Sunday, November 23, 2014

အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကိုပါကြီးကို အလွတ်တန်း သတင်းထောက်ဟု အသိအမှတ်ပြု

တပ်မတော်၏ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ကိုပါကြီးအား သက်သေထွက်ဆိုချက်များအရ အလွတ် တန်းသတင်းထောက်တစ်ဦးအဖြစ် အသိအမှတ်ပြုကြောင်း မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေး ကော် မရှင်က ပြောကြားသည်။

‘‘ကိုပါကြီးအမှုနဲ့ ပတ်သက် လို့ မြန်မာနိုင်ငံသတင်းစာဆရာ အသင်းကို မေးမြန်းတဲ့အခါမှာ အလွတ်တန်း သတင်းထောက်ဖြစ်ကြောင်း ပြောပါတယ်။ နောက်ပြီး ဘားအံက အလွတ်တန်းသတင်း ထောက်   ကိုအောင်ပကလည်း ကိုပါကြီးဟာ   အလွတ်တန်း သတင်းထောက်ဖြစ်ကြောင်းနဲ့ အောင်ကြီးကလောင် အမည်နဲ့ ရေးသားခဲ့တဲ့ ဂျာနယ်မိတ္တူတွေ ကို သက်သေအဖြစ် တင်ပြပါ တယ်။ ဒါကြောင့် ကိုပါကြီးကို ကျွန်တော်တို့  ကော်မရှင်က အလွတ်တန်းသတင်းထောက် အဖြစ်အသိအမှတ်ပြုပါတယ်’’ဟု ကော်မရှင်ဒုဥက္ကဋ္ဌဦးစစ်မြိုင်က ပြောကြားသည်။

ကိုပါကြီးသေဆုံးမှုအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်က စုံစမ်းစစ် ဆေးမှုများကို နိုဝင်ဘာလဆန်း တွင် စတင်လုပ်ဆောင်ခဲ့ပြီး သေဆုံးသူ၏ ဇနီးဒေါ်သန္တာထံမှ ထွက် ချင်ရယူရန်နှင့် အလောင်းမြှုပ်နှံခဲ့သည့် နေရာမှ မြေကြီးအား ဓာတ်ခွဲစစ်ဆေးချက်မှလွဲ၍ စစ် ဆေးမှုများပြီးစီးပြည့်စုံ လုပြီဖြစ်ရာ မကြာမီသမ္မတထံအစီရင်ခံစာ တင်သွင်းနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ၎င်းကပြောကြား သည်။

‘‘ကိုပါကြီးကိစ္စကို သူ့အမျိုး သမီးက ငါတို့ဆီတိုင်တယ်။ သတင်းထောက်ဖြစ်ကြောင်း အတည်ပြုပေးဖို့ပါ။ ငါတို့က MJAနဲ့  MJN တို့မှာ အသင်းဝင်ဟုတ်၊ မဟုတ်နဲ့ သူရေးသားထားဖူးတဲ့ ဆောင်းပါးတွေကို ပြန်ရှာဖို့ ဒီ အသင်းတွေကို အကြောင်းကြား ထားတယ်’’ဟု မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦး သီဟစောကပြောသည်။

အမှုတွင် ခမရ ၂၀၈ ခြေမြန် တပ်ရင်းမှ တာဝန်ရှိသူ တပ်မတော်အရာရှိများကိုလည်း စစ်ဆေးထားပြီး စစ်ဆေးချက်များအရ ကိုပါကြီးမှာ အလွတ်တန်း သတင်းထောက်ဖြစ်သော်လည်း KKO၊DKBA တပ်ဖွဲ့များ နှင့် နီး စပ်သည့် ပူးပေါင်းမှုများရှိနေ ကြောင်း တွေ့ရှိရသည်ဟု ဦးစစ် မြိုင်ကပြောကြားသည်။

ဒေါ်သန္တာမှာ အမှုကိုစုံစမ်း စစ်ဆေးပေးရန် ကော်မရှင်သို့ တိုင်ကြားသူဖြစ်ပြီး ကော်မရှင် ဥပဒေအရ လာရောက်ထွက်ဆို ရန် စာဖြင့် သုံးကြိမ်တိုင်အ ကြောင်းကြား   ဆင့်ခေါ်သော် လည်း လာရောက်ထွက် ဆိုခြင်း မရှိကြောင်း ၎င်းကပြောကြား သည်။

‘‘ဥပဒေမှာလည်း တိုင်ကြား သူက လာရောက်ထွက်ဆိုရမယ် လို့ပါတယ်။ ကျွန်တော်တို့စာပို့ တယ်။ ဘာကြောင့်လဲတော့မသိ ဘူး။ ဒေါ်သန္တာကလာရောက် ထွက်ဆိုခြင်းမရှိသေးပါဘူး’’ဟု ၎င်းကပြောသည်။

ကော်မရှင်က စစ်ဆေးရန် ဆင့်ခေါ်မှုတွင် ကန့်သတ်ချက်များပါဝင်နေပြီး ကော်မရှင်ထံ အစစ် ခံရာတွင်လည်း လူအရေအတွက် ကန့်သတ်မှုဖြင့်သာ ၀င်ရောက်ခွင့် ပြုသဖြင့် စစ်ဆေးမှုကို သွား ရောက်ခြင်းမပြုကြောင်း ကိုပါကြီးဇနီးဒေါ်သန္တာကပြောကြားထား သည်။

ကိုပါကြီးမှာ စက်တင်ဘာ လကုန်ပိုင်းက မွန်ပြည်နယ်တွင် တပ်မတော်နှင့် DKBA တို့ကြား တိုက်ပွဲများဖြစ် ပွားစဉ် ကျိုက်မ ရောလှေဆိပ်၌ ခမရ(၂၀၄)တပ်က ဖမ်းဆီးရမိခဲ့ပြီး KKO လက်နက်ကိုင်အဖွဲ့ဟု တပ်မတော် က ထုတ်ပြန်ခဲ့သည်။ ထို့နောက် ခမရ(၂၀၈)သို့လွှဲပြောင်းပေးခဲ့ပြီး ရှေ့တန်း တွင် တပ်မတော် ထံမှ KKO သိမ်း ဆည်းထားသော လက်နက်များ ကို ပြန်လည်ဖော်ထုတ်စဉ် ထွက် ပြေးရန် ကြိုးစားသဖြင့် အစောင့် စစ်သည်က ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment