Wednesday, November 5, 2014

ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ကာတာနိုင်ငံသို့ သွားရောက်လေ့ကျင့်

ဘာလုံးအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံမှာ နေထိုင်လေ့ကျင့်ဖို့ အတွက် နိုဝင်ဘာ ၃ ရက်နေ့က ကာတာနိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။

၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲကို စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး မြန်မာ အသင်းပါဝင်တဲ့ အုပ်စု (ခ)ပွဲစဉ်များကို စင်ကာပူနိုင်ငံမှာ ကျင်းပမှာ ဖြစ်ပါတယ်။



အုပ်စု(ခ)မှာ မြန်မာ့လက်ရွေးစင်အသင်းဟာ အိမ်ရှင်စင်ကာပူ၊ ထိုင်း၊ မလေးရှား အသင်းတို့နဲ့ အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အုပ်စုကျပ်တဲ့ အနေအထားဖြစ်ပါတယ်။ မြန်မာအသင်းဟာ ကာတာနိုင်ငံမှာ လေ့ကျင့်ပြီးနောက် စင်ကာပူနိုင်ငံကို တိုက်ရိုက် သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ဖို့အတွက် ၀ါရင့်ကစားသမားတွေအပြင် မြန်မာ ယူ ၁၉ အသင်းက လူငယ်ကစားသမား ၃ ဦးကိုလည်း အားဖြည့် ခေါ်ယူသွားပါတယ်။

DVB

No comments:

Post a Comment