Monday, November 24, 2014

ရွှေဈေး အတက်အကျ ထိန်းသိမ်း ရန် ရွှေလုပ်ငန်း ရှင်များကို တိုင်းဝန်ကြီး ချုပ်တိုက်တွန်း

ရွှေဈေးကွက် မတည်ငြိမ် မှုသည် အခြား စီးပွားရေး လုပ်ငန်း များအပေါ် များစွာ အကျိုး သက်ရောက် သဖြင့် ရွှေဈေး အတက်အကျ မြန် ဆန်လာမှုကို ထိန်းသိမ်းရန် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရွှေလုပ်ငန်း ရှင်များကို တိုက်တွန်းပြော ကြားလိုက်သည်။

နိုဝင်ဘာ ၂၂ရက်က Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ၁၂ကြိမ်မြောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များ အသင်း နှစ်ပတ်လည် အစည်း အဝေးတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်းတိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။



"ရွှေကို ကစားပြီး တော့မှ ငွေကြေးတွေ အများကြီး အတက် အကျဖြစ် တယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေးပါ ထိခိုက်နိုင် ပါတယ်။ ရွှေတည်ငြိမ်မှု သည်လည်း နိုင်ငံ့ စီးပွားရေး တည်ငြိမ်မှုအပေါ် အများကြီးအကျိုးသက် ရောက်မှုရှိတာဖြစ်ပါတယ်။ အရင်တုန်းက ရွှေအတက်အကျ သိပ်များလာပြီဆိုရင်တော့ အစိုးရတာဝန်ရှိ သူတွေက လုပ်ငန်းရှင်တွေကိုခေါ်ပြီး ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ခဲ့ပါတယ်" ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသည်။

မြန်မာ့ရွှေဈေး ကွက်သည် နိုင်ငံတကာနှင့် တိုက်ရိုက် ဆက်နွှယ်မှု မရှိသေး သော်လည်း နယ်စပ် ဒေသများမှ တရားမဝင် ရွှေတင် သွင်းမှုများ ရှိနေသော ကြောင့် မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးနှင့် တောက်လျှောက်ချိတ် ဆက်နေခြင်း ဖြစ်ကြောင်း ဦးမြင့်ဆွေက ဆက်လက် ပြောဆိုသည်။

ထိုသို့တိုင်းဒေသကြီးဝန်ကြီးချုပ်၏ တိုက်တွန်းပြောကြားချက်အပေါ် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်ဝင်း က နိုင်ငံေ တ်ာဘက်မှ သတ္တုတွင်းနှင့် ရွှေလုပ်ငန်းတို့နှင့် ပတ်သက်သော ဥပဒေများကို ပြဋ္ဌာန်းပေးနိုင် ရန်လို အပ်နေပြီဟု ပြန်လည် တုံ့ပြန်ထားသည်။

"နိုင်ငံတော်က ရွှေလုပ်ငန်းနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်။ နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်စရာတွေ အများကြီးရှိပါတယ်။ ဥပမာ ကျွန်တော်နိုင်ငံရဲ့ရွှေသယံဇာတတွေ လေလွင့်မှုမရှိအောင် စနစ်တကျ နိုင်ငံတကာကို ဘယ်လိုရောင်းမလဲ။ တကယ်လို့ ရွှေရှားလာရင် နိုင်ငံတကာက ဘယ်လို တင်သွင်းမလဲ။ ရွှေဈေးကွက်ကြီးရော ဘယ်လိုဖော်ဆောင်မလဲ။ လုပ်စရာ အများကြီးရှိပါတယ်" ဟုဦးကျော်ဝင်းကဆိုသည်။

လက်ရှိ အချိန်တွင် မြန်မာ့ အခေါက် ရွှေဈေးကို ငွေကျပ် ၆၆၀,၀၀၀ အောက်တွင် ဈေးနှုန်းထိန်း သိမ်းထားပြီး ယခုနိုဝင်ဘာလ ကုန်တွင် ရွှေ၊ ဒေါ်လာဈေးနှုန်း နှစ်မျိုးလုံး ပြန်လည်ကျဆင်းမည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

Mizzima

No comments:

Post a Comment