Wednesday, November 5, 2014

မသင်္ကာ၍ စစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုဖြင့် အရေးယူ

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် တောင်တွင်းကြီးမြို့ ၊ ရွှေအိုး(၂) ရပ်ကွက်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် လမ်းမပေါ်၌ ရွှေအိုး(၂)ရပ်ကွက်နေ ၀င်းနိုင်ထွန်း(၂၉)နှစ်အား ရှာရန်း-110 အနက်ရောင်၊ နံပါတ်မပါ ဆိုင်ကယ်တစ်စီးနှင့်အတူ ၀င်းနိုင်ထွန်း(၂၉)နှစ် မသင်္ကာဖွယ် တွေ့ရှိ သဖြင့် စစ်မေး ရာ ဆိုင်ကယ်နှင့် ပတ်သက်၍ ၄င်းပိုင်ဆိုင်ကြောင်း ခိုင်လုံ စွာပြောပြနိုင်ခြင်း မရှိသည့်အပြင် တစ်နေ ရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသဖြင့် သက်သေများရှေ့သိမ်းဆည်းခဲ့ပါသည်

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာသူ ၀င်းနိုင်ထွန်း အား တောင်တွင်းကြီးမြို့မရဲစခန်း (ပ)၁၆၄/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူမှုထားရှိကြောင်း သတင်းရရှိပါသည်။

MOI

No comments:

Post a Comment