Monday, November 24, 2014

စစ်တွေအပါအဝင် ရခိုင်မြို့ ငါးမြို့တွင် ဘန်ကီမွန်းကို ကန့်ကွက်ဆန္ဒပြ

ရခိုင်ပြည် နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု အာဆီယံ ထိပ်သီးအစည်းအဝေး ကာလအတွင်း ပြောဆိုသုံးနှုန်းခဲ့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား နိုဝင်ဘာ ၂၃ ရက်က စစ်တွေအပါအဝင် ရခိုင်မြို့ ငါးမြို့ရှိ သံဃာတော်များနှင့်လူထုများ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရ သည်။

ယခုဆန္ဒပြပွဲကို စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော နှင့် မောင်တောမြို့များတွင် သက် ဆိုင်ရာ၏ခွင့်ပြုချက်ဖြင့် တရားဝင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းဆန္ဒပြပွဲကို ယင်းနေ့မွန်း လွဲ ၁နာရီမှစတင်ကာ ဝင်္ကပါဘုရား ကွင်းမှ ဦးဥတ္တမလမ်း၊ လမ်းမကြီး၊ ဦး အောင်ဇံဝေလမ်း၊ မင်းဘာကြီးလမ်း အတိုင်း လမ်းလျှောက်ကာ မင်းဘာ ကြီးလမ်းမှတစ်ဆင့် ဦးဥတ္တမလမ်း သို့ ပြန်လည်ဝင်ရောက်၍ ဝင်္ကပါကွင်း တွင် မွန်းလွဲ ၂နာရီကျော်ခန့်၌ လူစုခွဲ ခဲ့ကြသည်။

''မြန်မာနိုင်ငံမှာ မရှိတဲ့လူမျိုးတစ်မျိုးရဲ့နာမည်ကို ပြောဆိုသုံးနှုန်း ခဲ့တဲ့ ဘန်ကီမွန်းဟာ မြန်မာ့အချုပ် အခြာကို ဝင်စွက်ဖက်တဲ့အတွက် ဘန် ကီမွန်းကို ပြင်းပြင်းထန်ထန် ကန့် ကွက်ပါတယ်'' ဟု ဆန္ဒပြပွဲဦးဆောင် သူ ကိုအောင်ဌေးက ပြောသည်။

ဆန္ဒပြရာတွင်

''UN လူကြီး ဘန်ကီမွန်းအမှန်တရားကို မသိ လား''၊

''သမိုင်းလိမ်ညာ ရိုဟင်ဂျာ ရခိုင် ပြည်မှာလုံးဝမရှိ''၊

''ရိုဟင်ဂျာကို လက် ခံသူအလိုမရှိ၊ အလိုမရှိ''၊

''လူ့အခွင့် အရေးဆိုသူများ ရခိုင်သားကို အား နာပါ''၊

''ရခိုင်ပြည် ရခိုင်ပြည် ရခိုင် သားတို့ဇာတိမြေ''၊

''ဇာတိမြေကို ကာကွယ်ထား ရခိုင်သား ရခိုင်သား'' စသည့်စာသားများကို ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

''ဘန်ကီမွန်းရဲ့ အသုံးအနှုန်း ကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုး စုနှစ်ခုအကြား တင်းမာမှုတွေ ပိုပြီး ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် နှစ်ရာ ခိုင်နှုန်းသာရှိတဲ့ ကျွန်တော်တို့ မောင် တောက ရခိုင်တိုင်းရင်းသားတွေအ တွက် အင်မတန်ကြောက်စရာကောင်း တဲ့အတွက် အခုလိုကန့်ကွက် ဆန္ဒပြ ရခြင်းဖြစ်ပါတယ်''ဟု မောင်တောမြို့ မှ ဒေသခံတစ်ဦးက ပြောသည်။

ယခုဆန္ဒပြပွဲနှင့်အတူ ဘင်္ဂါလီ ကို ရိုဟင်ဂျာဟုပြောဆိုခဲ့သူ မစ္စတာ ဘန်ကီမွန်းထံ စစ်တွေလူထုက ကန့် ကွက်ကြောင်း အိတ်ဖွင့်ပေးစာတစ် စောင်ကိုလည်း ပေးပို့လိုက်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ဆို သည်။

အဆိုပါပေးစာတွင် ကုလသမဂ္ဂ ၏ တရားဝင်ရုံးသုံးအဖြစ်မှ ရိုဟင် ဂျာ အမည်လိမ်ကို ပယ်ဖျက်ပေးရန်၊ ARU နှင့် ARNO စသော မျက် နှာဖုံးစွပ်ထားသည့် RSO အကြမ်း ဖက်သမားများကို ကုလသမဂ္ဂလူ့အ ခွင့်အရေးညီလာခံများသို့ တက် ရောက်ခွင့်မပြုရန်၊ တစ်ဖက်နိုင်ငံ တွင် လူဦးရေ သန်း ၁၆ဝခန့်ရှိနေသ ဖြင့် ကျူးကျော်ဘင်္ဂါလီများကို လူ နည်းစုဟူ၍ သတ်မှတ်ခြင်းမပြုရန် နှင့် ကျူးကျော်ဘင်္ဂါလီများကို ဒုက္ခ သည်အဖြစ် တစ်ဖက်သတ် သတ် မှတ်ကူညီထောက်ပံ့နေသကဲ့သို့ ဆင်း ရဲသောဒေသခံ ရခိုင်တိုင်းရင်းသားများကိုလည်း ခွဲခြားမှုမပြုဘဲ မျှတ စွာကူညီထောက်ပံ့ပေးရန် စသည့် အချက်များကိုလည်း ထည့်သွင်း တောင်းဆိုခဲ့ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment