Monday, November 3, 2014

ဘူးသီးတောင်မြို့ ဗုံးကွဲမှု မသင်္ကာသူ ၃ ဦးကို ရဲ စစ်ဆေး

Photo: ဘူးသီးတောင်မြို့ ဗုံးကွဲမှု မသင်္ကာသူ ၃ ဦးကို ရဲ စစ်ဆေး
Monday, November 3, 2014

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့ ပုံစံတူပစ္စည်း တချို့ကို စစ်ဆေးတွေ့ရှိတာကြောင့် ကွန်ပျူတာဆိုင်ရှင်တစ်ဦးနဲ့ စက်ဘီးဆိုင်က လူနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ညက ဘူးသီးတောင်မြို့ ကုန်သွယ်မှုမြှင့် တင်ရေး ဦးစီးဌာနရုံးရှေ့အနီးက အေးမြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ဘိလပ်မြေဖျော်စက်အောက်မှာ လက်လုပ်ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုအပြီးမှာ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်ထည့်ထားတဲ့ နိုကီယာ ဟန်းဆက်တစ်လုံးအပြင် မီးလောင်ကျွမ်းနေတဲ့ ဝါယာကြိုးအပိုင်းအစတစ်ခု၊ သံနို့ဆီဗူးအပိုင်းအစတွေ၊ အက်ဆစ်ရည်တွေနဲ့ စက်ဘီးဘောစေ့တွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခုအခါမှာ ဘူးသီးတောင်မြို့အတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့ ပုံစံတူပစ္စည်း တချို့ကို စစ်ဆေးတွေ့ရှိ တာကြောင့် ကွန်ပျူတာဆိုင်ရှင်တစ်ဦးနဲ့ စက်ဘီးဆိုင်က လူနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတာ ဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ညက ဘူးသီးတောင်မြို့ ကုန်သွယ်မှုမြှင့် တင်ရေး ဦးစီးဌာန ရုံးရှေ့ အနီးက အေးမြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ဘိလပ်မြေဖျော်စက်အောက်မှာ လက်လုပ်ဗုံး နှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုအပြီးမှာ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ဆင်းကဒ်ထည့်ထားတဲ့ နိုကီယာ ဟန်းဆက်တစ်လုံးအပြင် မီးလောင်ကျွမ်းနေတဲ့ ဝါယာကြိုးအပိုင်း အစတစ်ခု၊ သံနို့ဆီဗူးအပိုင်းအစတွေ၊ အက်ဆစ်ရည်တွေနဲ့ စက်ဘီးဘောစေ့တွေကို တွေ့ရှိခဲ့တယ်လို့ သိရပါ တယ်။

အခုအခါမှာ ဘူးသီးတောင်မြို့အတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment