Wednesday, November 5, 2014

နိုင်ငံသားမဟုတ်သူများ ပါဝင်တည်ထောင်ထားသည့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ပြန်ဖွဲ့ခိုင်း

နိုင်ငံသားမဟုတ်သူများ ပါဝင် တည်ထောင်ထားသည့် နိုင်ငံရေးပါတီများ အနေဖြင့် ၂၀၁၅ ဇန်န၀ါရီ ၉ ရက် နောက် ဆုံးထား၍ ဥပဒေနှင့်အညီ ပြင် ဆင် ဖွဲ့စည်းရတော့မည်ဖြစ် သည်။

ယခင်က မူလနိုင်ငံသား မဟုတ်သည့် နိုင်ငံသားပြုခွင့်ရသူ၊ ဧည့်နိုင်ငံသား၊ယာယီသက်သေခံလက်မှတ် (အဖြူရောင်ကတ်) ကိုင်ဆောင် ထားသူများကိုပါ ပါတီတည် ထောင်ခွင့်၊ ပါတီတွင်း ပါဝင် ခွင့်ပေးထားခဲ့သော်လည်း ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေအရ ထိုသို့ ပါဝင်ခြင်းကို ကန့် သတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲမတိုင်မီကာလတွင် နိုင်ငံသားမဟုတ်ဘဲ ယာယီသက် သေခံလက်မှတ်ကိုင်ဆောင်ထား သူများက နိုင်ငံရေးပါတီ တည် ထောင်ကာ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သဖြင့် အဆို ပါကိစ္စရပ်များ ထပ်မံမဖြစ်ပေါ်ရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က အထက်ပါပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်သို့ စတင်တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အချို့သောပါတီများ နိုင်ငံသား မဟုတ်သူများကို ပါတီဝင်အဖြစ် ထည့်သွင်းခြင်း၊ အချို့ပါတီတွင် ပါတီထူထောင်သူနေရာများ၌ ပါဝင်ခြင်းစသည့် ကိစ္စရပ်များရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့ကဆိုသည်။

‘‘လက်ရှိအာဏာပိုင်ပုဂ္ဂိုလ် တွေအနေနဲ့ ဒို့တာဝန်အရေးသုံး ပါး ဦးထိပ်ထားတယ်ပြောတယ်။ အဲဒါဆို ဘာကြောင့် နိုင်ငံသား မဟုတ်သူတွေကို ခေါ်သွင်းလာ တာလဲ။ ကိုယ်အနိုင်ရဖို့ တစ်ခု တည်းနဲ့ အခြေခံဥပဒေနဲ့ မညီ တာကို လုပ်ထားလို့ ကျွန်တော် တို့က ညီအောင် ပြန်လုပ်ထားရ တာ’’ဟု ယင်းကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သူ ဒေါက်တာအေးမောင်က ပြော သည်။

နိုင်ငံရေးပါတီများအနေ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း၊ နည်းဥပဒေများကို ဒုတိ ယအကြိမ်ပြင်ဆင်သည့် နည်း ဥပဒေတွင် ပါဝင်သည့် နေ့ရက် နောက်ဆုံးထားကာ မိမိတို့ပါတီ အတွင်း နိုင်ငံသားမဟုတ်သူများ ပါဝင်ခြင်းရှိ၊ မရှိနှင့်ရှိပါက မည်သို့ ပြုလုပ်ဆောင်ရွက်ထားသည် ကို တင်ပြရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်း လှိုင်ကပြောသည်။

‘‘လွှတ်တော်ကနေ ဒီဥပဒေ ကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့အတွက် ဘယ်သူမဆို ဒီဥပဒေကို လိုက်နာ ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကတော့ ဥပဒေဘောင်အတွင်းက ပဲ ဆောင်ရွက်သွားမယ်။ တကယ် လို့ သတ်မှတ်ထားတဲ့ရက်အတွင်း ပြီးအောင် မဆောင်ရွက်နိုင်တဲ့ ပါတီတွေရှိရင် နည်းဥပဒေ ၂၄ (က)ပါနည်းလမ်းနဲ့အညီ အရေးယူဆောင်ရွက်လို့ရပါတယ်’’ဟု ဦးသောင်းလှိုင်ကပြောသည်

7Day Daily

No comments:

Post a Comment