Monday, November 10, 2014

အနောက်နိုင်ငံများ စီးပွားရေးပိတ်ဆို့မှုကြောင့် တရုတ်သာအမြတ်ရရှိသွား အမေရိကန်စီးပွားရေးပိတ်ဆို့မှု ခုတ်ရာတခြား ရှရာတခြား ဖြစ်နေဟုဆို


အနောက်နိုင်ငံများက မြန်မာနိုင်ငံအား နှစ် ၂၀ ကျော် စီးပွားရေးပိတ်ဆို့မှု
ကြောင့် တရုတ်နိုင်ငံကသာ အကျိုးအမြတ်ရရှိသွားပြီး ထိုသို့အမေရိကန်နိုင်ငံက
စီးပွားရေးပိတ်ဆိုမှုသည် ခုတ်ရာတခြားရှရာတခြားဖြစ်နေကြောင်း ရန်ကုန်မြို့
တော်ဝင်နှင်းဆီခန်းမ၌ နိုဝင်ဘာ ၉ ရက်က ပြုလုပ်သော အမေရိကန်စီးပွားရေး
ပိတ်ဆို့မှုကြောင့် မြန်မာလူထုအပေါ်သက်ရောက်မှုများ ဆွေးနွေးပွဲတွင်
ဒေါက်တာမြင့်ဆန်းက ယင်းကဲ့သို့ ပြောဆိုလိုက်သည်။



" ကြားထဲမှာ အမြတ်ရသွားတာကတရုတ်ပါ။ ဒီနှစ် ၂၀ ကျော်မှာ အနောက်
နိုင်ငံတွေက ပိတ်ဆို့ထားတဲ့အခါမှာ မြန်မာအစိုးရက မိတ်ဖက်အသစ်ရှာတယ်။
မိတ်ဖက်အသစ်က ဘယ်သူတွေဖြစ်သွားလဲဆိုတော့ တရုတ်ရယ်၊ ရုရှားရယ်ဖြစ်
သွားတယ်။ အထူးသဖြင့် တရုတ်ဆိုရင် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွက်
ကာကွယ်ပေးတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးတော်တော်များများရသွားတယ်။
အပေါ်ကိုပစ်မှတ်ထားပေမယ့် ခုတ်ရာတခြား ရှရာတခြားဖြစ်တယ်လို့ပဲ ကျွန်
တော်ယူဆပါတယ်"ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌လာဘ်ပေးလာဘ်ယူအများဆုံးနိုင်ငံဖြစ်
နေပြီး ထိုသို့ လာဘ်ပေးလာဘ်ယူမှုမှငွေကြေးအမြောက်အမြားရရှိနေသော
ကြောင့် စီးပွားရေးပိတ်ဆို့သည်ဖြစ်စေ၊ စီးပွားရေးမပိတ်ဆို့သည်ဖြစ်စေ သာ
မန်ပြည်သူများကိုသာ ထိခိုက်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

" နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဆက်စပ်တယ်။ စီးပွားရေးပိတ်ဆို့သည်ဖြစ်စေ၊
မပိတ်ဆို့သည်ဖြစ်စေ အရင်အစိုးရလူကြီးဟောင်းတွေပဲ ပြောပြော၊ ဗိုလ်ချုပ်
ဟောင်းတွေပဲပြောပြော သူတို့ထိခိုက်မှုက ပါးပါးလေးပါ၊ ဘာကြောင့်လဲဆိုတော့
သူတို့ကကိုယ်ကျိုးရှာနိုင်တဲ့ အခွင့်အလမ်းပါဝါအာဏာတွေရှိတယ်"ဟု ဒေါက်တာ
မြင့်ဆန်းက ပြောကြားသည်။

စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံတွင် ထူးခြားမှုတစ်စုံတစ်ရာဖြစ်ပေါ်
လာခြင်းမရှိဘဲ ပြုပြင်ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လာခြင်း မရှိကြောင်း၊
အမေရိကန်အစိုးရသည် ထောက်ပံ့မှုများပြန်လည်ပေးမည်ဆိုသည်မှာ ကောင်း
သည့်အချက်တစ်ချက် ဖြစ်ကြောင်းဦးသန်းစိုးနိုင်က ဆွေးနွေးရာ၌ထည့်သွင်း
ပြောဆိုသွားခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment