Wednesday, November 12, 2014

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်း စင်တာ(၁)ခန်းမတွင် အစီအစဉ် ၁၁ ရပ်ဖြင့် ကျင်းပမည်

(၂၅)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအ ဝေးနှင့် ဆက်စပ်အစည်းအဝေးများ နိုဝင်ဘာ ၁၂ရက်တွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန် ဗင်းရှင်းစင်တာ(၁) ခန်းမတွင် အစီ အစဉ် ၁၁ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၂ရက် နံနက် ၈နာ ရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ ရောက် ရှိမှုကို တစ်ဦးချင်း ကြိုဆိုခြင်းကို Main Lobby ၌ ကျင်းပမည်ဖြစ် သည်။



နံနက် ၉နာရီတွင် (၂၅)ကြိမ် မြောက် ထိပ်သီးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းကို ကျောက် စိမ်းခန်းမ၌ ကျင်းပမည်ဖြစ်သည်။

နံနက် ၁ဝနာရီတွင် အာဆီယံ အစိမ်းရောင်စီးပွားရေးဗဟိုဌာန တည်ထောင်ခြင်း အခမ်းအနား ဖွင့် ပွဲကို ပတ္တမြားခန်းမတွင် ကျင်းပမည် ဖြစ်ကာ နံနက် ၁ဝနာရီ ၁၅မိနစ် တွင် (၂၅)ကြိမ်မြောက်အာဆီယံထိပ် သီး (မျက်နှာစုံညီ) အစည်းအဝေးကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

မွန်းလွဲ ၁နာရီ ၄၅မိနစ်တွင် (၁၂)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးကို နီလာခန်း မတွင်ကျင်းပမည်ဖြစ်ပြီး ညနေ ၃နာရီတွင် (၁၇)ကြိမ်မြောက် အာ ဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး ကို ဆက်လက်ကျင်းပမည်ဖြစ်သည်။

ညနေ ၄နာရီ ၄၅မိနစ်တွင် (၆)ကြိမ်မြောက်အာဆီယံ+ကုလ သမဂ္ဂထိပ်သီးအစည်းအဝေးကို နီ လာခန်းမတွင် ကျင်းပမည်ဖြစ်သည်။

ညနေ ၅နာရီခွဲတွင် အာဆီယံ-သြစတြေးလျ နှစ်(၄ဝ)ပြည့်အထိမ်း အမှတ် ထိပ်သီးအစည်းအဝေးဆွေး နွေးပွဲကို နီလာခန်းမတွင် ကျင်းပမည် ဖြစ်သည်။

ညနေ ၆နာရီ ၄၅မိနစ်တွင် (၆)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ် သီးအစည်းအဝေးကို ကျင်းပမည် ဖြစ်သည်။

ည ၇နာရီခွဲတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန် ဂါလာ ညစာစား ပွဲသို့ တက်ရောက်လာသော နိုင်ငံအ ကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲ များအား ကြိုဆိုခြင်းအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ည ၈နာရီတွင် ဂါလာ ညစာစားပွဲ အခမ်းအနားကို ကျောက်စိမ်းခန်းမတွင် ကျင်းပမည် ဖြစ်ကာ အဆိုပါ အစည်းအဝေးများ ကို ပြည်တွင်း၊ ပြည်ပမှ မီဒီယာများ တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment