Thursday, November 13, 2014

ထိုင်းရောက်ဘင်္ဂါလီတစ်ဦး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ထိုင်းရဲဖမ်းဝရမ်းထုတ်ပြန်

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ဝင်ရောက်လာသော ဘင်္ဂါလီ လူမျိုးတစ်ဦးကို အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ထားကြောင်း The Nation သတင်းဌာနက ရေးသားဖော်ပြသည်။

အသက်(၅၃)နှစ်အရွယ် သန်းဝင်း(ခေါ်) ဟာဆန်းကို ထိုင်း နိုင်ငံတောင်ပိုင်းရှိ အစွန်းရောက် အကြမ်းဖက်သမားများနှင့်ဆက် သွယ်၍ အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်ရန် ကြံစည်မှုဖြင့် နိုဝင် ဘာ ၇ ရက်က ဖမ်းဝရမ်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။



ဖမ်းဝရမ်းထုတ်ပြန်ခြင်းခံရ သူမှာ   မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများပြု လုပ်ရန် ကြံစည်နေကြောင်း စွပ်စွဲ ခံရသူဖြစ်ပြီး ၎င်း၏ သွင်ပြင်ကို ထိုင်းနိုင်ငံတွင် ပလတ်စတစ်ဆာ ဂျရီပြုလုပ်ပြောင်းလဲရန် ကြံစည် နေကြောင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ ကိုကိုးကား၍ The Nation က ရေးသား ထားသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း အလိုရှိနေသော သန်းဝင်း(ခေါ်) ဟာဆန်းမှာ ယခင်က မြစ်ကြီးနား မြို့တွင် နေထိုင်ခဲ့သူဖြစ်ပြီး ထိုင်း နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာ သူဖြစ်ကြောင်း The Nation က ဆိုသည်။

  ထိုင်းနယ်စပ်မြဝတီမြို့ အခြေစိုက်အမှတ် (၁၀၂၂)နယ် ခြားစောင့်တပ်မှ အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၏ ဝင်ရောက်မှုများပြုလုပ်ခဲ့သော်လည်း တစ်ဖက်နိုင်ငံနယ် စပ်သို့ ထွက်ပြေးတိမ်းရှောင်သွားမှုများ ကြုံတွေ့ခဲ့ရကြောင်း နိုဝင်ဘာလဆန်းက 7 Day Daily သို့ ပြောကြားထားသည်။

7 Day Daily

No comments:

Post a Comment