Tuesday, November 11, 2014

ဧည့်စာရင်းစစ်ရာတွင် နိုင်ငံခြားသားများက မချေမငံပြောဆိုဆက်ဆံဟုဆို

ယခုရက်ပိုင်းတွင် ဧည့် စာရင်းများလိုက်လံစစ်ဆေးသည့် အခါ၌ နိုင်ငံခြာသားအချို့က စစ်ဆေးသည်ကို ရိုင်းပျစွာဆက် ဆံမှုများရှိပြီး ကိုရီးယားလူမျိုးများ မှာ အဆိုးဆုံးဖြစ်သည်ဟု လှိုင် မြို့နယ်မှမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးဦးမြတ်ယုက ပြော ကြားသည်။

‘‘ကျွန်တော်တို့မြို့နယ်ထဲမှာ တော့ ရွှေဟင်္သာကွန်ဒိုက နိုင်ငံ ခြားသားတွေနေတာအများဆုံးပဲ။ အဲဒီတော့ ဧည့်စာရင်းကိုသေချာ ဂရုစိုက်စစ်ရတယ်။ တခြားလူမျိုး တွေထက် ကိုရီးယားတွေက အဆိုးဆုံးပဲ။ စာရွက်စာတမ်း၊နိုင်ငံကူးလက်မှတ်တောင်းလည်း မပေးဘူး။ ရဲစခန်းခေါ်ပြီးစစ်မှ ထုတ်ပေးတယ်။ ဒါတောင် ကျွန် တော်တို့က စကားပြန်နဲ့စစ်တာ ပါ’’ဟု ၎င်းကပြောသည်။

နိုင်ငံတိုင်းတွင် ဥပဒေများရှိ ပြီး လာရောက်နေထိုင်အလုပ်လုပ် သူများအနေဖြင့် လိုက်နာရကာ မြန်မာနိုင်ငံတွင် လာရောက်နေ ထိုင်သည့်နိုင်ငံခြားသားများအနေ ဖြင့် ဥပဒေချိုးဖောက်လျှင်လည်း တည်ဆဲဥပဒေအတိုင်း အရေးယူ သွားမည်ဟု ဦးမြတ်ယုကပြော ကြားသည်။

ဧည့်စာရင်းစစ်ဆေးသည့် အဖွဲ့များအနေဖြင့် နိုင်ငံခြားသား များကို စစ်ဆေးရာတွင် ပြဿနာ ဖြစ်ပွားမှုမရှိအောင် ပိုမိုစစ်ဆေးနေရပြီး စစ်ဆေးရသည့် အကြောင်းရင်းကိုလည်း ရပ်ကွက်တွင်း ကြိုတင်ပြောကြားထားသည်ဟု ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင် ကျော်ကဆို သည်။

‘‘ဧည့်စာရင်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေပြောတဲ့နေ ရာတွေကို အဓိကထားပြီး စစ် ဆေးပါတယ်။ ဟိုတယ်တွေလည်း သေချာစစ်နေတယ်။ ညဆိုရင် ၁၁ နာရီကနေ ၂ နာရီကျော် လောက်ထိစစ်တယ်။ ခုထိတော့ သံသယရှိသူမတွေ့ရသလို ဖမ်း ဆီးရမိခြင်းလည်းမရှိသေးပါဘူး’’ ဟု ဒဂုံမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးဦးနေမျိုးသန့်ကပြော သည်။

ဆိပ်ကမ်းလုံခြုံရေးကိုလည်း ယခင်ထက်ပိုမိုတင်းကျပ်ထားပြီး ရေကြောင်းရဲ၊ ဆိပ်ကမ်းရဲနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့များက ညဘက်ဆိုက်ကပ်သည့်သင်္ဘော များပေါ်တွင်လည်း ဧည့်စာရင်းများ လိုက်လံစစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။ ကမ်းနားလမ်းတစ်လျှောက်တွင် ဖွင့်ထားသည့် တည်းခိုခန်းများကို လည်း သံသယရှိသူများ သတင်းပေးရန် ပြောထားသည်ဟု ဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲမှူးခင် မောင်သန်းကဆိုသည်။

‘‘ညီမတို့ဆီမှာတော့ ဧည့်စာ ရင်းတိုင်ဖို့ပြောတယ်။ ဒီရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း ပုံမှန် မတိုင်တဲ့သူတွေဆိုရင်ရပ်ကွက် ထောက်ခံစာမလုပ်ပေးဘူး။ တိုင်ရတာတော့မခက်ပါဘူး။ ပိုက်ဆံလည်း မတောင်းပါဘူး။ တစ်ခါ တလေ အလုပ်များလို့မတိုင်ဖြစ်လို့ ပြန်တိုင်ရင်တောင် ဘာမှမပြောဘူး’’ဟု စမ်းချောင်းမြို့နယ်နေ မသူဇာကပြောသည်။

ဧည့်စာရင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးက စစ်ဆေးရမည့်နေရာကို သတ်မှတ်ပေးကာ ကျန်သည့်အဖွဲ့များက ပူးပေါင်းပါဝင်ဆောင် ရွက်ပြီး ရဲတပ်ဖွဲ့မှာ လုံခြုံရေးအတွက် လိုက်လံကူညီဆောင်ရွက် ပေးရခြင်းဖြစ်သည်ဟု ကမာရွတ်မြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူး ဦးဇော်ဝင်းက ပြောသည်။

7Day Daily

No comments:

Post a Comment