Tuesday, November 11, 2014

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်စည်းရိုးကာရန် ပြည်ထဲရေးက ကျပ် ၃၅ ဘီလီယံကျော် သုံးစွဲ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် သုံးစွဲငွေ ကျပ် ၃၅ ဘီလီယံကျော်လိုအပ် သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက ဖြည့်စွက်ရန်ပုံငွေကျပ် ဘီလီယံ ၄၀ နီးပါးတောင်းခံထားကြောင်း သတင်းရ ရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာနက ထပ်မံတောင်းခံသည့် ဖြည့်စွက် ရန်ပုံငွေ ၃၉ ဘီလီယံမှ ၉၀ ရာခိုင် နှုန်းကျော်ကို မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုးအတွက် အသုံးပြုခြင်းဖြစ်ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန သည် ယခု ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်အတွက် မူလလျာထားငွေ ကျပ် ၃၆ ဘီလီယံတောင်းခံသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြားတွင် နယ်စပ်ခြံစည်း ရိုးကာရန် စုစုပေါင်း မိုင် ၁၉၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် မိုင် ၁၀၀ ကျော်ကို ခြံစည်းရိုးကာပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များစွမ်းအင်ပြည့်ဝစေရန် နယ်ခြားစောင့်လုံခြုံရေး တာဝန်ထမ်းဆောင်နေရသည့် တပ်ဖွဲ့ဝင်များအား တစ်ရက်လျှင် ရိက္ခာထောက်ပံ့ငွေကျပ် ၁,၀၀၀ နှုန်းနှင့် အလုပ်သမား ရိက္ခာလေးမျိုးကိုလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာမှစ၍ ထောက်ပံ့ပေးနေသည်ဟု ပြည်ထဲရေးဝန်ကြီး၏ လွှတ်တော်သို့ရှင်းလင်းတင်ပြမှုတွင် ပါရှိသည်။

၂၀၁၃ ခုနှစ် အစောပိုင်းက ပင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို အမြန်ဆုံးကာရန် လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထဲရေးဝန်ကြီးဌာနအား တိုက် တွန်းခဲ့ရာ ဘတ်ဂျက်ပြဿနာကြောင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများ မဆောင်ရွက်နိုင်ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြန် လည်ဖြေရှင်း ခဲ့သည်။

ခြံစည်းရိုးကာရံခြင်းလုပ် ငန်းများဆောင်ရွက်နေစဉ်မှာပင် တည်ဆောက်ပြီးအပိုင်းများ ဖျက် ဆီးခံရခြင်းနှင့် ရာသီဥတုအခြေ အနေတို့ကြောင့် ခေတ္တရပ်နား ထားရာမှ ပြန်လည်လုပ်ဆောင် နေခြင်းဖြစ်ပြီး လက်ရှိတွင် သုံးပုံ နှစ်ပုံခန့်ပြီးစီးသွားကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်

7Day Daily

No comments:

Post a Comment