Friday, November 7, 2014

အင်းစိန်မြို့နယ်တွင် ဓားဖြင့် အနုကြမ်းစီးသူများအားဖမ်းမိ

အင်းစိန်မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ နံနက် ၂ နာရီတွင် ဓားဖြင့်အနုကြမ်း စီးခြိမ်းခြောက်လုယက် ခဲ့သည့်အ မှုမှ တရားခံများကို သုံးရက်အ တွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှသတင်းရရှိ သည်။

နိုဝင်ဘာ ၃ရက် နံနက် ၂နာ ရီခန့်က အင်းစိန်မြို့နယ်၊ စဥ့်ငူရပ် ကွက်ရှိ ‘ဆုံဆည်းရာ’စားသောက် ဆိုင်တွင် ဓားဖြင့်အနုကြမ်းစီးလု ယက်မှုဖြစ်ပွားခဲ့ပြီး သုံးရက်အကြာတွင် တရားခံများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အခင်း ဖြစ်ပွားပြီးနောက် တရားခံများသည် ယင်းဆိုင်နှင့် ကိုက် ၁၀၀အကွာခန့်ရှိသော ကွန် တိန်နာ ယာဉ်များအကြား၌ ရပ် တန့်ထားသည့် ပရိုဘောက်ကား ဖြင့်ထွက်ခွာသွားကြောင်း ပြည်သူ တစ်ဦးက သတင်းပေးခဲ့သည်။

ထို့အပြင် ရဲတပ်ဖွဲ့က ပြစ်မှု ဟောင်းရှိ မှတ်တမ်းများကို စား သောက်ဆိုင်ရှိ အလုပ်သမားများ ကို ပြသစုံစမ်းခဲ့ရာ မှတ်တမ်းများ အနက်မှ ဇော်ဦး၏ မှတ်တမ်းဓာတ်ပုံနှင့် တူညီသည်ဟု ထင်မြင်ကြောင်းသိရှိရ၍ စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန် သည်ဟု မသင်္ကာသူ ဇော်ဦးကို စစ်ဆေးခဲ့ရာမှ တရားခံများကို ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။ထို့အ ပြင် ၎င်းတို့အား ဆက်လက်စစ် ဆေးဖော်ထုတ်ခဲ့ရာ အောက်တို ဘာ ၂၄ရက်က အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မ င်္ဂလာဒုံလမ်းရှိ 24Hourမီနီမတ် တွင် ဓားဖြင့်ခြိမ်းခြောက်မှု လုယက်ခဲ့မှုကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment