Wednesday, November 5, 2014

နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိရင် ပါတီဝင်မဖြစ်နိုင်

နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိတဲ့သူတွေကို ပါတီဝင်တွေအဖြစ် စည်းရုံး ထည့်သွင်းရင် သက်ဆိုင်ရာ ပါတီကို စိစစ် အရေးယူမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက The Voice ကို ပြောပါတယ်။
နိုင်ငံရေးပါတီ တွေထဲမှာ နိုင်ငံသားလက်မှတ် ကိုင်ထားတဲ့သူတွေကို ပါတီဝင်တွေ အဖြစ် ထည့်သွင်းထားနိုင်ပြီး ဧည့်နိုင်ငံသား လက်မှတ်၊ နိုင်ငံသား ပြုခွင့်လက်မှတ် ဒါမှမဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ထားတဲ့သူတွေကို ထည့်သွင်း စည်းရုံးထားရင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပါတီထဲကနေ ထုတ်ပေးဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ခုလို သတ်မှတ်လိုက်တာဟာ နိုင်ငံရေးပါတီတွေ အတွက် လူထုစည်းရုံးရေးကို ချုပ်ချယ်တာ ဖြစ်ပေမယ့်လည်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ မထိပါးရေး ရှုထောင့်ကနေ စဉ်းစားရင် မှန်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“လူ့အခွင့်ရေးကို ကြည့်မလား၊ စပ်ကူးမတ်ကူး ကာလမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပြဿနာတွေကို အခြေပြုပြီး နိုင်ငံတော် အချုပ်အခြာ အာဏာအတွက် ကာကွယ်ကြမလား ဆိုတာ နှိုင်းယှဉ်ကြည့်ဖို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။

The Voice Weekly

No comments:

Post a Comment