Sunday, November 9, 2014

အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းရာတွင် ပြည်သူ မနာရန်နှင့် တိုင်းပြည် သိက္ခာမကျရန် လုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အခြေခံဥပဒေပြင်ဆင် ရာတွင် လူထုပါဝင်ရန်လိုအပ်ပြီး ပြည်သူမနာရန်နှင့် တိုင်းပြည် သိက္ခာမကျစေရန် အေးအေးချမ်း ချမ်းလုပ်ဆောင်သွားမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကပြောကြားလိုက်သည်။
‘‘အခြေခံဥပဒေကို လွှတ်တော်တွင်းက ပြင်ချင်တယ်ဆိုတာက တကယ်တော့ လူနည်းစုက လူများစုကြီးကို စိန်ခေါ်သလိုဖြစ် နေတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောခဲ့ပြီး ‘ကျွန်မတို့ လုပ်စရာရှိတာကို အေးအေးချမ်း ချမ်းနဲ့ ပြည်သူလည်းမနာအောင် ကျွန်မတို့ တိုင်းပြည်ကိုလည်း သိက္ခာမကျအောင်လုပ်သွားပါ့ မယ်လို့ပြောလိုပါတယ်’’ဟု အခြေခံဥပဒေပြင်ဆင်ရေးနည်းလမ်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။
နိုနို နိုဝင်ဘာ ၈ ရက်က ကယား ပြည်နယ်လွိုင်ကော်မြို့တွင် ပြု လုပ်သော လူထုတွေ့ဆုံပွဲအခမ်း အနား၌ ဟောပြောပွဲတက် ရောက်သူများ မေးမြန်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လုပ်ဆောင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လူထုက ပါဝင်ကူညီရမည်ဆိုသည်မှာ မည်သည့်နည်းလမ်းဖြင့် ကူညီရမည်လဲဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရာတွင် လွှတ်တော်တွင်းလုပ် ဆောင်မှုအပြင် နောက်တစ်ဆင့် အဖြစ် လူထုပါဝင်လုပ်ဆောင်ရန် နည်းလမ်းများကို လူထုထံချပြ မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ကဆိုသည်။

ပြည်သူလူထုအနေဖြင့် ပထမဆုံးလုပ်ရမည့်အလုပ်မှာ လွှတ်တော်တွင်းမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆွေး နွေးပွဲများကို စိတ်ဝင်စားရန်သာ ဖြစ်ပြီး ‘ဒီဆွေးနွေးပွဲတွေကို စိတ်ဝင်စားကြပါ။ လိုက်ပြီးနားထောင် ကြပါ။ ဘယ်သူတွေက ဘာပြော နေတယ်၊ ဘယ်သူတွေကတကယ်ပဲပြည်သူ့ဆန္ဒကိုလေးစားတယ်ဆို တာကိုလေ့လာကြပါ’ဟု လူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်း စုကြည်ကပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးလွှတ်တော်ကော်မတီ၏ အစီရင်ခံစာကို လာမည့်နိုဝင်ဘာ ၁၃ ရက်တွင် လွှတ်တော်၌ စတင် ဆွေးနွေးမည်ဖြစ်သည်။

လွှတ်တော်၌ ဆွေးနွေးရာ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် ကိုယ်စားလှယ် ၄၆ နေရာသာပိုင်ဆိုင်ထား၍ နိုင်ငံတော်သမ္မတနှင့် ထိပ်သီးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ် တော်တွင်းမှသာလုပ်ဆောင်မည်ဆိုသည်မှာ မအောင်မြင်နိုင်ဟု ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။

(၂၅) နှစ်အတွင်း ကယား ပြည် နယ်သို့ ပထမဆုံးသွားရောက် သည့်ခရီးစဉ်တွင် လမ်းတစ် လျှောက်ကျေးရွာများ၌ ဒေသခံတိုင်းရင်းသားများက ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဗမာလူမျိုးကိုသာ ကိုယ်စားပြုသည့်ပါတီ မဟုတ်ဘဲ တိုင်းရင်းသားအားလုံးအတွက် စစ်မှန်သောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဆောင်ရွက်နေသည့် ပြည်ထောင် စုပါတီဖြစ်သည်ဟု အကြိမ်ကြိမ် ပြောကြားခဲ့သည်။
7daydaily

No comments:

Post a Comment