အတိုက်အခံပါတီခေါင်း ဆောင်တစ်ဦးအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့
ပထမဆုံး အကြိမ်သွားရောက်မည့်ခရီးစဉ် တွင် နိုင်ငံနှစ်နိုင်ငံ ကောင်းရာ ကောင်းကျိုးများကိုသာ ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ဒီဇင် ဘာလတွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံသို့ သွားရောက်မည်ဖြစ် သော်လည်း အစီအစဉ်အသေး စိတ်ကို ပါတီက ထုတ်ဖော်ပြော ကြားခြင်းမရှိခဲ့ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ ဥက္ကဋ္ဌအနေဖြင့် ဒီဇင် ဘာလတွင် တရုတ်ပြည်သူ့သမ္မ တနိုင်ငံသို့ သွားရောက်မည်ဖြစ် သော်လည်း အစီအစဉ်အသေး စိတ်ကို ပါတီက ထုတ်ဖော်ပြော ကြားခြင်းမရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်က လည်း စီစဉ်နေဆဲဖြစ်၍ လတ်တ လောမပြောနိုင်သေးကြောင်းသာ ဖြေကြားခဲ့ သည်။
သို့သော် နိုဝင်ဘာ ၁၂ရက်မှ ၁၄ရက်အထိ ပြုလုပ်မည့် အာဆီ ယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မည့် တရုတ်ဝန်ကြီး ချုပ်လီကီကျန်းသည် ၎င်း၏ ခရီး စဉ်အတွင်းဒေါ်အောင်ဆန်းစု ကြည်နှင့် သီးသန့်တွေ့ဆုံမည်မ ဟုတ်ကြောင်း ရိုက်တာသတင်းဌာ နက နိုဝင်ဘာ ၆ရက် ရက်စွဲဖြင့် သတင်းရေးသား ထားသည်။
၂၀၁၂ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ပြီးနောက် ပြည်ပခရီးစဉ်များ ပြည်လည်သွားရောက်ချိန်တွင် တရုတ်နိုင်ငံမပါဝင် သဖြင့် မီဒီယာများက မေးခွန်း ထုတ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် သွား ရောက်ရန်ဆန္ဒရှိသော်လည်း တရုတ်အစိုးရက တရားဝင်ဖိတ် ခေါ်မှသာ သွားရောက်နိုင်မည်ဖြစ် ကြောင်း ပြန်လည်ဖြေဆိုခဲ့ဖူး သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် များနှင့် ပါတီဝင်များအနေဖြင့်မူ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများ၏ ဖိတ်ခေါ် မှုဖြင့် တရုတ်နိုင်ငံသို့ လေ့လာရေး ခရီးစဉ် အနည်းဆုံး ၄ကြိမ်ခန့်သွား ခဲ့ဖူးသည်ဟု သိရသည်
နိုဝင်ဘာ ၆ ရက်က သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily
No comments:
Post a Comment