Thursday, November 6, 2014

စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သမ္မတပြော

Photo: စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု သမ္မတပြော
Thursday, November 6, 2014

မြန်မာ့နိုင်ငံရေးလမ်း စဉ်တွင် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို အောင်မြင်စွာကျော် လွှားနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား လိုက်သည်။

ယခုလ ၅ ရက်တွင် ပြော ကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ကဲ့သို့သော ဆွေးနွေးမှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို အခြေခံ၍ ဖြစ်ပေါ်လာ သော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး သည် မိမိတို့ရင်ဆိုင်ဖြေရှင်းရ မည့် စိန်ခေါ်မှုများဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။

အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲ နှင့် ပတ်သက်၍ နိုင်ငံရေးစိန်ခေါ် မှုများကို လက်တွဲဖြေရှင်းရန်နှင့် နည်းလမ်းများစုပေါင်းရှာဖွေရန် အဓိကရည်မှန်းချက်ကာထားကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ တော်သမ္မတကပြောသည်။

‘‘နိုင်ငံရေးအင်အားစုအချင်း ချင်းအပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆို တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြု ကြိုးပမ်းအကောင်အထည်ဖော် ခြင်းပဲဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မည် သည့်သဘောတူညီချက်မှ ချ မှတ်နိုင်ခြင်းမရှိခဲ့သည့်အပေါ် နိုင်ငံ ရေးအင်အားစုအချို့က နိုင်ငံတ ကာခေါင်းဆောင်များ မြန်မာနိုင်ငံ သို့ မလာမီ အပြသဘောဆွေး နွေးပွဲတစ်ခုသာဖြစ်ကြောင်း ဝေ ဖန်ခဲ့ကြသည်။

‘‘ဒီနိုင်ငံမှာ အဓိကအကျပ်အ တည်းနဲ့ ရင်ဆိုင်ရမှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီ အကျပ်အတည်းနှစ်ခုဖြစ်တယ်။ ဒါကိုလက်တွေ့ကျကျဖြေရှင်းနိုင် ဖို့အတွက် လွတ်လပ်ပွင့်လင်းပြီး ရေရှည်အမြင်ပေါ်မှာ ရပ်တည်ဖို့ လိုတယ်။ ဒါနဲ့ ပတ်သက်လို့ လမ်း ပြမြေပုံသဘောမျိုးရှေ့လုပ်ငန်း စဉ်တစ်ခုထွက်လာအောင် လုပ် နိုင်ရင်တော့ တိုင်းပြည်အတွက် ကောင်းမယ်’’ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။

တွေ့ဆုံဆွေးနွေးမှုများ သည် တစ်ကြိမ်တည်းဖြင့် ပြီးပြတ်မှုမရှိဘဲ တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်သွားမှသာ နိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်မည့်အဖြေတစ်ရပ် ရှာဖွေတွေ့ရှိနိုင် မည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဒီမိုကရက် တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ ကပြောသည်။

အဆိုပါရေဒီယိုမိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ ရခိုင်ပြည်နယ်အရေး ကိစ္စ၊ ဘာသာရေးဆိုင်ရာပဋိပက္ခ များထပ်မံမဖြစ်ပွားရေးနှင့် မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်နေ သည့်ကိစ္စရပ်များကိုလည်း ထည့် သွင်းပြောကြားခဲ့သည်။

သမ္မတအိမ်တော်၌ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
7Day Daily
မြန်မာ့နိုင်ငံရေးလမ်း စဉ်တွင် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို အောင်မြင်စွာကျော် လွှားနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲများဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြား လိုက်သည်။

ယခုလ ၅ ရက်တွင် ပြော ကြားသော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့ သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ကဲ့သို့သော ဆွေးနွေးမှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို အခြေခံ၍ ဖြစ်ပေါ်လာ သော နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက် လာရေးနှင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး သည် မိမိတို့ရင်ဆိုင်ဖြေရှင်းရ မည့် စိန်ခေါ်မှုများဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောသည်။

အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲ နှင့် ပတ်သက်၍ နိုင်ငံရေးစိန်ခေါ် မှုများကို လက်တွဲဖြေရှင်းရန်နှင့် နည်းလမ်းများစုပေါင်းရှာဖွေရန် အဓိကရည်မှန်းချက်ကာထားကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ တော်သမ္မတကပြောသည်။

‘‘နိုင်ငံရေးအင်အားစုအချင်း ချင်းအပြန်အလှန်ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းတွေကနေ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေးအဖြေရှာရေးဆို တဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်အရ ဆွေးနွေးအဖြေရှာကြဖို့ အစပြု ကြိုးပမ်းအကောင်အထည်ဖော် ခြင်းပဲဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မည် သည့်သဘောတူညီချက်မှ ချ မှတ်နိုင်ခြင်းမရှိခဲ့သည့်အပေါ် နိုင်ငံ ရေး အင်အားစု အချို့က နိုင်ငံတ ကာခေါင်းဆောင်များ မြန်မာနိုင်ငံ သို့ မလာမီ အပြသဘောဆွေး နွေးပွဲတစ်ခုသာဖြစ်ကြောင်း ဝေ ဖန်ခဲ့ကြသည်။

‘‘ဒီနိုင်ငံမှာ အဓိကအကျပ်အ တည်းနဲ့ ရင်ဆိုင်ရမှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီ အကျပ်အတည်းနှစ်ခုဖြစ်တယ်။ ဒါကိုလက်တွေ့ကျကျဖြေရှင်းနိုင် ဖို့အတွက် လွတ်လပ်ပွင့်လင်းပြီး ရေရှည်အမြင်ပေါ်မှာ ရပ်တည်ဖို့ လိုတယ်။ ဒါနဲ့ ပတ်သက်လို့ လမ်း ပြမြေပုံသဘောမျိုးရှေ့လုပ်ငန်း စဉ်တစ်ခုထွက်လာအောင် လုပ် နိုင်ရင်တော့ တိုင်းပြည်အတွက် ကောင်းမယ်’’ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။

တွေ့ဆုံဆွေးနွေးမှုများ သည် တစ်ကြိမ်တည်းဖြင့် ပြီးပြတ်မှုမရှိဘဲ တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ် သွားမှသာ နိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်မည့် အဖြေတစ်ရပ် ရှာဖွေတွေ့ရှိနိုင် မည်ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဒီမိုကရက် တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ ကပြောသည်။

အဆိုပါရေဒီယိုမိန့်ခွန်းတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ၊ ရခိုင်ပြည်နယ်အရေး ကိစ္စ၊ ဘာသာရေးဆိုင်ရာပဋိပက္ခ များထပ်မံမဖြစ်ပွားရေးနှင့် မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်နေ သည့်ကိစ္စရပ်များကိုလည်း ထည့် သွင်းပြောကြားခဲ့သည်။

သမ္မတအိမ်တော်၌ ထိပ်သီးခေါင်းဆောင်များတွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)
7Day Daily

No comments:

Post a Comment