Friday, November 28, 2014

စိတ်ဖိစီးမှုကို ဘယ်လိုစီမံကွပ်ကဲမလဲ

''စိတ်ဖိစီးလိုက်တာ'' ၊ ''Stress'' ဟူသော စကားလုးံ တို့မှ အလုပ်ခွင်နှင့် နေ့စဉ်ဘ၀တွင် ကြားဖူး နေကျ စကားလုံးများ ဖြစ်နေကြခြင်းမှာ ယနေ့အခါတွင် အဆန်းကြယ်တော့ပါ။ Stress သို့မဟုတ်

စိတ် ဖိစီးမှုကို သင်နှင့် အတူ ဆုပ်ကိုင် မလား။ လွှတ်ဖယ် မလား ဆိုသည်မှာ သင်၏ အနာဂတ်နှင့်သာ သက်ဆိုင်ပေလိမ့်မည်။ ထို့ကြောင့် Stress ကို စွန့်ပယ်ချင်သူ၊ ဆုပ်ကိုင်ချင်သူများအတွက် Stress ကို စီမံ ကွပ်ကဲ နည်းလေးများကို မျှဝေပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှု ဖြစ်ရသော အကြောင်း အရင်းကို ရှာပါ

မိမိ လှောင်ပိတ်မိနေသော စိတ်ဖိစီးမှု၏ အကြောင်း အရင်းခံကို ရှာပေးပါ။ တစ်စုံ တစ်ယောက် ကြောင့် ဒေါသ ထွက်ရ သလား၊ မိမိကိုယ် မိမိ ဒေါသ ထွက်ရ သလားစသဖြင့်မိမိ ဘာကြောင့် ဤကဲ့သို့ ခံစားနေရသော အကြောင်းအရင်းကို ဖော်ထုတ်ပါ။ Stress ဖြစ်ရသော အကြောင်း အရင်း ပေါ်ပေါက်လာပါလျှင် အဆိုပါ ကိစ္စမှာ အမှတ်တကယ် Stress ဖြစ်သင့်သော ဟုတ်၊ မဟုတ် ပြန်လည် ဝေဖန် ဆန်းစစ်ပါ။ Stress ဖြစ်လောက်ဖွယ် ကိစ္စမဟုတ်လျှင် လောလောဆယ် မဆုံးဖြတ်ပါနှင့် ဦးနှောက်အေးသွားမှ သေချာ ပြန်စဉ်းစား ဆုံးဖြတ်ပါ။ Stress ဖြစ်လောက်ဖွယ် ကိစ္စ မဟုတ်လျှင် သီချင်းနားထောင်ခြင်း လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြေခြင်း စသည်ဖြင့် စိတ်ထွက်ပေါက် တစ်ခုခု ပေးပြီး ဖြေလျှော့ပစ်လိုက်ပါ။ ဥပေက္ခာ ပြုပါ။

(၂) Stress ဖြစ်နေသောအချိန် ဘာလုပ်မလဲ

ခေါင်းများပင် ကိုက်အောင် Stress ဖြစ်နေပြီဆိုလျှင် ပထမဆုံး လုပ်သင့်သည်မှာ လူများနှင့် ဝေးရာ၊ ဆူညံသံများနှင့် ဝေးရာသို့ သွား၍ အေးချမ်းစွာ နေပစ်လိုက်ဖို့ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ဖြေလျှော့ နိုင်သော ထိုင်ခုံ သို့မဟုတ် ခုတင် တစ်လုံးတွင် လှဲ၍ တစ်ကိုယ်လုံးရှိ အကြော များကို နဖူး ကြောမှ ခြေမ ကြောအထိ တင်းထား သမျှ အကုန် လျှော့ပစ် လိုက်ပါ။ ထိုသို့ အကြော လျှော့ရာတွင် မျက်ခုံး၊ မျက်လုံး၊ နှုတ်ခမ်း၊ မေး စသဖြင့် အသေးစိတ် တစ်ခုချင်း လိုက်လျှော့ ပေးဖို့ လိုပါတယ်။ တစ်ကိုယ်လုံး အကြောတွေ လျှြော့ပီး အေးချမ်းသွားပြီ ဆိုမှ စိတ်ကို ပြင်ဆင်ပါ။ အတိတ်ကို ဥပေက္ခာ ပြု၍ လက်ရှိ အချိန်ကို အခြေတည် စဉ်းစား တတ်သော အကျင့်ကို ပျိုးထောင်သင့် ပါတယ်။ ခန္ဓာကိုယ် သာမက စိတ်ကိုပါ ဖြေလျှော့စေပြီး ပြီဆိုလျှင် အလုပ်ဆက်လုပ်နိုင်ပါပြီ။

(၃) ကျန်းမာရေး မထိခိုက်အောင် Stres ကိုဘယ်လိုကွပ်ကဲမလဲ

Stress ဖြစ်နေတဲ့ အချိန်မှာ ပြဿနာကို လက်ငင်း ရှင်းဖို့ မကြိုးစားဘဲ စားစရာ ရှိကစား၊ အိပ်စရာ ရှိက အိပ်စက်ခြင်းဖြင့် စိတ်ထွက်ပေါက် ပေးပေးပါ။ အိပ်ရေး မ၀လျှင် Stress ဖြစ်စေသော ဟော်မုန်း ပိုမို ထွက်ရှိ တာကြောင့် အိပ်ရေး ၀အောင် အိပ်စက်ထားသူဟာ Stress ဒဏ်ကို ပိုမို ခံနိုင်ရည် ရှိတာ တွေ့ရကြောင်း နိုင်ငံတကာ ကျန်းမာရေး ပညာရှင်များက ထုတ်ပြန် ထားပါတယ်။

(၄) ကိုယ်လက် လှုပ်ရှား လုပ်ပါ

နာရီဝက်ခန့် လမ်းလျှောက်ပေးခြင်း၊ ယောဂထိုင်ခြင်းများကလည်း Stress ကို သက်သာ စေကြာင်းပါ။ ဒါကြောင့် Stress ဖြစ်ချိန်မှာ ခေတ္တ လမ်းလျှောက် ထွက်ခြင်းမျိုးလည်း သင့်လျော ပါတယ်။

(၅) ဆန့်ကျင်ဘက် တွေးပါ

တစ်ခုခုကို စိတ်ပူပန် နေပါသလား။ ဥပက္ခော ပြုနိုင်သော စိတ်နှလုံးမျိုး မွေးရမှာပါ။ တစ်စုံ တစ်ယောက်ကို ဒေါသ ဖြစ်နေပါသလား။ ကိုယ်ချင်း စာတတ်သော စိတ်နှလုံးမျိုး မွေးရမှာပါ။ ပူလောင် ရတဲ့ ခံစားချက်များကို တရား သဘောဖြင့် ရှင်းထုတ်နိုင်အောင် ကြိုးစား သင့်ပါတယ်။ ။



မကြယ်ရီ

No comments:

Post a Comment