Monday, November 24, 2014

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေထုမငြိမ်မသက် မှုများမှ မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ဟု ဒေါက်တာ ထွန်းလွင်ပြော

ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် ဖြစ် ပေါ်နေသော လေထုမငြိမ်မသက်မှု များမှ ပိုမိုအားကောင်းလာကာ မုန် တိုင်းတစ်လုံး ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

အဆိုပါမုန်တိုင်းမှာ မြန်မာနိုင် ငံအတွင်းသို့ တိုက်ရိုက်ထိခိုက်ကျ ရောက်ဖို့အလားအလာ နည်းပါးသော် လည်း အခါလွန်မိုးများရွာနိုင်ကြောင်း၊ ယခုနှစ်တွင် အခါလွန်မိုးရွာသွန်းမှု ကြောင့် စိုက်ပျိုးသီးနှံပျက်စီးမှုများ ကို မြစ်ဝကျွန်းပေါ်ဒေသများတွင် များစွာကြုံတွေ့နေရခြင်းကြောင့် ကြို တင်ပြင်ဆင်ထားသင့်ကြောင်း ယင်း က သတိပေးပြောကြားလိုက်သည်။



''မုန်တိုင်းတည်ရှိနိုင်တဲ့နေရာ ဟာ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးနေတာ ကြောင့် မြန်မာနိုင်ငံအတွင်းဝင်လာ ဖို့ အလားအလာ အလွန်နည်းတယ်။ ဒါပေမဲ့ သူရဲ့အကျိုးဆက်ကြောင့် မိုး ရွာမှာကို စောင့်ကြည့်ဖို့လိုတယ်'' ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မုတ်သုံလေဦးတစ်လျှောက်တွင် လည်း မုန်တိုင်းဖြစ်ပေါ်နိုင်သော မိုး တိမ်တောင်များ ဖြစ်ပေါ်နေကြောင်း၊ ၂ဝ၁၄ နိုဝင်ဘာ ၂၂ရက်ထိ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ် မှုမှာ လေးကြိမ်သာရှိသေးပြီး၊ နှစ် တစ်နှစ်၏ အနည်းဆုံးအကြိမ်နှင့်သာ စံချိန်တူနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည် နယ်အချို့တွင် အခါလွန်မိုးရွာသွန်းမှု များကို သတိပြုရမည်ဖြစ်ပြီး၊ ညအပူ ချိန်များမှာလည်း နိုဝင်ဘာလ၏ ပျမ်း မျှ အပူချိန်ထက် လျော့နည်းမှုများ ရှိ နေပြီဖြစ်ကာ၊ ထူးခြားသည့် ညအပူ ချိန်များမှာ ဟားခါးမြို့တွင် သုညဒီဂ ရီစင်တီဂရိတ်တွင်ရှိပြီး၊ လွိုင်ကော် တွင် လေးဒီဂရီစင်တီဂရိတ်တို့ဖြစ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန် ကြားမှုဦးစီးဌာန၏ နိုဝင်ဘာ ၂၃ရက် မွန်းလွဲ ၂နာရီသတင်းထုတ်ပြန်ချက် အရ သိရသည်။

MMA
Yangon Media Group

No comments:

Post a Comment