Thursday, November 13, 2014

(၂၅) ကြိမ်မြောက်အာဆီယံထိပ်သီးမျက်နှာစုံညီအစည်းအဝေး မလေးရှားကိုယ်စားလှယ်အဖွဲ့ အချိန်မီရောက်မလာ၍ ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးမှ အစည်းအဝေး စတင်ခဲ့ရ

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးမျက် နှာစုံညီအစည်းအဝေးစတင်ချိန်တွင် မလေး ရှား ဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ အချိန်မီရောက် မလာသောကြောင့် ၁၅ မိနစ်ခန့်စောင့် ဆိုင်းပြီးမှ အစည်းအဝေး စတင် ခဲ့ရကြောင်း သိရသည်။

မူလက အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီအချိန်တွင် စတင်ရန် စီစဉ်ထားပြီး အစည်းအဝေးတက်မည့် အာဆီ ယံခေါင်းဆောင် အားလုံး အစည်းအဝေးခန်း အတွင်း ရောက်ရှိနေရာ ယူပြီးချိန်အထိ မလေး ရှားကိုယ်စားလှယ်အဖွဲ့ ရောက်မလာသော ကြောင့် ရောက်ရှိလာချိန်အထိ စောင့်ဆိုင်းပြီး မှ စတင်ခဲ့ရခြင်း ဖြစ်သည်။



ထိုကဲ့သို့ အချိန် ၁၅ နစ်ခန့် ကြန့်ကြာ ခဲ့ရခြင်းသည် အိန္ဒိယဝန်ကြီးချုပ်နှင့် မလေး ရှားဝန်ကြီးချုပ်တို့ သီးခြားတွေ့ဆုံမှုပြုလုပ်နေ သည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲများတွင် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ရောက်ရှိမလာ သဖြင့် ကျန်အဖွဲ့အားလုံးက အစည်းအဝေး ခန်းအတွင်း ထိုင်စောင့်ရသည့် ဖြစ်စဉ်မျိုးမှာ မရှိသလောက်နည်း ပါးသည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံဆိုင်ရာကိစ္စများအပြင် အခြားဆွေးနွေး အမြင်ဖလှယ်လိုသည်များရှိပါကလည်း လွတ်လပ်စွာ ဆွေးနွေးရန် သမ္မတ ဦးသိန်းစိန် က ဖိတ်ခေါ်ခဲ့သည်။


Eleven Media Group

No comments:

Post a Comment