Friday, November 7, 2014

သုံးရက်ဆက် မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိ လမ်းများနှင့် မြို့နယ်အချို့တွင် ရေကြီးမှုများဖြစ်ပွား


နိုဝင်ဘာ ၄ ရက်မှစတင်ကာ သုံးရက်ဆက် တိုက်မိုးရွာသွန်းမှုကြောင့် ရန်ကုန်မြို့ရှိလမ်း များနှင့် မြို့နယ်အချို့၌ နိုဝင်ဘာ ၆ ရက် တွင် ရေကြီးမှုများဖြစ်ပွားခဲ့သည်။

ယင်းသို့ မိုးရွာသွန်းမှုကြောင့် ရန်ကုန် မြို့ရှိတောင်ဥက္ကလာပ၊ မရမ်းကုန်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန့်၊ အင်းစိန်၊ လှိုင်၊ စမ်း ချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ သာကေတ စသည်မြို့နယ်များရှိ ရပ်ကွက်များတွင် ရေ ကြီးမှုများဖြစ်ပွားခဲ့ပြီး အချို့မြို့နယ်များ၌  ခါးလယ်လောက်အထိပင် ရေကြီးမှုများ ဖြစ် ပွားခဲ့ကြောင်း သိရသည်။



ရေကြီးမှုဖြစ်ပွားခဲ့သည့် မရမ်းကုန်း မြို့နယ် (၅)ရပ်ကွက်နေထိုင် သူမခင်မာဌေး က “မိုးက ဆက်တိုက်ရွာနေတော့ ရေကြီး တာက ပိုဆိုးနေတယ်။ အိမ်ထဲအထိပါ  ရေ ကြီးနေတာ။ ဒီတိုင်း မိုးသာ ဆက်တိုက်ရွာ နေမယ်ဆိုရင် အိမ်မှာနေနိုင်တော့မှာ မဟုတ် ဘူး။ ရပ်ကွက်က ဖွင့်ထားတဲ့ ကယ်ဆယ်ရေး စခန်းမှာ သွားနေရတော့မယ်”ဟု နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ပြောပြသည်။

မင်္ဂလာဒုံမြို့နယ်တွင်လည်း ရေကြီးမှု ကြောင့် တစ်ရပ်ကွက်လုံးနီးပါး ရေမြုပ်ခဲ့ ကြောင်း သိရသည်။ မင်္ဂလာဒုံမြို့နယ် ကြံ ခင်းစုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက  “ကျွန် တော်တို့ရပ်ကွက်တစ်ခုလုံးနီးပါး ရေမြုပ်ခဲ့ တယ်။ ရေက မနက်အစောပိုင်းတောင် ခါး လောက်အထိရောက်တယ်။ အချို့ဆို အိမ်ထဲ အထိ ရေတွေဝင်လာလို့ ခပ်ထုတ်နေရပါ တယ်”ဟု ပြောပြသည်။
“ကျွန်မတို့စမ်းချောင်းက မိုးတွင်းရောက် ရင် အမြဲရေကြီးတယ်။ အောင်ချမ်းသာ မြောင်းက ရေလျှံပြီး လမ်းတွေထဲကို ရေဝင် တာ။ ဒီရက်ပိုင်းအတွင်း မိုးတွေ အရမ်းရွာ တော့အိမ်ထဲအထိပါရေဝင်တယ်။ စမ်းချောင်း မြို့နယ်မှာ မြောင်းတွေပိတ်ပြီး ရေလျှံတာ တွေကို စည်ပင်ကိုလှမ်းတိုင်တာတောင် အရေး မလုပ်ပါဘူး”စမ်းချောင်းမြို့နယ် ဦးဖီးလမ်း တွင်နေထိုင်သူ ဒေါ်စန်းစန်းတင့်ကလည်း ပြောပြသည်။

မရမ်ကုန်းမြို့နယ်၊ (၅) ရပ်ကွက် ရာ အိမ်မှူးဦးခင်လှိုင်က “ကျွန်တော်တို့ရပ်ကွက် မှာ အဆိုးဆုံးက စပယ်ခြုံ၊ ရန်ကြီးအောင်၊  အောင်မင်္ဂလာစတဲ့ အပိုင်းတွေမှာပါ။  အိမ် ထဲအထိရေတွေရောက်တယ်။ အဲဒီလူတွေကို တော့ အောင်ချမ်းသာ ကယ်ဆယ်ရေးစခန်းနဲ့ ရန်ကြီး အောင်ဓမ္မာရုံတို့မှာ ခိုလှုံခွင့်ပေးထား တယ်”ဟု ပြောပြသည်။

လက်ရှိမိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေ သော ရေကြီးမှုများအတွက် တစ်မြို့လုံးရှိ ပိတ်ဆို့နေသော ရေမြောင်းများအား ရှင်းလင်း ရန် ညွှန်ကြားထားပြီး ခရိုင်တစ်ခုလျှင် ရေ မြောင်းများ ရှင်းလင်းရန် လူအင်အားအလုံ အလောက်ချထားပေးကြောင်းနှင့် မိုးဆက် လက်ရွာသွန်းမည်ဟု ကြေညာထားသော ကြောင့် ရေကြီးမှုများ လျော့နည်းစေရေးအ တွက် စီစဉ်ထားပြီးဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၊ လမ်း နှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက နို ဝင်ဘာ ၆ ရက်တွင် ပြောကြားသည်။

“မြောင်းတွေပိတ်နေတာကို ရှင်းလင်း ဖို့၊ အဓိကတော့ မြောင်းတွေမှာ အမှိုက်တွေ ပိတ်တာကို ရှင်းဖို့ညွှန်ကြားထားတယ်။ လူ အင်အားလည်းအလုံအလောက်ချပေးထားပါ တယ်။ ခရိုင်တစ်ခုကို လူ ၅ဝ ကနေ ၁ဝဝ ကြား လောက်ရှိပါတယ်။ ပြီးတော့ ဒီရေတက် ချိန်နဲ့ ကြုံရင်မြစ်ထွက်ပေါ်တွေပိတ်နေမှာ ဆိုတော့ အဲဒါတွေကိုလည်းရှင်းဖို့၊ ရေ တံခါးတွေကိုလည်း ရှင်းဖို့လုပ်နေပါတယ်”ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

ရန်ကုန်မြို့တွင် နှစ်စဉ် မိုးရာသီရောက် တိုင်းရေကြီးမှုမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး ယင်းကိစ္စရပ်ကိုဖြေရှင်းရန် ကြိုးစားသော် လည်းအောင်မြင်မှုမရရှိသေးပေ။  ထို့ပြင်ရန်ကုန် မြို့ရှိလမ်းများကို ရေကြီးမှုဒဏ်ကိုခံနိုင်ရန် ကတåရာလမ်းမှ ကွန်ကရစ်လမ်းများအဖြစ် ပြောင်းလဲခင်းကျင်းခဲ့သော်လည်း အောင်မြင် မှုမရရှိသေးကြောင်းနှင့် အဓိက ရေစီးရေလာ စနစ်များကို ပိုမိုစနစ်ကျအောင် ပြုလုပ်သွား ရန် လိုအပ်သည်ဟု မြို့ပြရေးရာကျွမ်းကျင်သူ များက သုံးသပ်နေကြသည်။

ယင်းသို့ ရေကြီးမှုပြဿနာကိုဖြေရှင်း ရန် ပင်မစီမံချက်အား  ၂ဝ၁၄ ခုနှစ် မိုးရာသီ ကာလမှ စတင်ရေးဆွဲခဲ့ပြီး  လောလောဆယ် တွင် ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ စသည့်မြို့နယ် သုံးခုအတွင်ပုံစံမျာရရှိခဲ့ပြီးဖြစ် ကာယင်းပုံစံအတိုင်း လာမည့်နှစ်မိုးရာသီတွင် ရေကြီးမှုများလျော့နည်းစေရန် ပြုလုပ်သွား မည်ဟု ဆိုသည်။

Yangon Media Group

No comments:

Post a Comment