Sunday, November 23, 2014

စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံကြေး မြန်မာသံရုံး ပေးမည်

Photo: စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးအတွက် အာမခံကြေး မြန်မာသံရုံး ပေးမည်
Sunday, November 23, 2014

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ် လုပ်ဆောင်ပေးသွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျနော်တို့ ဒီနေ့မနက်ပိုင်းကပဲ သံအမတ်ကြီးနဲ့ ကျနော်တို့တွေ့ဆုံပြီး အစည်းအဝေး လုပ်ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ အာမခံယူဖို့ပါ။ သံအမတ်ကြီးက အာမခံယူဖို့ ငွေရေးကြေးရေး ကိစ္စလည်း သူဆောင်ရွက်ပေး မယ်လို့ ပြောပါတယ်။ နိုင် ငံတော်အစိုးရအစီအစဉ်နဲ့ အာမခံတင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပဒေရေးရာအရတော့ ထိုင်းရှေ့နေများကောင်စီက စာတင်ရမှာပါ။ ကလေးတွေ ထွက်မပြေးကြောင်းတို့၊ အမှုချိန်း မှန်မှန်လာဖို့ ဆိုတာတို့ သူတို့ ရေးမှာပါ။”

လူငယ် ၂ ဦးကို အာမခံနဲ့ထုတ်ဖို့ ဒီအပတ်ထဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အာမခံကြေးပေးဖို့ကိစ္စ၊ တရားရုံးတင်မယ့်ကိစ္စ၊ မြန်မာလူငယ် ၂ ဦးကို အကျဉ်းထောင်က ထုတ်ဖို့ကိစ္စတွေကိုတော့ မြန်မာသံရုံးကဖွဲ့ထားတဲ့ အထူးအဖွဲ့က လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မြန်မာလူငယ်  ၂ ဦး အာမခံလျှောက်ခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ပြီး အကျဉ်းထောင်ကနေ အာမခံနဲ့ ထုတ်ယူရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး  စွပ်စွဲဖမ်းဆီးခံထားရတာပါ။

DVB 

စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ – CSI LA)

စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ – CSI LA)

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ် လုပ်ဆောင်ပေးသွားမယ်လို့ အမှုကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျနော်တို့ ဒီနေ့မနက်ပိုင်းကပဲ သံအမတ်ကြီးနဲ့ ကျနော်တို့တွေ့ဆုံပြီး အစည်းအဝေး လုပ်ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်ကတော့ အာမခံယူဖို့ပါ။ သံအမတ်ကြီးက အာမခံယူဖို့ ငွေရေးကြေးရေး ကိစ္စ လည်း သူဆောင်ရွက်ပေး မယ်လို့ ပြောပါတယ်။ နိုင် ငံတော်အစိုးရအစီအစဉ်နဲ့ အာမခံတင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပဒေရေးရာအရတော့ ထိုင်းရှေ့နေများကောင်စီက စာတင်ရမှာပါ။ ကလေးတွေ ထွက်မပြေး ကြောင်းတို့၊ အမှုချိန်း မှန်မှန်လာဖို့ ဆိုတာတို့ သူတို့ ရေးမှာပါ။”

လူငယ် ၂ ဦးကို အာမခံနဲ့ထုတ်ဖို့ ဒီအပတ်ထဲ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

အာမခံကြေးပေးဖို့ကိစ္စ၊ တရားရုံးတင်မယ့်ကိစ္စ၊ မြန်မာလူငယ် ၂ ဦးကို အကျဉ်းထောင်က ထုတ်ဖို့ ကိစ္စတွေ ကိုတော့ မြန်မာသံရုံးကဖွဲ့ထားတဲ့ အထူးအဖွဲ့က လုပ်ဆောင်ရမှာဖြစ်ပါတယ်။

မြန်မာလူငယ်  ၂ ဦး အာမခံလျှောက်ခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ခွင့်ပြုပေးလိုက်တာ ဖြစ်ပါ တယ်။ ၁ ဦးကို ဘတ်ငွေ ၅ သိန်း ပေးဆောင်ပြီး အကျဉ်းထောင်ကနေ အာမခံနဲ့ ထုတ်ယူရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး  စွပ်စွဲဖမ်းဆီးခံထားရတာပါ။

DVB

No comments:

Post a Comment