Friday, November 28, 2014

၂ဝ၁၆ အာဆီယံ ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင် အဖြစ် မြန်မာနှင့် ဖိလစ်ပိုင် ရွေးချယ်ခံရ …..

Photo: ၂ဝ၁၆ အာဆီယံ ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင် အဖြစ် မြန်မာနှင့် ဖိလစ်ပိုင် ရွေးချယ်ခံရ …..

၂ဝ၁၆ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် နိုင်ငံများအဖြစ် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့ကို အာဆီယံ ဘောလုံးအဖွဲ့ချုပ် နှစ်ပတ်လည် အစည်းအဝေးတွင် ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံသည် ၁၉၉၆ခုနှစ်တွင် တိုက်ဂါးဖလား ပြိုင်ပွဲ အဖြစ်စတင် ကျင်းပခဲ့သည့် အာဆီယံဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတစ် လျှောက်တွင် အိမ်ရှင်အဖြစ် ပထမ အကြိမ် လက်ခံ ကျင်းပခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၆ ခုနှစ် ဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ကမ္ဘောဒီးယား နိုင်ငံ၊ နောက်ဆုံး အဆင့်ပြိုင်ပွဲကို မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ တို့က လက်ခံကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ် သည်။ အာဆီယံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးတွင် အခြားပြိုင်ပွဲများ အတွက်လည်း အိမ်ရှင် နိုင်ငံများကို ရွေးချယ်ခဲ့ရာ အာဆီယံ အမျိုးသမီးပြိုင်ပွဲ  အိမ်ရှင်အဖြစ်  ထိုင်းနိုင်ငံ၊ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် မလေးရှား နိုင်ငံတို့ကို ရွေးချယ် ခဲ့ကြောင်း သိရသည်။

အာဆီယံ ဘောလုံးပြိုင်ပွဲသည် ဒေသတွင်းတွင် အဆင့်အမြင့်ဆုံး လက်ရွေးစင် အဆင့် ပြိုင်ပွဲဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တိုက်ဂါးဖလား ပြိုင်ပွဲ အဖြစ် စင်ကာပူ နိုင်ငံက စတင် ကျင်းပ ခဲ့သည်။ နှစ်နှစ် တစ်ကြိမ်ကျင်းပသည့် ယခု ပြိုင်ပွဲတွင် စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က အိမ်ရှင်အဖြစ် လေးကြိမ်၊ အင်ဒိုနီးရှားနိုင်ငံက သုံးကြိမ်၊ မလေးရှား နိုင်ငံက နှစ်ကြိမ်စီ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment