Monday, November 3, 2014

ရန်ကုန်မြို့ လမ်းနဲ့ကား ပြဿနာ အဖြေအသစ် တကယ်ဖြစ်မှာလား

Yangon-Road-Blocked-1

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန် ရေးဆွဲထားသည့် မြို့ပတ်လမ်းစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အကုန်ကျခံကာ ၂၀၁၅ ခုနှစ်တွင် စတင် တည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ မြို့ပြစီမံကိန်း ပညာရှင် ဦးခင်မောင် ကြည်က နိုဝင်ဘာ ၁ ရက်နေ့တွင် အများပြည်သူသွားလာမှု အဆင်ပြေချော မွေ့စေရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အတည်ပြုပြောကြားသည်။




ရန်ကုန်မြို့ စီမံကိန်းတွင် မြို့ပြင်နှင့် မြို့တွင်းပတ်လမ်းများပါဝင်ပြီး လမ်းပိုင်း ခြောက်ခုဖြင့် ချိတ်ဆက်သွားရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၅ တွင် စတင်ရန်စီစဉ်နေသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တွင်းပတ်လမ်း နှင့် မြို့ပြင်ပတ်လမ်း စီမံကိန်းများကို ရေးဆွဲထားပြီး မြို့တွင်းပတ်လမ်းနှင့် မြို့ပြင် ပတ်လမ်းကို ချိတ်ဆက်မည့်လမ်းပိုင်း ခြောက်ခုကိုလည်းတိုးချဲ့ဖောက်လုပ်သွားမည်ဖြစ်သည်။ စီမံကိန်းပုံစံအကြမ်းမှာ စက်ဝိုင်းနှစ် ထပ်ပုံသဏ္ဌာန်ဖြစ်ပြီး မြို့ပြင်ပတ်လမ်း (စက်ဝိုင်းကြီး)နှင့် မြို့တွင်းပတ်လမ်း (အတွင်းစက်ဝိုင်း) တို့ကိုလမ်းပိုင်းများ ဖြင့်ချိတ်ဆက် သွားရန်ရေးဆွဲထားသည်။
ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရန် မြို့တော်စည်ပင်၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် က “တစ်နိုင်ငံလုံး ကားအစီးရေ ခြောက်သိန်းလောက်မှာ ရန်ကုန်မှာ လေးသိန်း လောက်ရှိနေပါတယ်။ ကျန်တဲ့ ၃၃ ရာခိုင် နှုန်းထဲက ၁၀ ရာခိုင်နှုန်းလောက် ကလည်း ရန်ကုန်မြို့မှာ အဝင် အထွက် လုပ်နေပါတယ်။ နယ်ကျော်ကားတွေ တရားမဝင်ကားတွေကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ စနစ်တကျဖြစ်အောင် ပြင်ဆင်နေပါတယ်။ ကားရပ်နားကွင်းတွေကိုလည်း တိုးချဲ့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အထပ်မြင့်တွေ ဆောက်တိုင်းမှာ အခန်းအရေအတွက်နဲ့ ကားပါကင် အချိုးချဆောင် ရွက်ဖို့ စီစဉ်နေပါတယ်” ဟု ဆွေးနွေးပွဲတွင် ရှင်းလင်း ပြောဆိုသည်။
Yangon-Mapမြို့တွင်း ပတ်လမ်းလမ်း
အရှည် ၅၁ ဒသမ ၄၇ ကီလိုမီတာ ရှည်မည့် အတွင်းပတ်လမ်းမှာ
ကမ်းနား လမ်း၊ ကြည့်မြင်တိုင် လမ်း၊ ဘုရင့်နောင် လမ်း၊ အောက်
မင်္ဂလာဒုံ လမ်း၊ ခရေပင် လမ်း၊ သုဓမ္မာလမ်း၊ ဝေဇယန္တာ လမ်း၊
စက်ဆန်း လမ်း (ပုဇွန်တောင် ကြက်ဘဲဈေး ရှေ့လမ်း) များမှ
တစ်ဆင့် ချိတ်ဆက်သွား မည်ဖြစ်သည်။
“ JICA နဲ့ မာစတာပလန် အဖြစ် ၂၀၄၀ မှာ အပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ အတွင်းလမ်းမှာ ၁ ကီလိုမီတာကို အကြမ်းဖျင်း ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းကုန် ကျမယ်လို့ တွက်ထားပါတယ်။ စီမံကိန်း တစ်ခုလုံးအတွက် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ လောက် သုံးစွဲရမှာ ဖြစ်ပါတယ်။
သုံးစွဲငွေကြေး များတဲ့အတွက် နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို စောင့်နေရတာ
ဖြစ်ပါတယ်” ဟု ဦးခင်မောင်ကြည် က ပြောသည်။
မြို့တွင်း ပတ်လမ်းဧရိယာအတွင်း လမ်းနယ်ကျဉ်းသောနေရာ ၁၅ နေရာတွင် လေးလမ်းသွား ခုံးကျော် အတက်အဆင်းများ
ဆောက်လုပ်ရန် စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားပြီး ခုံးကျော်တံတားရှိပြီး နေရာများတွင်း မူလအတိုင်းသာ ဆက်လက်သုံးစွဲမည် ဖြစ်သည်။
“ကြည့်မြင်တိုင် ဘုန်းကြီးလမ်းကနေ ဗိုလ်တထောင်ဘုရားလမ်း၊ ပုဇွန်တောင်၊ သာကေတ တံတားထိပ် အထိ ၅ ဒသမ ၅ကီ လိုမီတာ ရှိပါတယ်။ ဒါကို ကျွန်တော်တို့ အနေနဲ့ အကြမ်းဖျင်းအားဖြင့် အတက်အဆင်း ခုံးကျော်နေရာ လေးနေရာနဲ့ ဆောင်ရွက်မယ်ဆိုရင် ကန်ဒေါ်လာ သန်းသုံးရာ လောက်ကုန် ကျမှာဖြစ်ပါ တယ်။ လာမယ့် နှစ်မှာစဆောင်ရွက်ဖို့အတွက် မနေ့ကပဲ သမ္မတရုံး ဝန်ကြီးနဲ့ နိုင်ငံခြားလုပ်ငန်း ရှင်တွေနဲ့ ဆွေးနွေးပါတယ်။ ပြည်တွင်းပြည် ပလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး အပိုင်းလိုက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ကြည်က ဆိုသည်
အတွင်းပတ်လမ်း ခုံးကျော်အတက် အဆင်းဆောက်လုပ်ရန် မြို့တော်စည်ပင်၏လျာထားနေရာ ၁၅ ခုမှာ ကြည့်မြင်တိုင် ကမ်းနားလမ်း (ဗားကရာလမ်း အနီး)၊ ဘုရင့်နောင်လမ်း (ဆင်မလိုက် အနီး)၊ ဘုရင့်နောင် လမ်း (သီရိမင်္ဂလာဈေး အနီး)၊ ဘုရင့်နောင်လမ်း (လှိုင်မြစ်လမ်းဆုံ အနီး)၊အောက်မင်္ဂလာဒုံလမ်း (အောင်ဆန်းဈေး အနီး)၊ ခရေပင်လမ်း( အမှတ် ၁ လမ်း အနီး)၊ သုဓမ္မာလမ်း (အောင်မင်္ဂလာ အဝေးပြေးအနီး)၊ သုဓမ္မာလမ်း(ကျောက်ရေတွင်းတံတား အနီး)၊ ဝေဇယန္တာလမ်း (သစ္စာလမ်း အနီး)၊ သံသုမာလမ်း (သုဝဏ္ဏလမ်းဆုံ အနီး)၊ အထက် ပုဇွန်တောင်လမ်း (စက်ရုံလမ်း အနီး)၊ ကမ်းနားလမ်း (ဗိုလ်တထောင် ဈေးလမ်း အနီး)၊ ကမ်းနားလမ်း (ဆူးလေစေတီ)၊ ကမ်းနားလမ်း (ဘုန်းကြီးလမ်း အနီး)၊ ကြည့်မြင်တိုင်ကမ်း နားလမ်း(သစ်တောမှတ်တိုင် အနီး) တို့ ဖြစ်သည်။
မြို့ပြင်ပတ်လမ်း
မြို့ပြင်ပတ်လမ်းအရှည်မှာ ၉၆ ဒသမ ၀၃၉ ကီလိုမီတာရှိမည်ဖြစ်ပြီး ကုန်ကျစရိတ် ၁ ကီလိုမီတာအတွက် အကြမ်းဖျင်းကန်ဒေါ်လာ ၁၃ ဒသမ ၀၃ သန်းကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။ မြို့တွင်းပတ် လမ်းနှင့် မြို့ပြင်ပတ် လမ်းကိုချိတ်ဆက်ထားသည့် မူလလမ်းပိုင်း ၁၀ ခုရှိပြီး ထပ်တိုး ခြောက်နေရာ တိုးချဲ့ဖောက် လုပ်သွားမည် ဖြစ်သည်။ မြို့ပြင်ပတ်လမ်းကို ခြောက်လမ်း မောင်းအမြန်လမ်းအဖြစ်သာ အသုံးပြုသွား မည်ဖြစ်ပြီး ဒေသခံများအသုံးပြုရန် ဘေးလမ်းများကို တည်ဆောက်သွားရန်စီစဉ် ထားသည်။
မြို့ပြင်ပတ်လမ်းကို အမှတ်(၂)လမ်း မကြီးမှ မြို့ပတ်လမ်း၊ မြို့ပတ်လမ်းမှအမှတ် ၃ လမ်းမကြီး၊ ရန်ကုန်-မန္တလေးလမ်းနှင့် မြို့ပတ်လမ်း၊ ပြည်လမ်းနှင့် လှော်ကားလမ်းမကြီး၊ လှော်ကားလမ်းမကြီးမှ အမှတ် (၄) လမ်းမကြီး၊ အမှတ်(၅)လမ်းမကြီးနှင့် တွံတေး-လှိုင်သာယာလမ်းတို့ကိုချိတ်ဆက် ဖောက်လုပ်သွားမည် ဖြစ်သည်။ ချိတ်ဆက်ရန် လမ်းပိုင်းမရှိသေးသောနေရာများတွင် လမ်းသစ်များ ဖောက်လုပ်သွား မည်ဖြစ်သည်။
“လမ်းရှိ လမ်းကိုချဲ့ရမှာရှိသလို လမ်းသစ်ဖောက်ရမှာလည်းရှိပါတယ်။ တံတားတွေ ဆောက်သွားဖို့လည်း ရှိပါတယ်။ ရွှေပြည်သာ ဝါးတစ်ရာမှာ တံတားတစ်ခု ဆောက်ရပါမယ်။ ကြည့်မြင်တိုင် ဝါးတန်းတစ်ဖက်ကမ်းကိုလည်း တံတားထိုးဖို့ ရှိပါတယ်။ ငမိုးရိပ်တံတားနဲ့ ပန်းလှိုင် တံတားကိုလည်း ချဲ့ပေးရပါမယ်။ မြို့ပြင် ကို အမြန်ဆုံးထွက်နိုင်အောင် လုပ်မယ်။ စတင်ဆောင်ရွက်နေပါပြီ” ဟု ၎င်းက ဆိုသည်။
Yangon-Road-Blocked
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ
မော်တော်ယာဉ်များနှင့် ဈေးရောင်းဈေးဝယ်များကို
တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ရန်ကုန်မြို့
စီမံကိန်းတွင် မြို့ပြင်နှင့် မြို့တွင်းပတ်လမ်းများပါဝင်ပြီး
လမ်းပိုင်း ခြောက်ခုဖြင့် ချိတ်ဆက်သွားရန် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက ၂၀၁၅ တွင် စတင်ရန်
စီစဉ်နေသည်။
စီမံကိန်းဖြစ်နိုင် မဖြစ်နိုင်
မြို့တွင်း၊ မြို့ပြင်ပတ်လမ်းစီမံကိန်း လက်တွေ့ အကောင်အထည်ပေါ်နိုင်ခြေရှိ မရှိနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မော်ဦး က “မြို့တော်စည်ပင်နဲ့ ကျွန်မတို့ ဝန်ကြီးဌာန ဆွေးနွေးနေတာ တွေတော့ရှိပါတယ်။ ပတ်လမ်း စီမံကိန်း ကတော့ ဆွေးနွေးပွဲကို ကျွန်မ မတက်ဖြစ်ခဲ့တဲ့ အတွက် အတိအကျ မပြောနိုင်ပါဘူး” ဟု ဖြေကြားထားသည်။
မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး(ငြိမ်း)
ဦးမြင့်မိုရ်ဆွေက “တကယ်တော့ အစောကြီး ကတည်းက ကြိုလုပ်ထားသင့်တာ။ ခုတော့ ကားကရှေ့ကပြေး လမ်းက
နောက်ကလိုက်ဖြစ်နေတာ။ အားလုံးကလည်း ဒီလိုဖြစ်စေချင်နေတာ။ အထူးဦးစားပေးပြီးလုပ်ရမှာ။ လမ်းချဲ့ ဘာချဲ့ဆို အခက်အခဲကတော့ ရှိမှာပဲ။ တချို့ ပေးလျော်ရမယ့် အပိုင်းတွေလည်း ရှိလာနိုင်တယ်။ ညှိရမှာပေါ့။ မြေတွေက ဈေးကောင်း နေတဲ့အချိန်ဆိုတော့ အခက်အခဲတော့ အများကြီးရှိမှာပေါ့။ ဖြစ်နိုင် မဖြစ်နိုင်ဆို တာကတော့
လူတွေနဲ့ညှိနှိုင်း ပြီးတော့ နစ်နာမှုတွေမရှိ အောင်ဖန်တီးပေးရင်
ဖြစ်နိုင်မယ်လို့ ထင်တာပဲ” ဟု ပြောသည်။
အခြားရှုထောင့် တစ်ခုအဖြစ် ဦးမြင့်မိုရ်ဆွေက “တစ်ခုရှိတာက ၂၀၄၀ ကျရင် ဧကလေးသောင်းမြို့ သစ် တည်မယ်ဆိုတဲ့ ကိစ္စကလည်း ရှိသေးတယ်။ သွယ်ဝိုက်တဲ့ နည်းနဲ့ပဲဖြစ်ဖြစ် မြို့သစ်တည်ရအောင်လို့ ဒီ လမ်းကို မဖြစ်မနေလုပ်တာမျိုး ဆက်စပ်မှုမျိုးရှိနေလား မသိဘူးလေ။ အဲဒီလိုမျိုးဆို ရင်တော့လည်း မကောင်းဘူးပေါ့။ မြို့သစ် ကိစ္စက မလုပ်တော့ဘူးလို့ အပြတ်ဆိုထားတာ မဟုတ်ဘူးလေ။ အဲဒါတွေနဲ့ ချိတ်ဆက်ချင်လို့လား။ တွန်းအားတစ်ခုအနေနဲ့ ယူတာလား။ ဒါလည်းစဉ်းစားဖို့ရှိတာပေါ့။ အဲဒီလိုချိတ် ဆက်တာမျိုးဆိုရင်တော့ မဖြစ်သင့်ဘူးလေ” ဟု သုံးသပ်သည်။
လမ်းအသုံးပြုခ ကောက်ခံမည်ဖော်ပြပါ မြို့တွင်း၊ မြို့ပြင်ပတ်လမ်းများ
ဖောက်လုပ်ပြီးစီးပါက လမ်းအသုံးပြုခများ ကောက်ခံသွားမည်ဖြစ်ပြီး အသုံးပြုခ ကောက်ခံရန်မြို့တွင်း ပတ်လမ်းတွင် Toll Plaza ၁၂ နေရာ၊ မြို့ပြင်ပတ်လမ်းတွင် Toll Plaza နေရာကို မြို့တော်စည်ပင်က စီမံကိန်းအတွင်း ထည့်သွင်းရေးဆွဲထားသည်။
“ကျွန်တော်တို့ နိုင်ငံမှာ အခွန်အခမပေးဘဲနဲ့ ကိုယ်ပိုင်ကားတွေ မောင်းနေတာ ဖြစ်ပါတယ်။ Toll Plaza  တွေထားပြီးတော့ အခကြေးငွေပေးပြီး သုံးသွားရမှာ ဖြစ်ပါတယ်။
လာမယ့်နှစ်မှာ စတင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ မြို့တော်ဝန်တို့ရဲ့ လမ်းညွှန်မှုတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခင်မောင်ကြည်က ဆိုသည်။
ပိတ်ဆို့မှုကြားကရန်ကုန်သားများ
ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်အန္တရာယ်ဖြစ်ပွားမှုများနှင့် ပတ်သက်၍ ၁၂၄ ယာဉ်လိုင်းမှယာဉ်မောင်း ကိုဇော်ထွန်းက “စိတ်ရှည်ရတာပေါ့။ တော်တော်များများက စိတ်မရှည်ဘဲ ဆဲနေဆိုနေကြတာက ရှက်ဖို့ ကောင်းပါတယ်။ အန္တရာယ်များပေမယ့် ကားဆွဲကောင်းတဲ့နေ့ဆို တစ်နေ့ကို မောင်းကြေးနဲ့ ခေါင်းခန်း ကြေးပေါင်းရင် နှစ်သောင်းခွဲ၊ သုံးသောင်းလောက်ရတယ်ဆိုတော့ ဒီအလုပ်ပဲလုပ်နေရတာပေါ့။ တစ် ယောက်နဲ့တစ်ယောက် နားလည်မှုထားရင် တော့ပိုကောင်းပါတယ်” ဟုဆိုသည်။
“မနက်အလုပ်သွားတဲ့အချိန်နဲ့ ညနေ ရုံးဆင်းချိန်ရောက်ရင် ကားစီးရမှာကို ကြောက်နေတယ်။ လမ်းပိတ် တာနဲ့ ကားကျပ်တာနဲ့ စပယ်ယာက ရိုင်းတဲ့သူဆို ပိုဆိုးတယ်” ဟု ကုမ္ပဏီအရောင်းစာရေး မ၀တ်မှုန်က ဆိုသည်။
မထသဥက္ကဋ္ဌ ဦးလှအောင်က “ လမ်းကြောင်းတူပြီး နံပါတ်မတူတဲ့လိုင်းတွေကို လျှော့ချဖို့ရှိပါတယ်။ စီးတဲ့ သူတွေအတွက် အခက်အခဲမဖြစ်အောင် ကြပ်မတ်မှုတွေ ပိုပြီးလုပ်သွားမှာပါ”ဟုဆိုသည်။

Mizzima

No comments:

Post a Comment