Thursday, November 6, 2014

စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုများ ထောင်ဒဏ်ပါ ချမှတ်အရေးယူမည်ဟုဆို

ရန်ကုန်- ရန်ကုန်မြို့တွင် မော်တော်ယာဉ်များစည်းကမ်းမဲ့မောင်းနှင်မှု များပြားလာ၍ ဒဏ်ငွေဖြင့် အရေးယူ ရာမှ ထောင်ဒဏ်ပါ ထည့်သွင်း အရေးယူတော့မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက သတင်းထုတ်ပြန်သည်။

ငွေဒဏ်ဖြင့် အရေးယူစဉ် က မထီမဲ့မြင် ပြုလုပ်ခြင်းနှင့် စည်း ကမ်းမဲ့မောင်းနှင်ခြင်းများ ရှိနေ ဆဲဖြစ်၍ ၁၉၆၄ မော်တော်ယာဉ် ဥပဒေပုဒ်မ ၂၁ ဖြင့် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်သွားမည်ဖြစ်သည်။

မှတ်ပုံတင်ထားခြင်း မရှိသောယာဉ်များအား မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီကို မရပ်ဘဲ ဖြတ်သန်းမောင်းနှင်ခြင်း၊ အရက်သေစာ သောက်စားမောင်းနှင်ခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ခြင်း၊ ယာဉ် လမ်းကြော မမှန်ကန်ဘဲ စည်းကမ်းမဲ့ အန္တရာယ်ဖြစ်အောင် မောင်းနှင်ခြင်း၊ ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းထားသည်ကို တက်မောင်းခြင်းများ စစ်ဆေးတွေ့ရှိပါကငွေ ဒဏ်အပြင် ထောင်ဒဏ်ပါကျခံ ရတော့မည်ဖြစ်သည်။

‘‘တကယ့်လုပ်ဖို့ မျှော်လင့်ပါ တယ်။ ရန်ကုန်မှာ စည်းကမ်းမဲ့ မောင်းတဲ့ကားတွေ အရမ်းပေါ လာတယ်’’ဟု ကုမ္ပဏီယာဉ်မောင်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေရ ခြင်းမှာ အဆိုပါ စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်များ ကြောင့်လည်း ပါဝင်ကြောင်း အဆိုပါ ယာဉ်မောင်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့၌ မြို့နယ်အ လိုက် စည်းကမ်းမဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက် ဖျက်သူများကို အရေးယူရာတွင် ယာဉ်ထိန်းအင်အား နည်းပါးသဖြင့် အရေးယူရန် အခက်အခဲ အချို့ကြုံတွေ့နေသည်

7Day Daily

No comments:

Post a Comment