ရန်ကုန်- နိုင်ငံတော်သမ္မတဦး သိန်းစိန်သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့၌
နိုဝင်ဘာ ၁၅ရက်မှ စတင်ပြုလုပ်သည့် ဂျီ-၂၀ထိပ် သီး အစည်းအဝေးသို့
ပထမဆုံးအကြိမ် တက်ရောက်ဆွေးနွေးခဲ့ သည်။
နိုင်ငံတော်သမ္မတက အာဆီ ယံဒေသသည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်းကုန်ထုတ်တန်ဖိုး(ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ
၂ဒသမ၅ ထရီလီယံရှိကာ တိုးတက်မှုနှုန်း
နှစ်စဉ်ပျမ်းမျှ ၅ရာခိုင်နှုန်းရှိပြီး
လာမည့်နှစ်များတွင် ဒေသဆိုင် ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမို
မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဂျီ- ၂၀ထိပ်သီးအစည်းအဝေးအပိုင်း
(၁)‘‘ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှင့် အလုပ်အကိုင်ဖန်တီးမှုအား
မြှင့်တင်ပေးခြင်း’’ဆွေးနွေးပွဲနိုင်ငံတော်သမ္မတက အာဆီ ယံဒေသသည် လူဦးရေ ၆၀၉သန်း ရှိသော ဈေးကွက်ကြီးဖြစ်နေပြီး စုစုပေါင်းကုန်ထုတ်တန်ဖိုး(ဂျီဒ
ထို့အပြင် ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရာတွင် လူငယ် များ၏ အခန်းကဏ္ဍမှာ အလွန်အ ရေးကြီးသည့်အတွက် အာဆီယံ ဒေသတွင်း လူငယ်စွန့်ဦးတီထွင် သူများပေါ်ပေါက်ရေးဆောင်ရွက် နေကြောင်းလည်း သမ္မတကဆွေး နွေးခဲ့သည်။
မကြာသေးမီက သမ္မတဦး သိန်းစိန်နှင့်နေပြည်တော်၌ တွေ့ ဆုံခဲ့သည့် အမေရိကန်သမ္မတအို ဘားမားလည်း ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက် လျက်ရှိသည်။
7Day Daily
No comments:
Post a Comment