယံပဲ ကွာခြားတယ်။ ဒီ နေ့တော့ ဆယ်ဘီလီယံအထိရှိ တယ်’’ဟု ယူနိုက်တက်အမရ ဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးသန်းဝင်းစိုးက ပြောသည်။

ကောလာဟလများ ထွက် ပေါ်လာပြီးနောက် ယူနိုက်တက် အမရဘဏ်၌ ငွေထုတ်ယူမှုသည် နိုဝင်ဘာ ၄ ရက်က ကျပ် ၂၆ ဘီလီ ယံရှိပြီး အပ်ငွေမှာ ၁၆ဘီလီယံ သာရှိခဲ့သည်။ နိုဝင်ဘာ ၃ ရက် က အပ်ငွေမှာ ကျပ် ၄၄ ဘီလီယံ ရှိခဲ့ပြီး ထုတ်ငွေမှာ ၄၁ ဘီလီယံရှိ ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယူနိုက်တက်အမရဘဏ် သည် ဦးအောင်သောင်းပိုင်ဆိုင် သောဘဏ်တစ်ခုအဖြစ် ထင်မြင် လာသူများရှိလာ၍ ယခုကဲ့သို့ ထုတ်ယူကြခြင်းဖြစ်သည်။ အမှန် တကယ်မှာ ယူနိုက်တက်အမရ ဘဏ်သည် ဦးအောင်သောင်းနှင့် မည်သို့မျှမသက်ဆိုင်ကြောင်းနှင့် ယူနိုက်တက်အမရဘဏ်မှာ လည်းအမေရိကန်အစိုးရ၏ အရေး ယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်မှုမရှိကြောင်း ၎င်းကပြောကြားသည်။

ယူနိုက်တက်အမရဘဏ် တွင် ဦးအောင်သောင်း၏ သားဦး နေအောင်က ရှယ်ယာ ၉၀ရာခိုင် နှုန်းပိုင်ဆိုင်ထားသော်လည်း စီမံ ခန့်ခွဲမှုနှင့် ဘဏ်ကိုဦးဆောင်လုပ် ကိုင်နေမှုတွင် ဦးနေအောင် လုံး ၀ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဦးသန်းဝင်းစိုးကပြောသည်။

‘‘ကျွန်တော်အာမခံနိုင်ပါ တယ်။ ကျွန်တော်တို့ကို ယုံကြည် ပါလို့ပြောချင်တယ်’’ဟု ဦးသန်း ၀င်းစိုးဝင်းကပြောသည်။

လက်ရှိ ယူနိုက်တက်အမရာ ဘဏ်ကိစ္စနှင့် ပတ်သက်၍ ငွေထုတ်များလာပါက မြန်မာနိုင်ငံဗဟိုဘဏ်ကဥပဒေနှင့်အညီ ကူညီဖြေရှင်းပေးရန် စီစဉ်ထားကြောင်း ညွှန်ကြားရေးမှူးချုပ်ဦးဝင်းသော်က ပြောသည်။

‘‘ဗဟိုဘဏ်အနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမှာ ငွေ တွေအဆင်သင့်လုပ်ထားတယ်’’ ဟု ဦးဝင်းသော်ကပြောသည်။

ယူနိုက်တက်အမရဘဏ် ကဲ့သို့ ကောလာဟလများသည် ယခင်က အေဂျီဒီ(အာရှစိမ်းလန်း မှုဖွံ့ဖြိုးရေးဘဏ်)၊ ကမ္ဘောဇ ဘဏ်တို့လည်း ကြုံတွေ့ခဲ့ရပြီး ကောင်းစွာဖြေရှင်းနိုင်ခဲ့သည်။ လတ်တလောယူနိုက်တက်အမ ရဘဏ်၌ ငွေထုတ် များနေမှုနှင့် ပတ်သက်၍ ကူညီရန် ငွေကြေး အလုံအလောက်ရှိသည်ကို အာမ ခံကြောင်း ဦးဝင်းသော်ကရှင်းပြ သည်။

ယူနိုက်တက်အမရဘဏ် သည် လက်ရှိအချိန်တွင် ဥရောပ သမဂ္ဂနိုင်ငံကြီးလေးနိုင်ငံမှ ဘဏ် ပေါင်း (၆)ခုအပါအ၀င် နိုင်ငံ ခြားဘဏ် (၇၁)ခုဖြင့် ငွေကြေးဝန် ဆောင်မှုများ ချိတ်ဆက်ဆောင် ရွက်နေသည်။

ယူနိုက်တက်အမရဘဏ် ၏ မတည်ရင်းနှီးငွေမှာ ကျပ်ငွေ ဘီလီယံ ၄၄၀ ကျော်ရှိနေပြီးချေး ငွေပေးထားသော ပမာဏမှာကျပ် ငွေဘီလီယံ ၂၃၀ ကျော် ရှိသည်။

မြန်မာနိုင်ငံရှိ ဘဏ်များ သည်တစ်ခုနှင့်တစ်ခုမှီခိုနေရသ ဖြင့် ဘဏ်တစ်ဘဏ်ပြိုလဲပါက ကဒိုမိနိုသီအိုရီအရ အခြားသော ဘဏ်များလည်း ပြိုလဲမည်ကို စိုးရိမ်ရသည်။ မြန်မာနိုင်ငံစီးပွားရေးတွင် ဘဏ်များ၏ အခန်းကဏ္ဍသည် များစွာအရေးပါပြီး ဘဏ်တစ်ခုတွင် ငွေထုတ်များပါက အခြားသောဘဏ်များက ၀င် ရောက်ကူညီပေးမှုများရှိသည်။

ဘဏ်တစ်ခုတွင် ကောလာ ဟလများကြုံတွေ့၍ ငွေထုတ် များလာလျှင် အဆိုပါဘဏ်မှအ ပေါင်ယူထားသော ပစ္စည်းများလွှဲပြောင်းယူခြင်း၊ ငွေကြေးကူညီ ခြင်းတို့ဖြင့် ၀င်ထိန်းပေးလေ့ရှိ သည်။ ဘဏ်များ၏ ချေးငွေအတွက် အပေါင်ပစ္စည်းများမှာ အိမ်ခြံမြေပိုင်ဆိုင်မှု ဂရန်များ အများဆုံးဖြစ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက ပြောကြား သည်

7Day Daily

No comments:

Post a Comment