Tuesday, November 25, 2014

ကလေးစစ်သား ၈ဝ ကို ထပ်မံနုတ်ထွက်ခွင့်ပြု


Photo: ကလေးစစ်သား ၈ဝ ကို ထပ်မံနုတ်ထွက်ခွင့်ပြု
Tuesday, November 25, 2014

တပ်မတော် အတွင်းရှိ အရွယ်မရောက်သေးသူ ကလေးသူငယ် ၈ဝကို ထပ်မံနုတ် ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံပြန် လည်လွှဲပြောင်းပေးခဲ့ကာ ကျောင်း ပြန်တက်ရန် ဆန္ဒရှိသည့် ကလေး သူငယ်များနှင့် ကျောင်းပြင်ပပညာ သင်ကြားချင်သူများ အတွက် လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ယူနီဆက်ကဲ့ သို့သောအဖွဲ့အစည်းများ ပူးပေါင်း ၍ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါနုတ်ထွက်ခွင့်ပြုခြင်းကို နိုဝင်ဘာလ၂၄ရက်တွင် ရန်ကုန်မြို့ အမှတ်(၁)စစ်ကြောရေးနှင့် တည်း ခိုရေးစခန်းတွင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး တပ်မတော်မှ နုတ်ထွက်ခွင့်ပြု သည့်လက်မှတ်နှင့် ၁ဝနှစ်မှ ၁၈နှစ် ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား များကို တာဝန်ရှိသူတို့မှ ကလေးများ ၏ မိဘများထံ တပါတည်းလွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ သိရသည်။

ယူနီဆက်မြန်မာမှ ဦးရဲလွင်ဦး က ''ကလေးဦးရေ ၈ဝပြန်လွှတ်ပါ တယ်။ ကလေးတွေကျောင်းပြန် တက်နိုင်ရေးကို အဖွဲ့အစည်းအား လုံးနဲ့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ပူး ပေါင်းပြီးကူညီဆောင်ရွက်ပေးသွား မှာပါ''ဟု ဒီမိုကရေစီသို့ပြောသည်။

နုတ်ထွက်ခွင့်ပြုခဲ့သည့် ကလေး များနှင့် ၄င်းတို့၏မိဘများကို မြန်မာ နိုင်ငံစောင့်ကြည့်ရေးနှင့် အစီရင်ခံ စာ တင်ပြရေးလုပ်ငန်းအဖွဲ့၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလပြုစုစောင့် ရှောက်ရေးစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ စခန်းတွင် မိဘများနှင့် အဆက်အ သွယ် မရရှိသေးသူများကို ဆက်သွယ် ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသ ရန် လိုအပ်မှု ရှိ၊မရှိ စစ်ဆေး၍ လို အပ်ပါက ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြင်ပပညာ သင်ကြားရန်ဖြစ် နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်း အသုံးပြုရန်အတွက် အခြေခံပစ္စည်း များ ဝေငှပေးခြင်း၊ အိမ်အပြန် ခရီး စရိတ်၊ စားစရိတ်များ စီစဉ်ဆောင် ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးကြောင်း သိရသည်။

နုတ်ထွက်ခွင့်ပြုသည့် ကလေး များ ကျောင်းပြန်လည်တက်နိုင်ရေး နှင့်ပတ်သက်၍ ရန်ကုန်တိုင်းလူမှုဝန် ထမ်းဦးစီးဌာန တိုင်းဦးစီးအရာရှိ ဦးတင်ဇော်မိုးကို မေးမြန်းရာ ၄င်း အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက် ၍ ပြောရေးဆိုခွင့်မရှိကြောင်း၊ ညွှန် ကြားရေးမှူးသို့ မေးမြန်းပါရန် နိုဝင် ဘာလ ၂၄ရက် မွန်းလွဲ ၁နာရီခွဲတွင် ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးကို ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ် ထား၍ ဆက်သွယ်မေးမြန်းခွင့် မရ ရှိခဲ့ပါ။

၂ဝ၁၄ခုနှစ်အတွင်း ပဉ္စမ အကြိမ်အဖြစ် ဇန်နဝါရီ ၁၈ရက်တွင် ၉၆ဦး၊ ဆဋ္ဌမအကြိမ်အဖြစ် သြဂုတ် ၁ရက်တွင် ၉၁ဦး၊ ရန်ကုန်မြို့ မြဝတီ စာပေတိုက် ခန်းမတွင် စက်တင်ဘာ ၂၅ရက်တွင် ၁ဝ၉ဦးတို့ကို သတ္တမ အကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ ပြီးဖြစ်ကာ ယခုလွှဲပြောင်းပေးအပ် ခြင်းသည် အဋ္ဌမအကြိမ်ဖြစ်ကြောင်း သိရသည်။

ZCH
Yangon Media Group
တပ်မတော် အတွင်းရှိ အရွယ်မရောက်သေးသူ ကလေးသူငယ် ၈ဝကို ထပ်မံနုတ် ထွက်ခွင့်ပေးခဲ့ပြီး မိဘများထံပြန် လည်လွှဲပြောင်းပေးခဲ့ကာ ကျောင်း ပြန်တက်ရန် ဆန္ဒရှိသည့် ကလေး သူငယ်များနှင့် ကျောင်းပြင်ပပညာ သင်ကြားချင်သူများ အတွက် လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ယူနီဆက်ကဲ့ သို့သော အဖွဲ့အစည်းများ ပူးပေါင်း ၍ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။


အဆိုပါနုတ်ထွက်ခွင့်ပြုခြင်းကို နိုဝင်ဘာလ၂၄ရက်တွင် ရန်ကုန်မြို့ အမှတ်(၁)စစ်ကြောရေးနှင့် တည်း ခိုရေးစခန်းတွင် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး တပ်မတော်မှ နုတ်ထွက်ခွင့်ပြု သည့်လက်မှတ်နှင့် ၁ဝနှစ်မှ ၁၈နှစ် ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား များကို တာဝန်ရှိသူတို့မှ ကလေးများ ၏ မိဘများထံ တပါတည်းလွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ သိရသည်။

ယူနီဆက်မြန်မာမှ ဦးရဲလွင်ဦး က ''ကလေးဦးရေ ၈ဝပြန်လွှတ်ပါ တယ်။ ကလေးတွေကျောင်းပြန် တက်နိုင်ရေးကို အဖွဲ့အစည်းအား လုံးနဲ့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ပူး ပေါင်းပြီးကူညီဆောင်ရွက်ပေးသွား မှာပါ''ဟု ဒီမိုကရေစီသို့ပြောသည်။

နုတ်ထွက်ခွင့်ပြုခဲ့သည့် ကလေး များနှင့် ၄င်းတို့၏မိဘများကို မြန်မာ နိုင်ငံစောင့်ကြည့်ရေးနှင့် အစီရင်ခံ စာ တင်ပြရေးလုပ်ငန်းအဖွဲ့၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနတို့မှ စီစဉ်သော ကြားကာလပြုစုစောင့် ရှောက်ရေးစခန်းသို့ တပ်မတော်မှ ပို့ဆောင်ပေး ခဲ့ကြောင်း၊ အဆိုပါ စခန်းတွင် မိဘများနှင့် အဆက်အ သွယ် မရရှိသေးသူများကို ဆက်သွယ် ပေးခြင်း၊ ကျန်းမာရေးဆေးဝါးကုသ ရန် လိုအပ်မှု ရှိ၊မရှိ စစ်ဆေး၍ လို အပ်ပါက ဆေးဝါးကုသမှုခံယူစေခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြင်ပပညာ သင်ကြားရန်ဖြစ် နိုင်ခြေများဆန်းစစ်ခြင်းနှင့် လက်ငင်း အသုံးပြုရန်အတွက် အခြေခံပစ္စည်း များ ဝေငှပေးခြင်း၊ အိမ်အပြန် ခရီး စရိတ်၊ စားစရိတ်များ စီစဉ်ဆောင် ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးကြောင်း သိရသည်။

နုတ်ထွက်ခွင့်ပြုသည့် ကလေး များ ကျောင်းပြန်လည်တက်နိုင်ရေး နှင့်ပတ်သက်၍ ရန်ကုန်တိုင်းလူမှုဝန် ထမ်းဦးစီးဌာန တိုင်းဦးစီးအရာရှိ ဦးတင်ဇော်မိုးကို မေးမြန်းရာ ၄င်း အနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက် ၍ ပြောရေးဆိုခွင့်မရှိကြောင်း၊ ညွှန် ကြားရေးမှူးသို့ မေးမြန်းပါရန် နိုဝင် ဘာလ ၂၄ရက် မွန်းလွဲ ၁နာရီခွဲတွင် ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးကို ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ် ထား၍ ဆက်သွယ်မေးမြန်းခွင့် မရ ရှိခဲ့ပါ။

၂ဝ၁၄ခုနှစ်အတွင်း ပဉ္စမ အကြိမ်အဖြစ် ဇန်နဝါရီ ၁၈ရက်တွင် ၉၆ဦး၊ ဆဋ္ဌမအကြိမ်အဖြစ် သြဂုတ် ၁ရက်တွင် ၉၁ဦး၊ ရန်ကုန်မြို့ မြဝတီ စာပေတိုက် ခန်းမတွင် စက်တင်ဘာ ၂၅ရက်တွင် ၁ဝ၉ဦးတို့ကို သတ္တမ အကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ ပြီးဖြစ်ကာ ယခုလွှဲပြောင်းပေးအပ် ခြင်းသည် အဋ္ဌမအကြိမ်ဖြစ်ကြောင်း သိရသည်။

ZCH
Yangon Media Group

No comments:

Post a Comment